![]() |
ေဆး႐ုံေတြကို တမင္ ရည္ရြယ္ တိုက္ခိုက္ခဲ့တာလို႔ MSF အဖြဲ႕က ေျပာ။ |
ကရင္မလင္ ေျပာခြင့္ရသူ ဒမစ္ထရီ ပက္စ္ေကာ့ဗ္က 'အဲဒီလို စြပ္စြဲ ေျပာဆိုသူေတြဟာ သက္ေသ အေထာက္အထား မျပနိုင္တဲ့ သူေတြပါပဲ' လို႔ ေျပာပါတယ္။
တနလၤာေန႔က ဆီးရီးယား ေျမာက္ပိုင္း၊ သူပုန္ နယ္ေျမထဲက ေဆး႐ုံေပါင္း အနည္းဆုံး ၄ ႐ုံနဲ႔ စာသင္ေက်ာင္း တစ္ေက်ာင္းကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ခဲ့လို႔ လူ ၅၀ ေလာက္အထိ ေသဆုံး ခဲ့ရတာ ျဖစ္ပါတယ္။
ကုလ သမဂၢ ကေတာ့ အဲဒီလို ေဆး႐ုံေတြနဲ႔ ေဆးအဖြဲ႕ေတြကို တမင္ ရည္ရြယ္ တိုက္ခိုက္တာဟာ စစ္ရာဇဝတ္မွု ေျမာက္တယ္လို႔ ေျပာပါတယ္။
အဲဒီ တိုက္ခိုက္မွုေတြ အတြက္ ႐ုရွားမွာ တာဝန္ရွိတယ္လို႔ တူရကီ အပါအဝင္ တျခား နိုင္ငံေတြက စြပ္စြဲ ၾကပါတယ္။
တစ္ခ်ိန္တည္းမွာ တူရကီ အရာရွိ တစ္ဦးက ဆီးရီးယားမွာ ေျမျပင္ တိုက္ပြဲေတြ ျပဳလုပ္မယ္ ဆိုရင္ တူရကီရဲ့ မိတ္ေဆြ နိုင္ငံေတြနဲ႔ ျပဳလုပ္မွသာ ေထာက္ခံမယ္လို႔ အဂၤါေန႔က ေျပာပါတယ္။
ငါးႏွစ္နီးပါး ၾကာလာတဲ့ ဆီးရီးယား စစ္ပြဲေတြေၾကာင့္ လူ ႏွစ္သိန္းခြဲေက်ာ္ ေသဆုံးခဲ့ရၿပီး ျဖစ္သလို၊ ၁၁ သန္းေက်ာ္ ေနရပ္ စြန္႔ခြာ ခဲ့ၾကရၿပီး ျဖစ္ပါတယ္။
BBC Burmese
http://www.bbc.com/burmese
...........
ဆေးရုံတွေကို တမင် ရည်ရွယ် တိုက်ခိုက်ခဲ့တာလို့ MSF အဖွဲ့က ပြော။
ဆီးရီးယား ဆေးရုံတွေကို ရုရှားက ဗုံးကြဲ တိုက်ခိုက် ခဲ့တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာ ဖြစ်တယ် ဆိုပြီး စွပ်စွဲ ပြောဆို နေမှုတွေကို ရုရှားက'အကြွင်းမဲ့ ငြင်းဆိုတယ်' လို့ ပြောလိုက်ပါတယ်။
ကရင်မလင် ပြောခွင့်ရသူ ဒမစ်ထရီ ပက်စ်ကော့ဗ်က 'အဲဒီလို စွပ်စွဲ ပြောဆိုသူတွေဟာ သက်သေ အထောက်အထား မပြနိုင်တဲ့ သူတွေပါပဲ' လို့ ပြောပါတယ်။
တနင်္လာနေ့က ဆီးရီးယား မြောက်ပိုင်း၊ သူပုန် နယ်မြေထဲက ဆေးရုံပေါင်း အနည်းဆုံး ၄ ရုံနဲ့ စာသင်ကျောင်း တစ်ကျောင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ လူ ၅၀ လောက်အထိ သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။
ကုလ သမဂ္ဂ ကတော့ အဲဒီလို ဆေးရုံတွေနဲ့ ဆေးအဖွဲ့တွေကို တမင် ရည်ရွယ် တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေ အတွက် ရုရှားမှာ တာဝန်ရှိတယ်လို့ တူရကီ အပါအဝင် တခြား နိုင်ငံတွေက စွပ်စွဲ ကြပါတယ်။
တစ်ချိန်တည်းမှာ တူရကီ အရာရှိ တစ်ဦးက ဆီးရီးယားမှာ မြေပြင် တိုက်ပွဲတွေ ပြုလုပ်မယ် ဆိုရင် တူရကီရဲ့ မိတ်ဆွေ နိုင်ငံတွေနဲ့ ပြုလုပ်မှသာ ထောက်ခံမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။
ငါးနှစ်နီးပါး ကြာလာတဲ့ ဆီးရီးယား စစ်ပွဲတွေကြောင့် လူ နှစ်သိန်းခွဲကျော် သေဆုံးခဲ့ရပြီး ဖြစ်သလို၊ ၁၁ သန်းကျော် နေရပ် စွန့်ခွာ ခဲ့ကြရပြီး ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment