အင္ဒိုနီးရွားႏိုင္ငံ အစိုးရက ပလတ္စတစ္အိတ္ ဒါမွမဟုတ္ ကြ်တ္ကြ်တ္အိတ္ အသုံးျပဳမႈကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနပါတယ္။
အင္ဒိုနီးရွားႏိုင္ငံမွာ သန္းနဲ႔ခ်ီတဲ့ ပလတ္စတစ္အိတ္ေတြ ေန႔စဥ္ စြန္႔ပစ္ခံရၿပီး တခ်ဳိ႕က ပင္လယ္ျပင္မွာ ေရာက္ရွိေနတာ ျဖစ္ပါတယ္။
ပင္လယ္ျပင္ကို ညစ္ညမ္းေအာင္ လုပ္တဲ့ ႏိုင္ငံထဲမွာ တရုတ္ႏိုင္ငံၿပီးရင္ အင္ဒိုနီးရွားက ဒုတိယအဆင့္မွာ ရွိေနတာေၾကာင့္ အင္ဒိုနီးရွားက ျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးစားေနတာပါ။
အဲဒါေၾကာင့္ ဒီတပတ္ကစၿပီး ကြ်တ္ကြ်တ္အိတ္ တစ္လုံးအတြက္ ၂၀၀ ရူပီယာ ဒါမွမဟုတ္ ေဒၚလာ ၂ စင့္ေလာက္ကို ေတာင္းခံဖို႔ ေစ်းဆိုင္ေတြကို အစိုးရက မွာၾကားလိုက္ပါတယ္။
ကြ်တ္ကြ်တ္အိတ္ဖိုးကို ေတာင္းခံလိုက္ရင္ လူေတြက အိမ္ကေန ေစ်းျခင္းေတာင္းေတြ၊ ျပန္လည္ အသုံးျပဳႏိုင္တဲ့ တျခား အိတ္ေတြ ဒါမွမဟုတ္ ကြ်တ္ကြ်တ္ အိတ္ အေဟာင္းကို ပိုသုံးလာမယ္လို႔ ရည္ရြယ္တဲ့အေနနဲ႔ ျပဳလုပ္တာ ျဖစ္ပါတယ္။
အဲဒါ့အျပင္ ကြ်တ္ကြ်တ္အိတ္ တစ္လုံးအတြက္ ေဒၚလာ ၅၀ စင့္ အထိ တိုးျမင့္ ေတာင္းခံဖို႔ ဂ်ာကာတာအာဏာပိုင္ေတြက ညႊန္ၾကားဖို႔အထိ စဥ္းစားေနၿပီ ျဖစ္ပါတယ္။
အင္ဒိုနီးရွားႏိုင္ငံသားအမ်ားစုရဲ့ တစ္အိမ္ေထာင္ ဝင္ေငြဟာ တစ္ရက္ကို ၁၀ ေဒၚလာ ေလာက္သာ ရွိၿပီး ကြ်တ္ကြ်တ္အိတ္ တစ္လုံးအတြက္ ျပား ၅၀ ေလာက္ ေပးရမယ္ ဆိုရင္ေတာ့ ေတာ္ေတာ့္ကို အထိနာမယ့္ ဥပေဒသစ္ ျဖစ္မယ့္အေၾကာင္း Adam Harvey က အင္ဒိုနီးရွားကေန သတင္းေပးပို႔ထားပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
............
အင်ဒိုနီးရှားနိုင်ငံ အစိုးရက ပလတ်စတစ်အိတ် ဒါမှမဟုတ် ကျွတ်ကျွတ်အိတ် အသုံးပြုမှုကို လျှော့ချဖို့ ကြိုးစားနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ သန်းနဲ့ချီတဲ့ ပလတ်စတစ်အိတ်တွေ နေ့စဉ် စွန့်ပစ်ခံရပြီး တချို့က ပင်လယ်ပြင်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ပင်လယ်ပြင်ကို ညစ်ညမ်းအောင် လုပ်တဲ့ နိုင်ငံထဲမှာ တရုတ်နိုင်ငံပြီးရင် အင်ဒိုနီးရှားက ဒုတိယအဆင့်မှာ ရှိနေတာကြောင့် အင်ဒိုနီးရှားက ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတာပါ။
အဲဒါကြောင့် ဒီတပတ်ကစပြီး ကျွတ်ကျွတ်အိတ် တစ်လုံးအတွက် ၂၀၀ ရူပီယာ ဒါမှမဟုတ် ဒေါ်လာ ၂ စင့်လောက်ကို တောင်းခံဖို့ စျေးဆိုင်တွေကို အစိုးရက မှာကြားလိုက်ပါတယ်။
ကျွတ်ကျွတ်အိတ်ဖိုးကို တောင်းခံလိုက်ရင် လူတွေက အိမ်ကနေ စျေးခြင်းတောင်းတွေ၊ ပြန်လည် အသုံးပြုနိုင်တဲ့ တခြား အိတ်တွေ ဒါမှမဟုတ် ကျွတ်ကျွတ် အိတ် အဟောင်းကို ပိုသုံးလာမယ်လို့ ရည်ရွယ်တဲ့အနေနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။
အဲဒါ့အပြင် ကျွတ်ကျွတ်အိတ် တစ်လုံးအတွက် ဒေါ်လာ ၅၀ စင့် အထိ တိုးမြင့် တောင်းခံဖို့ ဂျာကာတာအာဏာပိုင်တွေက ညွှန်ကြားဖို့အထိ စဉ်းစားနေပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံသားအများစုရဲ့ တစ်အိမ်ထောင် ဝင်ငွေဟာ တစ်ရက်ကို ၁၀ ဒေါ်လာ လောက်သာ ရှိပြီး ကျွတ်ကျွတ်အိတ် တစ်လုံးအတွက် ပြား ၅၀ လောက် ပေးရမယ် ဆိုရင်တော့ တော်တော့်ကို အထိနာမယ့် ဥပဒေသစ် ဖြစ်မယ့်အကြောင်း Adam Harvey က အင်ဒိုနီးရှားကနေ သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment