ဟိုခ်ီမင္းၿမိဳ႕အာဏာပိုင္မ်ား သူေတာင္းစားမ်ားအား အလုပ္ရွာေပး
ကမၻာ့သတင္း
သည္ေနးရွင္း
ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕အာဏာပိုင္မ်ားက သူေတာင္းစား ေထာင္ေပါင္းမ်ားစြာအတြက္ အလုပ္အကိုင္ရွာေဖြေပးၿပီး ဘဝရပ္တည္ေရး ေထာက္ပံ့မႈအစီအစဥ္မ်ားကို ေဆာင္ရြက္ေပးလ်က္ရွိၿပီး အခ်ိဳ႕ေသာ သူေတာင္းမ်ားကို ဇာတိနယ္ေျမမ်ားသို႔ ျပန္ပို႔ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိသည္။
ျမိဳ႕အား ကမာၻ႔လွည့္ခရီးသြားမ်ား ပိုမိုႏွစ္သက္မႈရွိေစေရးႏွင့္ သူေတာင္းစားကင္းမဲ့ျမိဳ႕အျဖစ္ ရည္ရြယ္လုပ္ေဆာင္ျခင္းလည္းျဖစ္သည္။
ထိုအစီအစဥ္မ်ားမွ အက်ိဳးခံစားရရွိေနသည့္ အမ်ိဳးသမီးတစ္ဦးက လက္ရွိတြင္ သူ႔အေနျဖင့္ ေနထိုင္စားေသာက္ေရးအတြက္ တစ္လလွ်င္ ဗီယက္နမ္ေငြ ၄ သန္း(အေမရိကန္ေဒၚလာ ၁၈၀) ခန္႔ ရရွိခံစားေနရျပီျဖစ္ေၾကာင္း ေျပာသည္။
"အလုပ္ကို ပင္ပင္ပန္းပန္းလုပ္ရပါတယ္။ လစဥ္ ပိုက္ဆံဝင္ေနပါျပီ။ ကၽြန္မဘဝက အရင္ေလာက္ မၾကမ္းတမ္းမခက္ခဲေတာ့ဘူး။"ဟု ၎က ေျပာသည္။
ျမိဳ႕ထဲတြင္ ၎ ေတာင္းစားလ်က္ရွိသည္ကို ေတြ႔ရွိျပီး လူမႈကူညီေရးစင္တာတစ္ခုသို႔ အာဏာပိုင္အဖြဲ႔က ပို႔ခဲ့ျခင္းျဖစ္သည္။ သူအား ရက္တိုသင္တန္းေပးျပီးေနာက္ အထည္ခ်ဳပ္ကုမၸဏီတစ္ခုတြင္ အလုပ္သြင္းေပးသည္။
ျမိဳ႕၏ အလုပ္သမား၊ နာမက်န္းသူႏွင့္ လူမႈကူညီေပးေရးဌာနမွ စာရင္းမ်ားအရ လူမႈကူညီေပးေရးစင္တာမ်ားက တစ္ႏွစ္တစ္ႏွစ္လွ်င္ သူေတာင္းစားႏွင့္ အိုးမဲအိမ္မဲ့ေပါင္း ၂၀၀၀-၃၀၀၀ ဝန္းက်င္ လက္ခံေနရေၾကာင္း သိရသည္။
စင္တာမ်ားက ရက္တိုသင္တန္းေပးသျဖင့္ ၎တို႔အေနျဖင့္ အလုပ္အကိုင္ရွာေဖြလုပ္ကိုင္သြားၾကသည္။ အျခားျပည္နယ္မ်ားမွ ေရာက္ရွိေနသူမ်ားကို ၎တို႔၏ ေနရပ္ေဒသမ်ားသို႔ ျပန္ပို႔လ်က္ရွိသည္။ ဟုိခ်ီမင္းျမိဳ႕က သူေတာင္းစားမ်ား၏ ၉၀ ရာခုိင္ႏႈန္းေက်ာ္က အျခားျပည္နယ္မ်ားမွျဖစ္ေၾကာင္း လူမႈကူညီေပးေရး႐ုံးမွ အၾကီးအကဲျဖစ္သူက ေျပာခဲ့သည္။
- See more at: http://mizzimaburmese.com/article/10890#sthash.Vu9qDazR.HP4N312W.dpuf
.............
ဟိုချီမင်းမြို့အာဏာပိုင်များ သူတောင်းစားများအား အလုပ်ရှာပေး
ကမ္ဘာ့သတင်း
သည်နေးရှင်း
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့အာဏာပိုင်များက သူတောင်းစား ထောင်ပေါင်းများစွာအတွက် အလုပ်အကိုင်ရှာဖွေပေးပြီး ဘဝရပ်တည်ရေး ထောက်ပံ့မှုအစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပြီး အချို့သော သူတောင်းများကို ဇာတိနယ်မြေများသို့ ပြန်ပို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
မြို့အား ကမ္ဘာ့လှည့်ခရီးသွားများ ပိုမိုနှစ်သက်မှုရှိစေရေးနှင့် သူတောင်းစားကင်းမဲ့မြို့အဖြစ် ရည်ရွယ်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။
ထိုအစီအစဉ်များမှ အကျိုးခံစားရရှိနေသည့် အမျိုးသမီးတစ်ဦးက လက်ရှိတွင် သူ့အနေဖြင့် နေထိုင်စားသောက်ရေးအတွက် တစ်လလျှင် ဗီယက်နမ်ငွေ ၄ သန်း(အမေရိကန်ဒေါ်လာ ၁၈၀) ခန့် ရရှိခံစားနေရပြီဖြစ်ကြောင်း ပြောသည်။
"အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရပါတယ်။ လစဉ် ပိုက်ဆံဝင်နေပါပြီ။ ကျွန်မဘဝက အရင်လောက် မကြမ်းတမ်းမခက်ခဲတော့ဘူး။"ဟု ၎င်းက ပြောသည်။
မြို့ထဲတွင် ၎င်း တောင်းစားလျက်ရှိသည်ကို တွေ့ရှိပြီး လူမှုကူညီရေးစင်တာတစ်ခုသို့ အာဏာပိုင်အဖွဲ့က ပို့ခဲ့ခြင်းဖြစ်သည်။ သူအား ရက်တိုသင်တန်းပေးပြီးနောက် အထည်ချုပ်ကုမ္ပဏီတစ်ခုတွင် အလုပ်သွင်းပေးသည်။
မြို့၏ အလုပ်သမား၊ နာမကျန်းသူနှင့် လူမှုကူညီပေးရေးဌာနမှ စာရင်းများအရ လူမှုကူညီပေးရေးစင်တာများက တစ်နှစ်တစ်နှစ်လျှင် သူတောင်းစားနှင့် အိုးမဲအိမ်မဲ့ပေါင်း ၂၀၀၀-၃၀၀၀ ဝန်းကျင် လက်ခံနေရကြောင်း သိရသည်။
စင်တာများက ရက်တိုသင်တန်းပေးသဖြင့် ၎င်းတို့အနေဖြင့် အလုပ်အကိုင်ရှာဖွေလုပ်ကိုင်သွားကြသည်။ အခြားပြည်နယ်များမှ ရောက်ရှိနေသူများကို ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်ပို့လျက်ရှိသည်။ ဟိုချီမင်းမြို့က သူတောင်းစားများ၏ ၉၀ ရာခိုင်နှုန်းကျော်က အခြားပြည်နယ်များမှဖြစ်ကြောင်း လူမှုကူညီပေးရေးရုံးမှ အကြီးအကဲဖြစ်သူက ပြောခဲ့သည်။
- See more at: http://mizzimaburmese.com/article/10890#sthash.Vu9qDazR.HP4N312W.dpuf
0 comments:
Post a Comment