![]() |
Idlib ၿမိဳ႕က MSF ေဆးရုံ တိုက္ခိုက္ခံရပုံ (Credit: ABC licensed) |
တိုက္ခိုက္ခံရတဲ့ ေဆးရုံးထဲမွာ နယ္စည္းမျခား ဆရာဝန္မ်ား အသင္းရဲ့ ေဆးရုံလည္း ပါဝင္ၿပီး အမႈထမ္း ၈ ေယာက္ေလာက္ ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။
တိုက္ခိုက္မႈကို ဆီးရီးယား အစိုးရတပ္ ဒါမွမဟုတ္ ရုရွားစစ္တပ္က လုပ္ေဆာင္တာလို႔ နယ္စည္းမျခား ဆရာဝန္မ်ားအသင့္ MSF က ေျပာပါတယ္။
အလက္ပိုၿမိဳ႕မွာ ဆီးရီးယား စစ္တပ္က ထိုးစစ္ဆင္တဲ့အတြက္ ျပည္သူေတြဟာ တူရကီ နယ္စပ္နားက Azaz ဆိုတဲ့ ၿမိဳ႕ထဲကို ဝင္ေရာက္ခိုလွဳံၾကတာ ျဖစ္ပါတယ္။
အဲဒီၿမိဳ႕ကို သူပုန္ေတြက သိမ္းပိုက္ထားတာ ျဖစ္ၿပီး ဆီးရီးယားဘက္က တိုက္ခိုက္လာလို႔ ကေလးေဆးရုံနဲ႔ စာသင္ေက်ာင္း ထိမွတ္ခဲ့ရပါတယ္။
ေနာက္တခါ Idlib ၿမိဳ႕ တိုက္ခိုက္မႈမွာေတာ့ နယ္စည္းမျခား ဆရာဝန္မ်ား အသင္းရဲ့ ေဆးရုံကို ထိမွန္ခဲ့တာ ျဖစ္ပါတယ္။
မိနစ္ အနည္းငယ္အတြင္း ၂ ႀကိမ္ တိုက္ခိုက္ခံရတာကို ၾကည့္ျခင္းအားျဖင့္ သူတို႔ကို တမင္ ပစ္မွတ္ထားၿပီး တိုက္ခိုက္တာ ျဖစ္မယ္လို႔ MSF အဖြဲ႔က ေျပာပါတယ္။
ျပင္သစ္ အစိုးရကေတာ့ ေဆးရုံေတြ စာသင္ေက်ာင္းေတြ တိုက္ခိုက္ခံရတာဟာ စစ္ရာဇာဝတ္မႈ ေျမာက္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။
ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ဘန္ကီမြန္းကလည္း ဒီတိုက္ခိုက္မႈကို ရွဳတ္ခ်လိုက္ၿပီး ဒါဟာ ႏိုင္ငံတကာ ဥပေဒကို ခ်ဳိးေဖာက္ရာ ေရာက္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဒီလုပ္ရပ္ဟာ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔တုန္းကပဲ သေဘာတူတဲ့ အပစ္အခတ္ရပ္စဲေရးကို ထိခိုက္ႏိုင္တယ္လို႔ ဘန္ကီမြန္းက ေျပာပါတယ္။
ဆီးရီးယား သမၼတ Bashar al-Assad ကေတာ့ အပစ္အခတ္ ရပ္စဲတယ္ ဆိုတာနဲ႔ လက္နက္ကို အသုံးမျပဳေတာ့ဘူး ဆိုတဲ့ အဓိပၸာယ္ မသက္ေရာက္ဘူးလို႔ ေျပာပါတယ္။
အပစ္အခတ္ ရပ္စဲေရးဆိုရာ ထိုးစစ္ဆင္တာေတြကိုသာ ရပ္တန္႔တာ ျဖစ္ၿပီး ဒီကာလအတြင္း အၾကမ္းဖက္ အဖြဲ႔ေတြ အသင့္ေနရာ ယူတာမ်ဳိး မလုပ္ႏိုင္ေအာင္၊ လက္နက္ သယ္ယူတာမ်ဳိး မလုပ္ႏိုင္ေအာင္ ျပင္ဆင္ရမယ့္ ကာလျဖစ္လို႔ လက္နက္ကို ဆက္အသုံးျပဳတဲ့ ကာလ ျဖစ္တယ္လို႔ ရုပ္ျမင္သံၾကားမွာ ေျပာသြားခဲ့ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
...............
Idlib မြို့က MSF ဆေးရုံ တိုက်ခိုက်ခံရပုံ (Credit: ABC licensed)
ဆီးရီးယား နိုင်ငံ Azaz မြို့နဲ့ Idlib မြို့က စာသင်ကျောင်းနဲ့ ဆေးရုံကို လက်နက်တွေ ထိမှန်လို့ အနည်းဆုံး လူ ၅၀ သေဆုံးပြီး တချို့ ပျောက်ဆုံးနေပါတယ်။
တိုက်ခိုက်ခံရတဲ့ ဆေးရုံးထဲမှာ နယ်စည်းမခြား ဆရာဝန်များ အသင်းရဲ့ ဆေးရုံလည်း ပါဝင်ပြီး အမှုထမ်း ၈ ယောက်လောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို ဆီးရီးယား အစိုးရတပ် ဒါမှမဟုတ် ရုရှားစစ်တပ်က လုပ်ဆောင်တာလို့ နယ်စည်းမခြား ဆရာဝန်များအသင့် MSF က ပြောပါတယ်။
အလက်ပိုမြို့မှာ ဆီးရီးယား စစ်တပ်က ထိုးစစ်ဆင်တဲ့အတွက် ပြည်သူတွေဟာ တူရကီ နယ်စပ်နားက Azaz ဆိုတဲ့ မြို့ထဲကို ဝင်ရောက်ခိုလှုံကြတာ ဖြစ်ပါတယ်။
အဲဒီမြို့ကို သူပုန်တွေက သိမ်းပိုက်ထားတာ ဖြစ်ပြီး ဆီးရီးယားဘက်က တိုက်ခိုက်လာလို့ ကလေးဆေးရုံနဲ့ စာသင်ကျောင်း ထိမှတ်ခဲ့ရပါတယ်။
နောက်တခါ Idlib မြို့ တိုက်ခိုက်မှုမှာတော့ နယ်စည်းမခြား ဆရာဝန်များ အသင်းရဲ့ ဆေးရုံကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
မိနစ် အနည်းငယ်အတွင်း ၂ ကြိမ် တိုက်ခိုက်ခံရတာကို ကြည့်ခြင်းအားဖြင့် သူတို့ကို တမင် ပစ်မှတ်ထားပြီး တိုက်ခိုက်တာ ဖြစ်မယ်လို့ MSF အဖွဲ့က ပြောပါတယ်။
ပြင်သစ် အစိုးရကတော့ ဆေးရုံတွေ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတာဟာ စစ်ရာဇာဝတ်မှု မြောက်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တုန်းကပဲ သဘောတူတဲ့ အပစ်အခတ်ရပ်စဲရေးကို ထိခိုက်နိုင်တယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။
ဆီးရီးယား သမ္မတ Bashar al-Assad ကတော့ အပစ်အခတ် ရပ်စဲတယ် ဆိုတာနဲ့ လက်နက်ကို အသုံးမပြုတော့ဘူး ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူးလို့ ပြောပါတယ်။
အပစ်အခတ် ရပ်စဲရေးဆိုရာ ထိုးစစ်ဆင်တာတွေကိုသာ ရပ်တန့်တာ ဖြစ်ပြီး ဒီကာလအတွင်း အကြမ်းဖက် အဖွဲ့တွေ အသင့်နေရာ ယူတာမျိုး မလုပ်နိုင်အောင်၊ လက်နက် သယ်ယူတာမျိုး မလုပ်နိုင်အောင် ပြင်ဆင်ရမယ့် ကာလဖြစ်လို့ လက်နက်ကို ဆက်အသုံးပြုတဲ့ ကာလ ဖြစ်တယ်လို့ ရုပ်မြင်သံကြားမှာ ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment