![]() |
အခ်င္း မီတာ ၅၀၀ ရွိတဲ့ ကမၻာ့ အႀကီးဆုံး တယ္လီစကုပ္ကို အခုႏွစ္ထဲမွာ လုပ္ငန္း စမယ္လို႔ ဆို။ |
အေနာက္ေတာင္ပိုင္း ကြမ္က်ိဳး ျပည္နယ္မွာ ရွိတဲ့ အဲဒီ ဧရာမ တယ္လီစကုပ္ရဲ့ လၽွပ္စစ္ သံလိုက္လွိုင္းေတြနဲ႔ အေႏွာင့္အယွက္ မျဖစ္ေစဖို႔ အနီးအနားက ေနထိုင္သူေတြကို ေျပာင္းေရႊ႕ေပးမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
စၾကဝဠာထဲက ဉာဏ္ရည္ျမင့္ သက္ရွိေတြကို ရွာေဖြရာမွာ ဒီ တယ္လီစကုပ္ႀကီးက ပိုခရီးတြင္ ေစလိမ့္မယ္လို႔ အဲဒီ ပေရာဂ်က္ရဲ့ ေခါင္းေဆာင္ သိပၸံပညာရွင္က တ႐ုတ္ သတင္းဌာနကို ေျပာပါတယ္။
FAST လို႔ အမည္ေပးထားတဲ့ အခ်င္း မီတာ ၅၀၀ (ေပ ၁၆၄၀) ရွိတဲ့ အဲဒီ တယ္လီစကုပ္ ႀကီးရဲ့ လုပ္ငန္းေတြကို အခုႏွစ္ထဲမွာ စတင္မယ္လို႔ ဆိုပါတယ္။ အရင္က ကမၻာ အႀကီးဆုံး ျဖစ္ခဲ့တဲ့ ပူတိုရီကိုက တယ္လီစကုပ္က အခ်င္း မီတာ ၃၀၀ သာ ရွိပါတယ္။
တယ္လီစကုပ္နဲ႔ ၅ ကီလိုမီတာ အတြင္းက ေနထိုင္သူေပါင္း ၉,၁၁၀ ကို အခုႏွစ္ စက္တင္ဘာလ မတိုင္မီမွာ ေရႊ႕ေျပာင္း ေနရာခ်ထား ေပးသြားမယ္လို႔ ျပည္နယ္ အရာရွိေတြက ကတိျပဳ ထားေၾကာင္း ဆင္ဟြာ သတင္းဌာနက ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
..........
အချင်း မီတာ ၅၀၀ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံး တယ်လီစကုပ်ကို အခုနှစ်ထဲမှာ လုပ်ငန်း စမယ်လို့ ဆို။
တရုတ် နိုင်ငံမှာ တည်ဆောက် ထားတဲ့ ကမ္ဘာ့ အကြီးဆုံး ရေဒီယို တယ်လီစကုပ်ကြီး အနီးက လူပေါင်း တစ်သောင်း နီးပါးကို ပြောင်းရွှေ့ နေရာ ချထားဖို့ တရုတ် အစိုးရက စီစဉ် နေပါတယ်။
အနောက်တောင်ပိုင်း ကွမ်ကျိုး ပြည်နယ်မှာ ရှိတဲ့ အဲဒီ ဧရာမ တယ်လီစကုပ်ရဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေနဲ့ အနှောင့်အယှက် မဖြစ်စေဖို့ အနီးအနားက နေထိုင်သူတွေကို ပြောင်းရွှေ့ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စကြဝဠာထဲက ဉာဏ်ရည်မြင့် သက်ရှိတွေကို ရှာဖွေရာမှာ ဒီ တယ်လီစကုပ်ကြီးက ပိုခရီးတွင် စေလိမ့်မယ်လို့ အဲဒီ ပရောဂျက်ရဲ့ ခေါင်းဆောင် သိပ္ပံပညာရှင်က တရုတ် သတင်းဌာနကို ပြောပါတယ်။
FAST လို့ အမည်ပေးထားတဲ့ အချင်း မီတာ ၅၀၀ (ပေ ၁၆၄၀) ရှိတဲ့ အဲဒီ တယ်လီစကုပ် ကြီးရဲ့ လုပ်ငန်းတွေကို အခုနှစ်ထဲမှာ စတင်မယ်လို့ ဆိုပါတယ်။ အရင်က ကမ္ဘာ အကြီးဆုံး ဖြစ်ခဲ့တဲ့ ပူတိုရီကိုက တယ်လီစကုပ်က အချင်း မီတာ ၃၀၀ သာ ရှိပါတယ်။
တယ်လီစကုပ်နဲ့ ၅ ကီလိုမီတာ အတွင်းက နေထိုင်သူပေါင်း ၉,၁၁၀ ကို အခုနှစ် စက်တင်ဘာလ မတိုင်မီမှာ ရွှေ့ပြောင်း နေရာချထား ပေးသွားမယ်လို့ ပြည်နယ် အရာရှိတွေက ကတိပြု ထားကြောင်း ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment