လစ္ဗ်ား IS စခန္းကို အေမရိကန္ ေလေၾကာင္းတိုက္



အေမရိကန္ တိုက္ေလယာဥ္ေတြက လစ္ဗ်ား နိုင္ငံထဲမွာ ရွိတဲ့ IS အစၥလာမၼစ္ နိုင္ငံအဖြဲ႕ စစ္ေသြးႂကြေတြကို တိုက္ခိုက္ ခဲ့ၿပီး အနည္းဆုံး အေယာက္ ၃၀ ကို သုတ္သင္ ခဲ့တယ္လို႔ သိရပါတယ္။

ေလေၾကာင္း တိုက္ခိုက္မွုေတြက IS အဖြဲ႕ရဲ့ ေလ့က်င့္ေရးစခန္း တစ္ခုကို ထိမွန္ခဲ့ၿပီး၊ တူနီးရွား ႏြယ္ဖြား အစြန္းေရာက္ ေခါင္းေဆာင္ တစ္ဦးကိုလည္း သတ္ျဖတ္ နိုင္ခဲ့ဖြယ္ ရွိတယ္လို႔ အေမရိကန္ အရာရွိေတြက ေျပာပါတယ္။

Noureddine Chouchane ဆိုတဲ့ အဲဒီ အစြန္းေရာက္ ေခါင္းေဆာင္ဟာ မႏွစ္က တူနီးရွား နိုင္ငံထဲမွာ ျဖစ္ခဲ့တဲ့ အၾကမ္းဖက္မွု ႏွစ္ခုနဲ႔ ဆက္စပ္သူ ျဖစ္တယ္လို႔ ဆိုပါတယ္။

လစ္ဗ်ား နိုင္ငံထဲမွာ IS အဖြဲ႕ လွုပ္ရွားေနခဲ့တာ တစ္ႏွစ္ေလာက္ ရွိေနၿပီး စစ္ေသြးႂကြ ၆,၀၀၀ ေလာက္အထိ ရွိနိုင္တယ္လို႔ အေမရိကန္က ခန္႔မွန္းပါတယ္။

လြန္ခဲ့တဲ့ ေလးႏွစ္ေက်ာ္က လစ္ဗ်ား ေခါင္းေဆာင္ ကဒါဖီ ျပဳတ္က်ခဲ့ၿပီး ေနာက္ပိုင္း လစ္ဗ်ားမွာ ပရမ္းပတာ ျဖစ္ေနခဲ့ၿပီး IS အဖြဲ႕ အပါအဝင္ လက္နက္ကိုင္ အဖြဲ႕ေတြရဲ့ တိုက္ပြဲေတြ ရွိေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တူးနစ္ ၿမိဳ႕က ဘာဒိုး ျပတိုက္ တိုက္ခိုက္ခံရမွုနဲ႔ ဆုစ္ ကမ္းေၿခ တိုက္ခိုက္ ခံရမွုေတြဟာ လစ္ဗ်ား နိုင္ငံထဲမွာ ေလ့က်င့္ေပးခဲ့တဲ့ IS အၾကမ္းဖက္ သမားေတြရဲ့ လက္ခ်က္လို႔ ယူဆ ရပါတယ္။

BBC Burmese
http://www.bbc.com/burmese
.......


အမေရိကန် တိုက်လေယာဉ်တွေက လစ်ဗျား နိုင်ငံထဲမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို တိုက်ခိုက် ခဲ့ပြီး အနည်းဆုံး အယောက် ၃၀ ကို သုတ်သင် ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေက IS အဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်း တစ်ခုကို ထိမှန်ခဲ့ပြီး၊ တူနီးရှား နွယ်ဖွား အစွန်းရောက် ခေါင်းဆောင် တစ်ဦးကိုလည်း သတ်ဖြတ် နိုင်ခဲ့ဖွယ် ရှိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

Noureddine Chouchane ဆိုတဲ့ အဲဒီ အစွန်းရောက် ခေါင်းဆောင်ဟာ မနှစ်က တူနီးရှား နိုင်ငံထဲမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု နှစ်ခုနဲ့ ဆက်စပ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

လစ်ဗျား နိုင်ငံထဲမှာ IS အဖွဲ့ လှုပ်ရှားနေခဲ့တာ တစ်နှစ်လောက် ရှိနေပြီး စစ်သွေးကြွ ၆,၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ အမေရိကန်က ခန့်မှန်းပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်ကျော်က လစ်ဗျား ခေါင်းဆောင် ကဒါဖီ ပြုတ်ကျခဲ့ပြီး နောက်ပိုင်း လစ်ဗျားမှာ ပရမ်းပတာ ဖြစ်နေခဲ့ပြီး IS အဖွဲ့ အပါအဝင် လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ပွဲတွေ ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ တူးနစ် မြို့က ဘာဒိုး ပြတိုက် တိုက်ခိုက်ခံရမှုနဲ့ ဆုစ် ကမ်းခြေ တိုက်ခိုက် ခံရမှုတွေဟာ လစ်ဗျား နိုင်ငံထဲမှာ လေ့ကျင့်ပေးခဲ့တဲ့ IS အကြမ်းဖက် သမားတွေရဲ့ လက်ချက်လို့ ယူဆ ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment