တရားမဝင္ ဝင္ေရာက္ ငါးဖမ္းၾကမႈေၾကာင္းဖမ္းဆီးထားသည့္ ေလွမ်ားအား အင္ဒိုနီးရွားႏိုင္ငံ က ေဖာက္ခြဲႏွစ္ျမဳပ္ေနစဥ္ (အင္တာနက္) |
အင္ဒိုနီးရွားႏိုင္ငံသည္ ၄င္း၏ သယံဇာတ ေပါၾကြယ္ဝသည့္ ေရျပင္တြင္ တရားမဝင္ ငါးဖမ္းျခင္းအား တိုက္ဖ်က္ ရန္ ဖမ္းဆီးထိန္းသိမ္းထားသည့္ ျပည္တြင္း၊ ျပည္ပမွ ငါးခိုးဖမ္းသူမ်ား၏ ေလွအစီး ၃၀ ကို ႏွစ္ျမဳပ္ပစ္ခဲ့ေၾကာင္း သိရသည္။
ႏွစ္ျမွဳပ္ပစ္ခဲ့သည့္ ေလွအစီး ၃၀ တြင္ ဗီယက္နမ္ႏိုင္ငံမွ ၁၁စီး၊ မေလးရွားႏိုင္ငံမွ ၈စီး၊ ဖိလစ္ပိုင္ႏိုင္ငံမွ ၇စီးပါဝင္ျပီး က်န္ေလွမ်ားမွာ အင္ဒိုနီးရွားႏိုင္ငံ မွျဖစ္ေၾကာင္း သိရသည္။
တရားမဝင္ ငါးဖမ္းဆီးမႈ အား တိုက္ဖ်က္ရန္ အင္ဒိုနီးရွားႏိုင္ငံ တရားမဝင္ ငါးဖမ္းမႈ တားဆီးျခင္း တပ္ဖြဲ႕၊ အင္ဒိုနီးရွားႏိုင္ငံေရတပ္၊ အမ်ဳိးသားရဲတပ္ဖြဲ႕၊ အင္ဒိုနီးရွားႏိုင္ငံေရေၾကာင္း လံုျခံဳေရး ေအဂ်င္စီ၊ ေရွ႕ေနခ်ဳပ္ရံုး တို႕သည္ အင္ဒိုနီးရွားႏိုင္ငံ တစ္ေလွ်ာက္ရွိ မတူညီေသာ ေဒသ ငါးခု တြင္ ေဖေဖာ္ဝါရီလ ၂၂ရက္ေန႕ အသီးသီး ေနရာယူထားခဲ့ေၾကာင္းသိရသည္။
ေရေၾကာင္း ႏွင့္ ငါးလုပ္ငန္း ဝန္ၾကီး Susi Pudjiastuti က ဖမ္းဆီးထိန္းသိမ္းထားသည့္ ေလွအားလံုးသည္ ႏိုင္ငံ၏ ေရျပင္အတြင္းသို႕ ခိုးဝင္လာေသာ ေလွမ်ားျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့သည္။
ထိုသို႕လုပ္ေဆာင္ျခင္းသည္ ၂၀၁၆ခုႏွစ္အတြက္ ပထမဆံုးအၾကိမ္ျဖစ္ျပီး သမၼတ Joko Widodo အာဏာ လႊဲေျပာင္းယူခဲ့သည့္ ၂၀၁၄ခုႏွစ္ ေအာက္တိုဘာလ မွစ၍ ေလွအစီးေပါင္း ၁၅၁ စီးကို ႏွစ္ျမဳပ္ပစ္ခဲ့ေၾကာင္း သိရ သည္။ သမၼတ Joko Widodo ႏိုင္ငံ၏ ေရျပင္တြင္ တရားမဝင္ ငါးဖမ္းဆီး ျခင္းအား ျပင္းျပင္းထန္ထန္ အေရးယူ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
သမၼတ က ထိုသို႕ တရားမဝင္ ငါးဖမ္းဆီးျခင္းကိုတားဆီးရန္ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ဘီလီယံ ႏွင့္ခ်ီ၍ ကုန္က်ေၾကာင္း ေျပာၾကားခဲ့သည္။
(Xinhua)
http://www.xinhuamyanmar.com
............
တရားမဝင် ဝင်ရောက် ငါးဖမ်းကြမှုကြောင်းဖမ်းဆီးထားသည့် လှေများအား အင်ဒိုနီးရှားနိုင်ငံ က ဖောက်ခွဲနှစ်မြုပ်နေစဉ် (အင်တာနက်)
ဂျာကာတာ၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံသည် ၄င်း၏ သယံဇာတ ပေါကြွယ်ဝသည့် ရေပြင်တွင် တရားမဝင် ငါးဖမ်းခြင်းအား တိုက်ဖျက် ရန် ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်တွင်း၊ ပြည်ပမှ ငါးခိုးဖမ်းသူများ၏ လှေအစီး ၃၀ ကို နှစ်မြုပ်ပစ်ခဲ့ကြောင်း သိရသည်။
နှစ်မြှုပ်ပစ်ခဲ့သည့် လှေအစီး ၃၀ တွင် ဗီယက်နမ်နိုင်ငံမှ ၁၁စီး၊ မလေးရှားနိုင်ငံမှ ၈စီး၊ ဖိလစ်ပိုင်နိုင်ငံမှ ရစီးပါဝင်ပြီး ကျန်လှေများမှာ အင်ဒိုနီးရှားနိုင်ငံ မှဖြစ်ကြောင်း သိရသည်။
တရားမဝင် ငါးဖမ်းဆီးမှု အား တိုက်ဖျက်ရန် အင်ဒိုနီးရှားနိုင်ငံ တရားမဝင် ငါးဖမ်းမှု တားဆီးခြင်း တပ်ဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံရေတပ်၊ အမျိုးသားရဲတပ်ဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံရေကြောင်း လုံခြုံရေး အေဂျင်စီ၊ ရှေ့နေချုပ်ရုံး တို့သည် အင်ဒိုနီးရှားနိုင်ငံ တစ်လျှောက်ရှိ မတူညီသော ဒေသ ငါးခု တွင် ဖေဖော်ဝါရီလ ၂၂ရက်နေ့ အသီးသီး နေရာယူထားခဲ့ကြောင်းသိရသည်။
ရေကြောင်း နှင့် ငါးလုပ်ငန်း ဝန်ကြီး Susi Pudjiastuti က ဖမ်းဆီးထိန်းသိမ်းထားသည့် လှေအားလုံးသည် နိုင်ငံ၏ ရေပြင်အတွင်းသို့ ခိုးဝင်လာသော လှေများဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ၂၀၁၆ခုနှစ်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး သမ္မတ Joko Widodo အာဏာ လွှဲပြောင်းယူခဲ့သည့် ၂၀၁၄ခုနှစ် အောက်တိုဘာလ မှစ၍ လှေအစီးပေါင်း ၁၅၁ စီးကို နှစ်မြုပ်ပစ်ခဲ့ကြောင်း သိရ သည်။ သမ္မတ Joko Widodo နိုင်ငံ၏ ရေပြင်တွင် တရားမဝင် ငါးဖမ်းဆီး ခြင်းအား ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သမ္မတ က ထိုသို့ တရားမဝင် ငါးဖမ်းဆီးခြင်းကိုတားဆီးရန် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ နှင့်ချီ၍ ကုန်ကျကြောင်း ပြောကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment