![]() |
ကန္ တရားသူႀကီးသစ္ ထားရိွေရး သမၼတအိုဘားမားက အဂၤါေန႔မွာ ေမးခြန္းထုတ္ စိန္ေခၚခဲ့ |
ကြယ္လြန္ခဲ့တဲ့ တရားသူႀကီး Antonin Scalia ေနရာမွာ အစားထိုးဖို႔ သမၼတရဲ႕ အဆိုျပဳသူကို အထက္လႊတ္ေတာ္က ၾကားနာစစ္ေဆးဖို႔ ဘာေၾကာင့္ ျငင္းဆန္ႏိုင္လဲ ဆိုတဲ့အေပၚ သူ႕ကို ခို္င္ခိုင္ခိုင္မာ အက်ိဳးအေၾကာင္းျပရွင္းလင္းႏိုင္မယ့္ သူရိွရင္ ေျပာပါဆိုၿပီး သမၼတအိုဘားမားက အဂၤါေန႔မွာ ေမးခြန္းထုတ္ စိန္ေခၚ ခဲ့ပါတယ္။ သမၼတသက္တမ္းကုန္ဆံုးခါနီး သမၼတ တဦးအေနနဲ႔ တရားသူႀကီး တဦးကို အဆိုျပဳလို႔မရဘူးဆိုတာမ်ိဳး ေရးထားတဲ့ ဥပေဒ မရိွဘူးလို႔ သမၼတ အိုဘားမားက ေျပာလိုက္ပါတယ္။
အေရြးခ်ယ္ခံ ႏိုင္ငံေရးသမားေတြအေနနဲ႔ တရားရံုးခ်ဳပ္ ဆိုတဲ့ေနရာမ်ိဳးမွာ ႏိုင္ငံေရး ကိစၥေတြအထက္မွာစဥ္းစားဆံုးျဖတ္ေဆာင္ရြက္ၾကလိမ့္မယ္လို႔ အေမရိကန္ျပည္သူေတြက ေမွ်ာ္လင့္ထားတဲ့အေၾကာင္း သမၼတက ေျပာပါတယ္။
ဒါေၾကာင့္ သမၼတသက္တမ္းကုန္ဆိုးတဲ့အထိ သူလုပ္ရမယ့္ အလုပ္ကို လုပ္သြားမွာျဖစ္သလို၊ အထက္လႊတ္ေတာ္အမတ္ေတြဘက္ကလည္း အလားတူ ကိုယ့္တာ၀န္ကိုယ္ ေဆာင္ရြက္ၾကဖို႔ လိုမယ္လို႔ သမၼတ အိုဘားမားက ေျပာပါတယ္။ ဒီေနရာအတြက္ ရီပတ္ပလင္ကန္ေတြ လက္ခံႏိုင္မယ့္ လူမ်ိဳးကို ေရြးခ်ယ္အဆိုျပဳမလားဆိုတဲ့ ေမးခြန္းကိုေတာ့ သမၼတအုိဘားမားက အဲလို လုပ္မွာမဟုတ္ဘူးလို႔ ျငင္းပါတယ္။ သူ႕အဆိုျပဳတဲ့သူဟာ ဥပေဒပိုင္းမွာ ထူးခြ်န္ ကြ်မ္းက်င္သူျဖစ္ၿပီး၊ တရားရံုးခ်ဳပ္လိုေနရာမ်ိဳးမွာ တာ၀န္ယူႏိုင္မယ့္ အရည္အခ်င္းမ်ိဳး ရိွတဲ့သူ ျဖစ္ပါလိမ့္မယ္လို႔ ေျပာပါတယ္။
အေမရိကန္ျပည္ေထာင္စုတရားရံုးခ်ဳပ္ တရားသူႀကီး ၉ ဦး ရိွရာမွာ အဲဒီထဲက အသက္ ၇၉ ႏွစ္အရြယ္ တရားသူႀကီး Antonin Scalia ဟာ ၿပီးခဲ့တဲ့ စေနေန႔က ကြယ္လြန္သြားခဲ့ပါတယ္။ ဒါေၾကာင့္ ကိုယ္၀န္ ဖ်က္ခ်မႈ အခြင့္အေရး၊ မဲေပးခြင့္၊ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ သမၼတအိုဘားမားရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ ဥပေဒေတြလိုမ်ိဳး အေရးတႀကီး ၾကားနာရမယ့္ အမႈအေတာ္မ်ားမ်ားကို တရားရံုးခ်ဳပ္မွာ ေရႊ႕ဆိုင္းထားရပါတယ္။
သမၼတက အဆိုျပဳလာမယ့္ တရားရံုးခ်ဳပ္ တရားသူႀကီးသစ္တဦးကို အထက္ လႊတ္ေတာ္က ၾကားနာဖို႕ကိစၥကို လက္မခံဘူးဆိုၿပီး အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ ရီပတ္ပလင္ကန္အမတ္ Mitch McConnell က ေျပာထားပါတယ္။ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီမွာ တက္လာမယ့္ ေနာက္ သမၼတသစ္ ကပဲ အဲဒီ ေနရာအတြက္ အဆိုျပဳေပးရမယ္ဆိုၿပီး အထက္လႊတ္ေတာ္အမတ္ McConnell က ေျပာေနပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
ကန် တရားသူကြီးသစ် ထားရှိရေး သမ္မတအိုဘားမားက အင်္ဂါနေ့မှာ မေးခွန်းထုတ် စိန်ခေါ်ခဲ့
အမေရိကန်တရားရုံးချုပ် တရားသူကြီး တဦးဦး လစ်လပ်တဲ့အခါမှာ သမ္မတက အဆိုပြုလာတဲ့ ဘယ်သူ့ကိုမဆို အထက်လွှတ်တော်ဘက်က စဉ်းစား ပေးရမယ် ဆိုတာကို အမေရိကန်ဖွဲ့စည်းပုံမှာ ရှင်းရှင်းလင်းလင်း ဖော်ပြပြီးသားဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။
ကွယ်လွန်ခဲ့တဲ့ တရားသူကြီး Antonin Scalia နေရာမှာ အစားထိုးဖို့ သမ္မတရဲ့ အဆိုပြုသူကို အထက်လွှတ်တော်က ကြားနာစစ်ဆေးဖို့ ဘာကြောင့် ငြင်းဆန်နိုင်လဲ ဆိုတဲ့အပေါ် သူ့ကို ခို်င်ခိုင်ခိုင်မာ အကျိုးအကြောင်းပြရှင်းလင်းနိုင်မယ့် သူရှိရင် ပြောပါဆိုပြီး သမ္မတအိုဘားမားက အင်္ဂါနေ့မှာ မေးခွန်းထုတ် စိန်ခေါ် ခဲ့ပါတယ်။ သမ္မတသက်တမ်းကုန်ဆုံးခါနီး သမ္မတ တဦးအနေနဲ့ တရားသူကြီး တဦးကို အဆိုပြုလို့မရဘူးဆိုတာမျိုး ရေးထားတဲ့ ဥပဒေ မရှိဘူးလို့ သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။
အရွေးချယ်ခံ နိုင်ငံရေးသမားတွေအနေနဲ့ တရားရုံးချုပ် ဆိုတဲ့နေရာမျိုးမှာ နိုင်ငံရေး ကိစ္စတွေအထက်မှာစဉ်းစားဆုံးဖြတ်ဆောင်ရွက်ကြလိမ့်မယ်လို့ အမေရိကန်ပြည်သူတွေက မျှော်လင့်ထားတဲ့အကြောင်း သမ္မတက ပြောပါတယ်။
ဒါကြောင့် သမ္မတသက်တမ်းကုန်ဆိုးတဲ့အထိ သူလုပ်ရမယ့် အလုပ်ကို လုပ်သွားမှာဖြစ်သလို၊ အထက်လွှတ်တော်အမတ်တွေဘက်ကလည်း အလားတူ ကိုယ့်တာဝန်ကိုယ် ဆောင်ရွက်ကြဖို့ လိုမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒီနေရာအတွက် ရီပတ်ပလင်ကန်တွေ လက်ခံနိုင်မယ့် လူမျိုးကို ရွေးချယ်အဆိုပြုမလားဆိုတဲ့ မေးခွန်းကိုတော့ သမ္မတအိုဘားမားက အဲလို လုပ်မှာမဟုတ်ဘူးလို့ ငြင်းပါတယ်။ သူ့အဆိုပြုတဲ့သူဟာ ဥပဒေပိုင်းမှာ ထူးချွန် ကျွမ်းကျင်သူဖြစ်ပြီး၊ တရားရုံးချုပ်လိုနေရာမျိုးမှာ တာဝန်ယူနိုင်မယ့် အရည်အချင်းမျိုး ရှိတဲ့သူ ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုတရားရုံးချုပ် တရားသူကြီး ၉ ဦး ရှိရာမှာ အဲဒီထဲက အသက် ရ၉ နှစ်အရွယ် တရားသူကြီး Antonin Scalia ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့် ကိုယ်ဝန် ဖျက်ချမှု အခွင့်အရေး၊ မဲပေးခွင့်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေတွေလိုမျိုး အရေးတကြီး ကြားနာရမယ့် အမှုအတော်များများကို တရားရုံးချုပ်မှာ ရွှေ့ဆိုင်းထားရပါတယ်။
သမ္မတက အဆိုပြုလာမယ့် တရားရုံးချုပ် တရားသူကြီးသစ်တဦးကို အထက် လွှတ်တော်က ကြားနာဖို့ကိစ္စကို လက်မခံဘူးဆိုပြီး အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ပလင်ကန်အမတ် Mitch McConnell က ပြောထားပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာ တက်လာမယ့် နောက် သမ္မတသစ် ကပဲ အဲဒီ နေရာအတွက် အဆိုပြုပေးရမယ်ဆိုပြီး အထက်လွှတ်တော်အမတ် McConnell က ပြောနေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment