ကမ္ဘာ့သတင်း
ဘန်ကောက်ပို့စ်
ထိုင်ဝမ်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ရာ၌ တိုင်နန်းမြို့တွင် အဆောက်အအုံပြိုကျမှုများဖြစ်ရာ သေဆုံးဦးရေသည် ၂၄ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အရေးပေါ်တုံြ့ပန်ရေးတာဝန်ရှိသူများက   ပြောပြီး အပြိုအပျက်များအောက် ပိတ်မိနေသူ ၁၂၀ ကျော် ရှိကြောင်း သိရသည်။
ယင်းအဆောက်အအုံမှ ကယ်ဆယ်နိုင်ခဲ့သူပေါင်း ၁၈၀ ရှိကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ဆိုသည်။
................
ထိုင်ဝမ်ငလျင် သေဆုံးသူ ၂၄ ဦးအထိရှိလာ
ကမ္ဘာ့သတင်း
ဘန်ကောက်ပို့စ်
ထိုင်ဝမ်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ရာ၌ တိုင်နန်းမြို့တွင် အဆောက်အအုံပြိုကျမှုများဖြစ်ရာ သေဆုံးဦးရေသည် ၂၄ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အရေးပေါ်တုံ့ြ့ပန်ရေးတာဝန်ရှိသူများက   ပြောပြီး အပြိုအပျက်များအောက် ပိတ်မိနေသူ ၁၂၀ ကျော် ရှိကြောင်း သိရသည်။
လူဦးရေ ၁ ဒသမ ၉ သန်းနေထိုင်ရာ ယင်းမြို့တွင် အင်အား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်ကြောင့် အဆောက်အအုံ ၁၀ ခုကျော် ပြိုကျပြီး ဒဏ်ရာရသူပေါင်းမှာ အနည်ဆုံး ၅၀၀ ကျော်ရှိသည်။
ပြိုကျအဆောက်အအုံတစ်ခုတွင် အသက်ရှင်လျက်ရှိနေနိုင်သူ ၂၉ ဦးရှိနိုင်ကြောင်း မြို့တော်ဝန် ဝီလီယမ်လိုင်းက ပြောသည်။
ယင်းအဆောက်အအုံမှ ကယ်ဆယ်နိုုင်ခဲ့သူပေါင်း ၁၈၀ ရှိကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ဆိုသည်။
ကယ်ဆယ်ရေးများကို အထူးကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ အရေးပေါ်အဖွဲ့များက ဆောင်ရွက်လျက်ရှိနေကြောင်း ကြက်ခြေနီအဖွဲ့က ပြောသည်။
ဂျပန်အဖွဲ့တစ်ဖွဲ့၊ မီးသတ်ဌာနနှင့် ကမ်းခြေစောင့်တပ်ဖွဲ့များက အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုင်ဝမ်တွင် ပြင်းအားရစ်ချ်တာစကေး ၆ ကျော် ငလျင်များ ဆယ်စုနှစ်အနည်းငယ်အတွင်း အကြိမ်များများ လှုပ်ခဲ့သည်။ ၁၉၉၉ ခုနှစ် စက်တင်ဘာက အင်အားပြင်းငလျင်လှုပ်ခဲ့ရာ လူပေါင်း ၂၄၀၀ ကျော် သေဆုံးခဲ့သည်။
- See more at: http://mizzimaburmese.com/article/10892#sthash.t9cc3lCl.KqOAxrJK.dpuf
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment