(Star Zaw)
ရင်သပ်ရှုမော အံ့သြဖွယ်ရာများ
CCTVNewsUnicode
အံ့အားသင့်ဖွယ် ရဲတိုက်တည်ဆောက်တဲ့ စိတ်ကျန်းမာရေး မကောင်းသူ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
တရုတ်ပြည် Shandong ခရိုင်၊ Linju county ရွာမှ
စိတ်ကျန်းမာရေးမကောင်းသူ ရွာသားတဦိးသည် အထပ် ၇ ထပ် ပါသော ကိုယ်ပိုင် ရဲတိုက် တခုကို တည်ဆောက်ခဲ့သဖြင့် အင်တာနက်သုံးစွဲသူများ အံ့အားသင့်နေကြသည်။
ပုံစံကျမှု သိပ်မရှိလှသော်လည်း လက်ရာမြောက်သော အဆောက်အဦးဓာတ်ပုံများသည် အင်တာနက်တွင် ပြန့်နှံ့နေသည်။
Qilu Evening News သတင်းစာအရ အဆိုပါအဆောက်အဦးသည် အသက် ၅၅ နှစ်အရွယ်ရှိ စိတ်ကျန်းမာရေးမကောင်းသူ Hu Guangzhou တည်ဆောက်ခဲ့သည်ဟု ဆိုသည်။
အဆောက်အဦးသည် ဂျပန်နိုင်ငံမှ Howl moving castle နှင့် ဆင်တူသည်ဟု ဆိုသူများလည်း ရှိသည်။
ရွံ့မြေနှင့် စွန့်ပစ်စ္စည်းများကို အသုံးပြုဆောက်လုပ်ခဲ့ပြီး အချိန် ၃ နှစ်ကြာမြင့်ခဲ့ကြောင်း နှင့် အဆောက်အဦး ဆောက်လုပ်နေစဉ် ဒုတိယထပ်မှ ပြုတ်ကျခဲ့ပြီးနောက် နောက်ထပ် ၅ ထပ် ထပ်မံဆောက်လုပ်ရန် စိတ်တွန်းအားများ ဖြစ်ပေါ်စေသည်ဟု Hu က ပြောပါသည်။
တာဝန်ရှိသူများက Hu အား ဘိုးဘွားရိပ်သာသို့ ပြောင်းရွေ့ပေးသော်လည်း Hu က ငြင်းဆန်ခဲ့သည်။
(Star Zaw)
0 comments:
Post a Comment