![]() |
| အစားအေသာက္နဲ႔ ေဆးဝါးေတြ တင္ထားတဲ့ ယာဥ္တန္း ဒမာ့စကတ္ၿမိဳ႕ကေန စတင္ထြက္ခြာ။ |
ဒမာ့စကတ္ ၿမိဳ႕ကေန ကုန္တင္ကားေတြ စတင္ ထြက္ခြာေနၿပီလို႔ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီ အဖြဲ႕ IFRC ရဲ့ ေျပာခြင့္ရသူက ဘီဘီစီကို ေျပာပါတယ္။
အဲဒီ ယာဥ္တန္းဟာ ဒမာ့စကတ္ ၿမိဳ႕အနီး သူပုန္ေတြ လက္ေအာက္က Madaya, Zabadani and Muadhamiya ၿမိဳ႕ေတြဆီ ဦးတည္ ထြက္ခြာမွာ ျဖစ္ၿပီး ေျမာက္ဘက္က အစိုးရ လက္ေအာက္ခံ ရြာႏွစ္ရြာ ျဖစ္တဲ့ Foah နဲ႔ Kefraya တို႔ကိုလည္း သြားေရာက္မွာ ျဖစ္ပါတယ္။
ဒီလို အကူအညီေတြ ေပးပို႔မွုဟာ ေသာၾကာေန႔မွာ အပစ္ရပ္နိုင္မယ္လို႔ ေမၽွာ္လင့္ခ်က္နဲ႔ ကမၻာ့ ေခါင္းေဆာင္ေတြ သေဘာတူ ထားခဲ့တဲ့ အစီအစဥ္ရဲ့ တစိတ္တပိုင္း ျဖစ္ပါတယ္။
ဒါေပမယ့္ ဆီးရီးယား အစိုးရတပ္ရဲ့ အလက္ပိုၿမိဳ႕ တဝိုက္က ထိုးစစ္ေတြနဲ႔ ကာဒစ္ရွ္ တပ္ေတြရဲ့ တိုက္ပြဲေတြေၾကာင့္ အပစ္ရပ္နိုင္ေရး ေမၽွာ္လင့္ခ်က္က ေမွးမွိန္လာခဲ့ပါတယ္။
ကုလ သမဂၢရဲ့ အဆိုအရ တိုက္ပြဲေတြၾကား ပိတ္မိေနတဲ့ ဆီးရီးယား ျပည္သူေပါင္း ငါးသိန္းေလာက္ ရွိတယ္လို႔ ဆိုပါတယ္။
BBC Burmese
http://www.bbc.com/burmese
...............
အစားအသောက်နဲ့ ဆေးဝါးတွေ တင်ထားတဲ့ ယာဉ်တန်း ဒမာ့စကတ်မြို့ကနေ စတင်ထွက်ခွာ။
ဆီးရီးယား နိုင်ငံမှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးတွေ ပေးပို့မယ့် ထောက်ပံ့ရေး ယာဉ်တန်းဟာ မြို့ ငါးမြို့ဆီကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။
ဒမာ့စကတ် မြို့ကနေ ကုန်တင်ကားတွေ စတင် ထွက်ခွာနေပြီလို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ IFRC ရဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
အဲဒီ ယာဉ်တန်းဟာ ဒမာ့စကတ် မြို့အနီး သူပုန်တွေ လက်အောက်က Madaya, Zabadani and Muadhamiya မြို့တွေဆီ ဦးတည် ထွက်ခွာမှာ ဖြစ်ပြီး မြောက်ဘက်က အစိုးရ လက်အောက်ခံ ရွာနှစ်ရွာ ဖြစ်တဲ့ Foah နဲ့ Kefraya တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
ဒီလို အကူအညီတွေ ပေးပို့မှုဟာ သောကြာနေ့မှာ အပစ်ရပ်နိုင်မယ်လို့ မျှော်လင့်ချက်နဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေ သဘောတူ ထားခဲ့တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဒါပေမယ့် ဆီးရီးယား အစိုးရတပ်ရဲ့ အလက်ပိုမြို့ တဝိုက်က ထိုးစစ်တွေနဲ့ ကာဒစ်ရှ် တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် အပစ်ရပ်နိုင်ရေး မျှော်လင့်ချက်က မှေးမှိန်လာခဲ့ပါတယ်။
ကုလ သမဂ္ဂရဲ့ အဆိုအရ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ဆီးရီးယား ပြည်သူပေါင်း ငါးသိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese

0 comments:
Post a Comment