ပီ႐ူးႏုိင္ငံ၌ ေသြးစုပ္လင္းႏုိ႔ ကုိက္ခဲမႈေၾကာင့္ ေခြး႐ူးျပန္ေရာဂါျဖင့္ ကေလး ၁၂ ဦးေသဆံုး


လီမာ ၊ ၁၃-၂-၂၀၁၆

ပီ႐ူးႏုိင္ငံ ေတာတြင္းေဒသမွ ကေလးသူငယ္ ၁၂ ဦးတုိ႔သည္ ေသြးစုပ္လင္းႏုိ႔ မ်ားကုိက္ခဲခံ ခဲ့ရၿပီးေနာက္ ေခြး႐ူးျပန္ ေရာဂါမ်ားျဖင့္ ေသဆံုးခဲ့ ရေၾကာင္း AP သတင္းဌာနက ယမန္ေန႔ တြင္ ေဖာ္ျပခဲ့သည္။

၂၀၁၅ ခုႏွစ္ စက္တင္ဘာလ ႏွင့္ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီ လၾကား ကာလအတြင္း ပီ႐ူးႏုိင္ငံ အေမဇုန္ သစ္ေတာေဒသမွ အသက္ရွစ္ႏွစ္ႏွင့္ ၁၅ ႏွစ္အၾကား ကေလးမ်ား ေသြးစုပ္လင္းႏုိ႔ ကိုက္ခဲခံရမႈ ေၾကာင့္ ေခြး ႐ူးျပန္ေရာဂါ မ်ားျဖင့္ ေသဆံုးခဲ့သည္။ ယင္း ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ေဒသခံမ်ားက စုန္းကေ၀မ်ား အေပၚ အျပစ္တင္ ခဲ့ေၾကာင္း ပီ႐ူးအစုိးရ က်န္းမာေရး ၀န္ႀကီးဌာန တာ၀န္ရွိ သူမ်ားက ေျပာၾကားခဲ့သည္။

သုိ႔ေသာ္ ေရာဂါလကၡဏာ မ်ားႏွင့္ ၄င္းတုိ႔၏ ေဆးဘက္ဆုိင္ရာ အစီရင္ခံစာ မ်ားအရ ေသဆံုးခဲ့သည့္ ကေလး ၁၂ ဦးတုိ႔မွ ျပင္းထန္သည့္ ေခြး႐ူးျပန္ေရာဂါ ကုိ ခံစားခဲ့ရျခင္း ျဖစ္ေၾကာင္း ပီ႐ူး အစုိးရ တာ၀န္ရွိသူ မ်ား၏ ေျပာျပခ်က္ အရ သိရသည္။



ေခြး႐ူးျပန္ေရာဂါ ႏွင့္ ေသဆံုးခဲ့ရေသာ ကေလးမ်ားသည္ အေမဇုန္ သစ္ေတာေဒသ ယန္ကြန္တစ္ခ်္ သစ္ေတာနယ္ေျမ ႏွင့္ အန္ကန္း သစ္ေတာနယ္ေျမ မ်ားတြင္ ေနထုိင္ၾကေသာ လူမ်ိဳးစု၀င္မ်ား ျဖစ္ၿပီး ေသြး စုပ္လင္းႏုိ႔ မ်ား၏ ကုိက္ခဲမႈကုိ ခံစားခဲ့ရေၾကာင္း သတင္းမ်ား၌ ေဖာ္ျပခဲ့သည္။

ေသြးစုပ္လင္းႏုိ႔ ကုိက္ခဲမႈေၾကာင့္ ေခြး႐ူးျပန္ေရာဂါမ်ား ျဖစ္ပြားခဲ့သည့္ အေမဇုန္ သစ္ေတာ ေဒသမ်ား သုိ႔ ေဆးဘက္ဆုိင္ရာ အကူအညီမ်ား အေရးေပၚ ေပးပုိ႔လ်က္ ရွိေၾကာင္း ပီ႐ူး က်န္းမာေရး ၀န္ႀကီးဌာနက ေျပာၾကား ခဲ့ေၾကာင္း သိရသည္။

PyiChitThar
http://www.pyichitthar.com
.........


လီမာ ၊ ၁၃-၂-၂၀၁၆

ပီရူးနိုင်ငံ တောတွင်းဒေသမှ ကလေးသူငယ် ၁၂ ဦးတို့သည် သွေးစုပ်လင်းနို့ များကိုက်ခဲခံ ခဲ့ရပြီးနောက် ခွေးရူးပြန် ရောဂါများဖြင့် သေဆုံးခဲ့ ရကြောင်း AP သတင်းဌာနက ယမန်နေ့ တွင် ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ နှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လကြား ကာလအတွင်း ပီရူးနိုင်ငံ အမေဇုန် သစ်တောဒေသမှ အသက်ရှစ်နှစ်နှင့် ၁၅ နှစ်အကြား ကလေးများ သွေးစုပ်လင်းနို့ ကိုက်ခဲခံရမှု ကြောင့် ခွေး ရူးပြန်ရောဂါ များဖြင့် သေဆုံးခဲ့သည်။ ယင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေသခံများက စုန်းကဝေများ အပေါ် အပြစ်တင် ခဲ့ကြောင်း ပီရူးအစိုးရ ကျန်းမာရေး ၀န်ကြီးဌာန တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

သို့သော် ရောဂါလက္ခဏာ များနှင့် ၄င်းတို့၏ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာ များအရ သေဆုံးခဲ့သည့် ကလေး ၁၂ ဦးတို့မှ ပြင်းထန်သည့် ခွေးရူးပြန်ရောဂါ ကို ခံစားခဲ့ရခြင်း ဖြစ်ကြောင်း ပီရူး အစိုးရ တာဝန်ရှိသူ များ၏ ပြောပြချက် အရ သိရသည်။


ခွေးရူးပြန်ရောဂါ နှင့် သေဆုံးခဲ့ရသော ကလေးများသည် အမေဇုန် သစ်တောဒေသ ယန်ကွန်တစ်ချ် သစ်တောနယ်မြေ နှင့် အန်ကန်း သစ်တောနယ်မြေ များတွင် နေထိုင်ကြသော လူမျိုးစုဝင်များ ဖြစ်ပြီး သွေး စုပ်လင်းနို့ များ၏ ကိုက်ခဲမှုကို ခံစားခဲ့ရကြောင်း သတင်းများ၌ ဖော်ပြခဲ့သည်။

သွေးစုပ်လင်းနို့ ကိုက်ခဲမှုကြောင့် ခွေးရူးပြန်ရောဂါများ ဖြစ်ပွားခဲ့သည့် အမေဇုန် သစ်တော ဒေသများ သို့ ဆေးဘက်ဆိုင်ရာ အကူအညီများ အရေးပေါ် ပေးပို့လျက် ရှိကြောင်း ပီရူး ကျန်းမာရေး ၀န်ကြီးဌာနက ပြောကြား ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment