အိႏိၵယႏိုင္ငံ အေရွ႕ပိုင္းတြင္ ယာဥ္တိုက္ခံရမႈေၾကာင့္ ၁၀ဦးေသဆံုးကာ ၁၅ဦးဒဏ္ရာရရွိ


   နယူးေဒလီ၊ ေဖေဖာ္ဝါရီ ၁၅ ရက္ (ဆင္ဟြာ)

    အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း Jharkhand ျပည္နယ္ တြင္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေသာ ေၾကာင့္ လူ ၁၀ ဦး ေသဆံုးကာ ၁၅ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔က ေျပာၾကားလိုက္သည္။

ျပည္နယ္၏ Giridih ေဒသတြင္ ျပဳလုပ္သည့္ ရုပ္တု ေရေမွ်ာပြဲတြင္ ပါဝင္ ဆင္ႏႊဲသည့္ လူတန္းအား ထရပ္ကား တစ္စီး ကတိုက္မိခဲ့ေသာေၾကာင့္ လူေသဆံုးမႈ ျဖစ္ပြားခဲ့ရေၾကာင္း အခင္းျဖစ္ပြားရာတြင္ ရွိခဲ့သည့္ အမည္မေဖာ္လိုသူ တစ္ဦးကေျပာၾကားခဲ့သည္။

ေသဆံုးသူ ၁၀ ဦးတြင္ အမ်ားစုမွာ ဆယ္ေက်ာ္သက္မ်ား ႏွင့္ကေလးမ်ားျဖစ္ျပီး ၄င္းတို႕သည္အခင္းျဖစ္ပြားရာ၌ ပင္ ေသဆံုးခဲ့ရကာ ဒဏ္ရာရရွိသူမ်ားအား ေဒသတြင္း ေဆးရံုတစ္ခုသို႕ ပိုေဆာင္ထားျပီး အခ်ဳိ႕မွာ အေျခအေန စိုးရိမ္ရေၾကာင္း တာဝန္ရွိသူက ေျပာၾကားခဲ့သည္။

မ်က္ျမင္သက္ေသတစ္ဦးက ထရပ္အား အရွိန္ျပင္းစြာ ေမာင္းႏွင္လာေသာ ကားဒရုိင္ဘာသည္ အရွိန္မထိန္း ႏုိင္ေသာေၾကာင့္ ထိုသို႕ျဖစ္ခဲ့ရသည္ဟု ရဲတပ္ဖြဲ႕အား ေျပာၾကားခဲ့ေသာ္လည္း အဆုိပါ ျဖစ္ရပ္အား စံုးစမ္းစစ္ေဆးရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။

ျပည္နယ္အစိုးရက ေသဆံုးသူတစ္ဦးခ်င္း၏ မိသားစုမ်ားအား ေလ်ာ္ေၾကးေငြ ရူပီး တစ္သိန္း (အေမရိကန္ေဒၚလာ ၁၈၀၀) စီေပးရန္ ေၾကညာခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
.............


   နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ် တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ကြောင့် လူ ၁၀ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြောကြားလိုက်သည်။

ပြည်နယ်၏ Giridih ဒေသတွင် ပြုလုပ်သည့် ရုပ်တု ရေမျှောပွဲတွင် ပါဝင် ဆင်နွှဲသည့် လူတန်းအား ထရပ်ကား တစ်စီး ကတိုက်မိခဲ့သောကြောင့် လူသေဆုံးမှု ဖြစ်ပွားခဲ့ရကြောင်း အခင်းဖြစ်ပွားရာတွင် ရှိခဲ့သည့် အမည်မဖော်လိုသူ တစ်ဦးကပြောကြားခဲ့သည်။

သေဆုံးသူ ၁၀ ဦးတွင် အများစုမှာ ဆယ်ကျော်သက်များ နှင့်ကလေးများဖြစ်ပြီး ၄င်းတို့သည်အခင်းဖြစ်ပွားရာ၌ ပင် သေဆုံးခဲ့ရကာ ဒဏ်ရာရရှိသူများအား ဒေသတွင်း ဆေးရုံတစ်ခုသို့ ပိုဆောင်ထားပြီး အချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

မျက်မြင်သက်သေတစ်ဦးက ထရပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားဒရိုင်ဘာသည် အရှိန်မထိန်း နိုင်သောကြောင့် ထိုသို့ဖြစ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့အား ပြောကြားခဲ့သော်လည်း အဆိုပါ ဖြစ်ရပ်အား စုံးစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ပြည်နယ်အစိုးရက သေဆုံးသူတစ်ဦးချင်း၏ မိသားစုများအား လျော်ကြေးငွေ ရူပီး တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၈၀၀) စီပေးရန် ကြေညာခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment