႐ုရွားႏုိင္ငံ၏ စစ္ေရးစြမ္းရည္ ထင္ျမင္ယူဆထား သည္ထက္ ပုိမုိျမင့္မား


ေမာ္စကုိ ၊ ၄-၂-၂၀၁၆

႐ုရွားႏုိင္ငံ၏ စစ္ေရးစြမ္းရည္ သည္ ကနဦး ထင္ျမင္ယူဆ ထားသည္ထက္ ပိုမိုျမင့္မားလ်က္ ရွိေၾကာင္း အေနာက္ႏိုင္ငံပိုင္ မဂၢဇင္း တစ္ေစာင္က ထုတ္ျပန္ ထားသည္။

မၾကာေသးမီက ဆီးရီးယား ႏိုင္ငံအတြင္း ႐ုရွား၏ ေလေၾကာင္း တိုက္ခိုက္မႈ မ်ားကို ေလ့လာၾကည့္မည္ ဆုိပါက ယင္းႏုိင္ငံ၏ စစ္ေရးစြမ္းရည္၊ မဟာဗ်ဴဟာႏွင့္ နည္းဗ်ဴဟာ တို႔သည္ ရန္သူမ်ား၏ စြမ္းရည္ထက္ ပိုမိုသာလြန္ ေၾကာင္း နယူးေယာက္ အေျခစိုက္ အြန္လိုင္း မဂၢဇင္း တစ္ေစာင္ ျဖစ္သည့္ Business Insider တြင္ ေဖာ္ျပ ထားသည္။


အဆိုပါ မဂၢဇင္းႀကီးက ထုတ္ေဖာ္ျပသ ခဲ့သည့္ ဗီဒီယိုဖိုင္တြင္ ဆီးရီးယားႏိုင္ငံ အတြင္း ႐ုရွား၏ ေလေၾကာင္း တိုက္ခိုက္မႈမ်ား ေအာင္ျမင္ခဲ့ပုံကို ေဖာ္ျပထားသည့္ အျပင္ ယင္းေလေၾကာင္း တိုက္ခိုက္မႈ အတြင္း ကက္စပီယမ္ ပင္လယ္မွ တိုက္ေလယာဥ္မ်ား၊ ပဲ့ထိန္းဒုံးက်ည္ မ်ားျဖင့္ ပစ္ခတ္မႈ အပါအဝင္ ၄င္းတို႔ အသုံးျပဳခဲ့သည့္ စစ္လက္နက္ ပစၥည္းမ်ား ကုိလည္း ေဖာ္ျပထားေၾကာင္း သိရသည္။

ထို႔ျပင္ ႐ုရွားႏိုင္ငံမွ အသစ္ ထုတ္လုပ္ထားသည့္ စစ္လက္နက္ ပစၥည္းမ်ားသည္ တျခားႏိုင္ငံမွ စစ္လက္နက္ ပစၥည္းမ်ားထက္ ပိုမို ေကာင္းမြန္ေၾကာင္း စစ္ဘက္ဆုိင္ရာ ကြၽမ္းက်င္သူ တစ္ဦး၏ ထင္ျမင္ခ်က္ တစ္ခု ကိုလည္း ယင္းဗီဒီယိုဖိုင္ ၌ ထည့္သြင္း ေဖာ္ျပထား သည္ဟု သိရသည္။

PyiChitThar
http://www.pyichitthar.com

...............................................

 ရုရှားနိုင်ငံ၏ စစ်ရေးစွမ်းရည် ထင်မြင်ယူဆထား သည်ထက် ပိုမိုမြင့်မား
4 February 2016 
မော်စကို ၊ ၄-၂-၂၀၁၆

ရုရှားနိုင်ငံ၏ စစ်ရေးစွမ်းရည် သည် ကနဦး ထင်မြင်ယူဆ ထားသည်ထက် ပိုမိုမြင့်မားလျက် ရှိကြောင်း အနောက်နိုင်ငံပိုင် မဂ္ဂဇင်း တစ်စောင်က ထုတ်ပြန် ထားသည်။

မကြာသေးမီက ဆီးရီးယား နိုင်ငံအတွင်း ရုရှား၏ လေကြောင်း တိုက်ခိုက်မှု များကို လေ့လာကြည့်မည် ဆိုပါက ယင်းနိုင်ငံ၏ စစ်ရေးစွမ်းရည်၊ မဟာဗျူဟာနှင့် နည်းဗျူဟာ တို့သည် ရန်သူများ၏ စွမ်းရည်ထက် ပိုမိုသာလွန် ကြောင်း နယူးယောက် အခြေစိုက် အွန်လိုင်း မဂ္ဂဇင်း တစ်စောင် ဖြစ်သည့် Business Insider တွင် ဖော်ပြ ထားသည်။


အဆိုပါ မဂ္ဂဇင်းကြီးက ထုတ်ဖော်ပြသ ခဲ့သည့် ဗီဒီယိုဖိုင်တွင် ဆီးရီးယားနိုင်ငံ အတွင်း ရုရှား၏ လေကြောင်း တိုက်ခိုက်မှုများ အောင်မြင်ခဲ့ပုံကို ဖော်ပြထားသည့် အပြင် ယင်းလေကြောင်း တိုက်ခိုက်မှု အတွင်း ကက်စပီယမ် ပင်လယ်မှ တိုက်လေယာဉ်များ၊ ပဲ့ထိန်းဒုံးကျည် များဖြင့် ပစ်ခတ်မှု အပါအဝင် ၄င်းတို့ အသုံးပြုခဲ့သည့် စစ်လက်နက် ပစ္စည်းများ ကိုလည်း ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံမှ အသစ် ထုတ်လုပ်ထားသည့် စစ်လက်နက် ပစ္စည်းများသည် တခြားနိုင်ငံမှ စစ်လက်နက် ပစ္စည်းများထက် ပိုမို ကောင်းမွန်ကြောင်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး၏ ထင်မြင်ချက် တစ်ခု ကိုလည်း ယင်းဗီဒီယိုဖိုင် ၌ ထည့်သွင်း ဖော်ပြထား သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment