ခရစ္ယာန္ ေက်ာင္းေတာ္ႀကီး ႏွစ္ခု ရဲ့ ေခါင္းေဆာင္ေတြ ေတြ႕ဆုံ

 ႏွစ္ ေပါင္း တစ္ေထာင္ နီးပါး အေရွ႕ျခမ္း နဲ႔ အေနာက္ျခမ္း ကြဲျပား ေနတဲ့ ေက်ာင္းေတာ္ ႏွစ္ခု ရဲ့ အေရး ေတြ ကို ေခါင္းေဆာင္ ႏွစ္ဦး ပြင့္ပြင့္လင္း လင့္ ေဆြးေႏြးခဲ့။
အႀကီးဆုံး ခရစ္ယာန္ ေက်ာင္းေတာ္ ႀကီး ႏွစ္ခု ျဖစ္တဲ့ ရိုမဲန္ ကက္သလစ္ ေက်ာင္းေတာ္ နဲ႔ ႐ုရွ ေအာ္သိုေဒါ့စ္ ေက်ာင္းေတာ္ ေတြ ရဲ့ ေခါင္းေဆာင္ ႏွစ္ဦး ေတြ႕ဆုံ ခဲ့ၾကၿပီ ျဖစ္ပါတယ္။

ေက်ာင္းေတာ္ ႏွစ္ခု အၾကား ဂိုဏ္းကြဲျပား မွု အေပၚ အေျခခံၿပီး ရာစုႏွစ္ ေပါင္း မ်ားစြာ ေရာေရာ ယွက္ယွက္ မရွိလွ ပဲ ေနခဲ့ ၾကတာ ကေန အခုေတာ့ ရိုမဲန္ ကက္သလစ္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ နဲ႔ ႐ုရွ ေအာ္သိုေဒါ့စ္ ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီး ေကရယ္လ္ တို႔ က်ဴးဘား နိုင္ငံ ၿမိဳ႕ေတာ္ ဟာဗားနားမွာ ေတြ႕ဆုံ ခဲ့ၾက ပါတယ္။

ခရစ္ယာန္ ေက်ာင္းေတာ္ႀကီး ႏွစ္ခု ရဲ့ ေခါင္းေဆာင္ ေတြကို က်ဴးဘား သမၼတ ရာအူးလ္ ကက္စ္ထရို က ဟားဗားနား ေလဆိပ္ မွာ သြားေရာက္ ႀကိဳဆို ခဲ့ ပါတယ္။

ခရစ္ယာန္ ဘာသာ ထဲ ႏွစ္ ေပါင္း တစ္ေထာင္ နီးပါး အေရွ႕ျခမ္း နဲ႔ အေနာက္ျခမ္း ကြဲျပား ေနတဲ့ ေက်ာင္းေတာ္ ႏွစ္ခု ရဲ့ အေရး ေတြ ကို ေခါင္းေဆာင္ ႏွစ္ဦး ပြင့္ပြင့္လင္း လင့္ ေဆြးေႏြး ခဲ့ ၾကၿပီး၊ ေက်ာင္းေတာ္ ႏွစ္ခု အတူတကြ အလုပ္လုပ္ သြား နိုင္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ဆိုပါတယ္။

႐ုရွ ေအာ္သိုေဒါ့စ္ ေက်ာင္းေတာ္ ရဲ့ ေပထရီယာ့ခ္ လို႔ ေခၚတဲ့ အႀကီးဆုံး ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီး ေကရယ္လ္ ကလည္း ကမၻာ တဝွမ္း က ခရစ္ယာန္ ေတြ ကို အကာအကြယ္ ျပဳ နိုင္ေရး မွာ ေက်ာင္းေတာ္ ေတြ အေနနဲ႔ တစ္ခု ကို ကူညီ ေဆာင္ရြက္ ၾကမယ္ လို႔ ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
...........
  နှစ် ပေါင်း တစ်ထောင် နီးပါး အရှေ့ခြမ်း နဲ့ အနောက်ခြမ်း ကွဲပြား နေတဲ့ ကျောင်းတော် နှစ်ခု ရဲ့ အရေး တွေ ကို ခေါင်းဆောင် နှစ်ဦး ပွင့်ပွင့်လင်း လင့် ဆွေးနွေးခဲ့။
အကြီးဆုံး ခရစ်ယာန် ကျောင်းတော် ကြီး နှစ်ခု ဖြစ်တဲ့ ရိုမဲန် ကက်သလစ် ကျောင်းတော် နဲ့ ရုရှ အော်သိုဒေါ့စ် ကျောင်းတော် တွေ ရဲ့ ခေါင်းဆောင် နှစ်ဦး တွေ့ဆုံ ခဲ့ကြပြီ ဖြစ်ပါတယ်။

ကျောင်းတော် နှစ်ခု အကြား ဂိုဏ်းကွဲပြား မှု အပေါ် အခြေခံပြီး ရာစုနှစ် ပေါင်း များစွာ ရောရော ယှက်ယှက် မရှိလှ ပဲ နေခဲ့ ကြတာ ကနေ အခုတော့ ရိုမဲန် ကက်သလစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့ ရုရှ အော်သိုဒေါ့စ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကေရယ်လ် တို့ ကျူးဘား နိုင်ငံ မြို့တော် ဟာဗားနားမှာ တွေ့ဆုံ ခဲ့ကြ ပါတယ်။

ခရစ်ယာန် ကျောင်းတော်ကြီး နှစ်ခု ရဲ့ ခေါင်းဆောင် တွေကို ကျူးဘား သမ္မတ ရာအူးလ် ကက်စ်ထရို က ဟားဗားနား လေဆိပ် မှာ သွားရောက် ကြိုဆို ခဲ့ ပါတယ်။

ခရစ်ယာန် ဘာသာ ထဲ နှစ် ပေါင်း တစ်ထောင် နီးပါး အရှေ့ခြမ်း နဲ့ အနောက်ခြမ်း ကွဲပြား နေတဲ့ ကျောင်းတော် နှစ်ခု ရဲ့ အရေး တွေ ကို ခေါင်းဆောင် နှစ်ဦး ပွင့်ပွင့်လင်း လင့် ဆွေးနွေး ခဲ့ ကြပြီး၊ ကျောင်းတော် နှစ်ခု အတူတကွ အလုပ်လုပ် သွား နိုင်မယ်လို့ မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆိုပါတယ်။

ရုရှ အော်သိုဒေါ့စ် ကျောင်းတော် ရဲ့ ပေထရီယာ့ခ် လို့ ခေါ်တဲ့ အကြီးဆုံး ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကေရယ်လ် ကလည်း ကမ္ဘာ တဝှမ်း က ခရစ်ယာန် တွေ ကို အကာအကွယ် ပြု နိုင်ရေး မှာ ကျောင်းတော် တွေ အနေနဲ့ တစ်ခု ကို ကူညီ ဆောင်ရွက် ကြမယ် လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment