ရုရွားသမၼတ ဗလာဒီမာ ပူတင္ႏွင့္ ဆီးရီးယား သမၼတ အာဆတ္တို႔ လက္ဆြဲႏႈတ္ဆက္ေနစဥ္ (ဓာတ္ပုံ-အင္တာနက္) |
ဆီးရီးယားတြင္ အၾကမ္းဖက္မ်ားက စိန္ေျပာင္းျဖင့္ ပစ္ခတ္မႈေၾကာင့္ ရုရွား စစ္ေရး အၾကံေပး တစ္ဦး ေသဆံုး ခဲ႔ေၾကာင္း ရုရွားကာကြယ္ေရး ဝန္ႀကီးဌာန၏ ေျပာၾကားခ်က္အား ကိုးကား၍ ေဒသခံ မီဒီယာက တင္ျပထား သည္။
ေဖေဖာ္ဝါရီလ ၁ ရက္က ဆီးရီးယား စစ္တပ္ အေျခစိုက္ထားသည့္ ေနရာတစ္ခု ျဖစ္သည့္ ၿမိဳ႕ေစာင့္တပ္စခန္း တစ္ခုကို အိုင္အက္စ္ အၾကမ္းဖက္ အုပ္စုက ပစ္ခတ္တိုက္ခိုက္ျခင္း ျဖစ္ၿပီး အဆိုပါ အရာရွိ တစ္ဦးမွာ ေသေလာက္ေသာ ဒဏ္ရာ ရရွိခဲ႔ေၾကာင္း ဝန္ႀကီး၏ ေျပာၾကားခ်က္အား ကိုးကား၍ RIA Novosti သတင္း ေအဂ်င္စီက ေဖာ္ျပထားသည္။
ရုရွား စစ္ေရးအၾကံေပးသည္ စစ္တပ္ အခ်င္းခ်င္း စစ္ေရး နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး စာခ်ဳပ္ အရ ဆီးရီးယား စစ္တပ္အတြင္းစစ္လက္နက္သစ္မ်ား သံုးစြဲရာတြင္ ကူညီရန္ ဆီးရီးယားသို႔ ေရာက္ရွိေနျခင္း ျဖစ္ေၾကာင္း အစီရင္ခံစာ အရ သိရသည္။
အဆိုပါ က်ဆံုးသြားသူအရာရွိမွာ ႏိုင္ငံ ဂုဏ္ေဆာင္ဆု ခ်ီးျမႇင့္ခံရမည္ ျဖစ္ၿပီး ၎မွာ မည္သူမည္ဝါျဖစ္ေၾကာင္း ႏွင့္ မည္သည့္ေနရာတြင္ တိုက္ခိုက္ခံရေၾကာင္း အေသးစိတ္ကိုမူ ထုတ္ေဖာ္မေျပာဆိုထားေပ။ ၎မွာ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလ ေႏွာင္းပိုင္းတြင္ အစၥလာမ္မစ္ စတိတ္ (IS) အဖြဲ႕အား ရုရွားက ေလေၾကာင္းျဖင့္ ပစ္မွတ္ ထား တိုက္ခိုက္မႈ စတင္ၿပီးေနာက္ပိုင္း သံုုးေယာက္ေျမာက္ ေသဆံုးခဲ႔သည့္ ရုရွား စစ္ေရး အရာရွိ တစ္ဦးလည္း ျဖစ္သည္။
(Xinhua)
http://www.xinhuamyanmar.com
..................................................................
ရုရှား စစ်ရေး အကြံပေး ဆီးရီးယားတွင် ကျဆုံး
4 February 2016
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆီးရီးယား သမ္မတ အာဆတ်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ-အင်တာနက်)
မော်စကို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
ဆီးရီးယားတွင် အကြမ်းဖက်များက စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် ရုရှား စစ်ရေး အကြံပေး တစ်ဦး သေဆုံး ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အား ကိုးကား၍ ဒေသခံ မီဒီယာက တင်ပြထား သည်။
ဖေဖော်ဝါရီလ ၁ ရက်က ဆီးရီးယား စစ်တပ် အခြေစိုက်ထားသည့် နေရာတစ်ခု ဖြစ်သည့် မြို့စောင့်တပ်စခန်း တစ်ခုကို အိုင်အက်စ် အကြမ်းဖက် အုပ်စုက ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ပြီး အဆိုပါ အရာရှိ တစ်ဦးမှာ သေလောက်သော ဒဏ်ရာ ရရှိခဲ့ကြောင်း ဝန်ကြီး၏ ပြောကြားချက်အား ကိုးကား၍ RIA Novosti သတင်း အေဂျင်စီက ဖော်ပြထားသည်။
ရုရှား စစ်ရေးအကြံပေးသည် စစ်တပ် အချင်းချင်း စစ်ရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် အရ ဆီးရီးယား စစ်တပ်အတွင်းစစ်လက်နက်သစ်များ သုံးစွဲရာတွင် ကူညီရန် ဆီးရီးယားသို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း အစီရင်ခံစာ အရ သိရသည်။
အဆိုပါ ကျဆုံးသွားသူအရာရှိမှာ နိုင်ငံ ဂုဏ်ဆောင်ဆု ချီးမြှင့်ခံရမည် ဖြစ်ပြီး ၎င်းမှာ မည်သူမည်ဝါဖြစ်ကြောင်း နှင့် မည်သည့်နေရာတွင် တိုက်ခိုက်ခံရကြောင်း အသေးစိတ်ကိုမူ ထုတ်ဖော်မပြောဆိုထားပေ။ ၎င်းမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ နှောင်းပိုင်းတွင် အစ္စလာမ်မစ် စတိတ် (IS) အဖွဲ့အား ရုရှားက လေကြောင်းဖြင့် ပစ်မှတ် ထား တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း သုုံးယောက်မြောက် သေဆုံးခဲ့သည့် ရုရှား စစ်ရေး အရာရှိ တစ်ဦးလည်း ဖြစ်သည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment