ထိုင္းရဟန္းအပါး ၃၀၀၀၀ စစ္တပ္နဲ႔ထိပ္တိုက္ရင္ဆိုင္


မေန႔ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႔ ၂၀၁၆ခုႏွစ္ မြန္းလြဲ ၁နာရီေလာက္မွာ နခြန္းပထံုခရိုင္ စာလယာၿမိဳ႕နယ္ ဗုဒၶမြန္ထြန္ဘုရားနယ္ေျမအတြင္းမွာ ထိုင္းႏိုင္ငံတစ္၀ွမ္း သံဃာေတာ္အပါးေပါင္း ၃၀၀၀၀ ခန္႔ႏွင့္ ဗုဒၶဘာသာ၀င္ဒကာ/မ မ်ား စုရံုးဆႏၵေဖာ္ထုတ္မႈျပဳလုပ္ခဲ့ပါတယ္။ သံဃာ့မဟာနာယကဆရာေတာ္ခန္႔ထားရန္အတြက္ ေရြးခ်ယ္ပြဲျပဳလုပ္ျခင္း အစိုးရမွ သံဃာေတာ္ကို အုပ္ခ်ဳပ္မႈေပၚလစီမ်ား ေျပာင္းလဲလိုျခင္းစသည္ျဖင့္ စုရံုးဆႏၵေဖာ္ထုတ္ရာမွာ စစ္တပ္အင္အားသံုးၿပီး ၀င္ေရာက္စစ္ေဆး ခဲ့တဲ့အတြက္ ႏွစ္ဖက္ထိပ္တိုက္ရင္ဆိုင္ခဲ့ရကာ ရုန္းရင္းဆန္ခတ္အနည္းငယ္ျဖစ္ပြားခဲ့ပါတယ္။

ဗုဒၶမြန္ထြန္ဘုန္းၾကီးေက်ာင္းရဲ့ ၀င္ေပါက္ထြက္ေပါက္မ်ားကို စစ္တပ္က တင္းၾကပ္စြာ စစ္ေဆးမႈေတြျပဳလုပ္ခဲ့ပါတယ္။

စုရံုးဆႏၵေဖာ္ထုတ္ရာမွာ ေတာင္းဆိုမႈအခ်က္ငါးခ်က္ထုတ္ျပန္ထားပါတယ္ ၎တို႔မွာ

 ၁။ အစိုးရဘက္မွ သံဃာေတာ္၏အေရးကိစၥမ်ားကို ၀င္ေရာက္စြက္ဖက္ျခင္းမျပဳရန္
 ၂။သံဃာေတာ္မ်ားနဲ႔ပါတ္သက္သည့္ ဆံုးျဖတ္ခ်က္တစ္ခုခုခ်ရာမွာ အစိုးရဘက္မွ သံဃနာယကအဖြဲ႔၏သေဘာတူညီခ်က္ကို အရင္ရယူရန္
 ၃။ သံဃာနာယကေရြးခ်ယ္ရန္ သံဃာေတာ္မ်ားမွ အမည္စာရင္းတင္သြင္း ထားေသာ သံဃာ့ကိုယ္စားလွယ္မ်ားကို ၀န္ႀကီးခ်ဳပ္လိုက္နာေဆာင္ရြက္ေပးရန္။
၄။ အစိုးရမွ သံဃာေတာ္မ်ားကိုၾကည္ညိဳေလးစားေသာမူ၀ါဒခ်မွတ္ေပးရန္ႏွင့္ သံဃာေတာ္မ်ားကို တရားဥပေဒႏွင့္ျခိမ္းေျခာက္ျခင္း မျပဳရန္
 ၅။ ထိုင္းႏိုင္ငံကို ဗုဒၶဘာသာႏိုင္ငံေတာ္အျဖစ္ ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ ျပဌာန္းေပးရန္ စသည္တို႔ျဖစ္ပါတယ္။
ဤေတာင္းဆိုမႈအခ်က္ ၅ခ်က္ကို အစိုးရအိမ္ျဖဴေတာ္မွ ဒု၀န္ႀကီးခ်ဳပ္မစ္စတာပ၀စ္ ၀ုန္စု၀န္ထံ ခ်က္ခ်င္းသြားေရာက္တင္ျပၿပီး အကယ္၍လိုက္နာေဆာင္ရြက္ေပးမႈမရွိပါက စုရံုးဆႏၵေဖာ္ထုတ္မႈကို တပို႔တြဲလျပည့္ေန႔ မာဃပူဇာ ေန႔အထိ ဆက္လက္က်င္းပသြား မယ္လို႔ဆိုပါတယ္။

MTF Channel
https://www.facebook.com/mtftv
...........


မနေ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၂၀၁၆ခုနှစ် မွန်းလွဲ ၁နာရီလောက်မှာ နခွန်းပထုံခရိုင် စာလယာမြို့နယ် ဗုဒ္ဓမွန်ထွန်ဘုရားနယ်မြေအတွင်းမှာ ထိုင်းနိုင်ငံတစ်ဝှမ်း သံဃာတော်အပါးပေါင်း ၃၀၀၀၀ ခန့်နှင့် ဗုဒ္ဓဘာသာဝင်ဒကာ/မ များ စုရုံးဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ပါတယ်။ သံဃာ့မဟာနာယကဆရာတော်ခန့်ထားရန်အတွက် ရွေးချယ်ပွဲပြုလုပ်ခြင်း အစိုးရမှ သံဃာတော်ကို အုပ်ချုပ်မှုပေါ်လစီများ ပြောင်းလဲလိုခြင်းစသည်ဖြင့် စုရုံးဆန္ဒဖော်ထုတ်ရာမှာ စစ်တပ်အင်အားသုံးပြီး ၀င်ရောက်စစ်ဆေး ခဲ့တဲ့အတွက် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်ခဲ့ရကာ ရုန်းရင်းဆန်ခတ်အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။

ဗုဒ္ဓမွန်ထွန်ဘုန်းကြီးကျောင်းရဲ့ ၀င်ပေါက်ထွက်ပေါက်များကို စစ်တပ်က တင်းကြပ်စွာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

စုရုံးဆန္ဒဖော်ထုတ်ရာမှာ တောင်းဆိုမှုအချက်ငါးချက်ထုတ်ပြန်ထားပါတယ် ၎င်းတို့မှာ

 ၁။ အစိုးရဘက်မှ သံဃာတော်၏အရေးကိစ္စများကို ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်
 ၂။သံဃာတော်များနဲ့ပါတ်သက်သည့် ဆုံးဖြတ်ချက်တစ်ခုခုချရာမှာ အစိုးရဘက်မှ သံဃနာယကအဖွဲ့၏သဘောတူညီချက်ကို အရင်ရယူရန်
 ၃။ သံဃာနာယကရွေးချယ်ရန် သံဃာတော်များမှ အမည်စာရင်းတင်သွင်း ထားသော သံဃာ့ကိုယ်စားလှယ်များကို ၀န်ကြီးချုပ်လိုက်နာဆောင်ရွက်ပေးရန်။
၄။ အစိုးရမှ သံဃာတော်များကိုကြည်ညိုလေးစားသောမူဝါဒချမှတ်ပေးရန်နှင့် သံဃာတော်များကို တရားဥပဒေနှင့်ခြိမ်းခြောက်ခြင်း မပြုရန်
 ၅။ ထိုင်းနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းပေးရန် စသည်တို့ဖြစ်ပါတယ်။
ဤတောင်းဆိုမှုအချက် ၅ချက်ကို အစိုးရအိမ်ဖြူတော်မှ ဒုဝန်ကြီးချုပ်မစ်စတာပဝစ် ၀ုန်စုဝန်ထံ ချက်ချင်းသွားရောက်တင်ပြပြီး အကယ်၍လိုက်နာဆောင်ရွက်ပေးမှုမရှိပါက စုရုံးဆန္ဒဖော်ထုတ်မှုကို တပို့တွဲလပြည့်နေ့ မာဃပူဇာ နေ့အထိ ဆက်လက်ကျင်းပသွား မယ်လို့ဆိုပါတယ်။

MTF Channel
https://www.facebook.com/mtftv
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment