ပေါင် ၇၀ အထိဝိတ်ချပြီးမှာ ပရိသတ်ရှေ့ကို ပြန်လာချင်နေတဲ့ ကင်မ်ကာဒစ်ရှန်








( Paing A K )


Ref : ACESHOWBIZ

........................................

ပေါင် ရ၀ အထိဝိတ်ချပြီးမှာ ပရိသတ်ရှေ့ကို ပြန်လာချင်နေတဲ့ ကင်မ်ကာဒစ်ရှန်

Kim Kardashian (ကင်မ်ကာဒစ်ရှန်)ကတော့ သူမရဲ့ အမိုက်ဆုံးဖြစ်နေတဲ့ ခန္ဒာကိုယ်အလှကို အမြဲထိန်းသိမ်းထားချင်နေပါတယ်။ Keeping Up With The Kardashians ရုပ်သံစတားဟာဆိုရင်တော့ ကလေးမွေးပြီးတဲ့နောက်မှာ အဝလွန်နေတာကြောင့် ဝိတ်ချလိုနေတယ်လို့ သိရပါတယ်။

Kanye West  (ကာညေးဝက်စ်)နဲ့ ရတဲ့ သားလေး Saint West ကို မွေးဖွားပြီးတဲ့နောက်မှာတော့ ကင်မ်ကာဒစ်ရှန်ဟာ သူမရဲ့ အမြဲတမ်းဆွဲဆောင်မှုရှိနေတဲ့ ကောက်ကြောင်းတွေကို ပြန်ရဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

နီးစပ်သူတစ်ယောက်ရဲ့ အဆိုအရတော့ ကင်မ်ဟာဆိုရင်တော့ သူမရဲ့ ခန္ဒာကိုယ်ကို ကြည့်ကောင်းလောက်တဲ့ အထိ ဝိတ်ချလိုနေပြီးတော့ ဝိတ်ကျသွားချိန်မှလည်း အပြင်လောကကို ပြန်ထွက်ချင်နေတယ်လို့ သိရပါတယ်။ ကင်မ်ဟာဆိုရင်တော့ အခုလိုပုံစံကနေ အမြန်လွန်မြောက်ချင်နေပြီး ကလေးနို့ပြတ်သွားချိန်မှာမှ ပြန်ပြီး မော်ဒယ်အဖြစ် လုပ်ကိုင်နေလိုတာဖြစ်ပါတယ်။

ကင်မ်ဟာဆိုရင်တော့ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့အညီစားသောက်နေပြီး သားလေး Saint West ကို မီဒီယာတွေကို ထုတ်ပြတဲ့အချိန်မှာလည်း သူမရဲ့ ကိုယ်နေဟန်ထားဟာ အလှဆုံးအနေအထားမှာ ရှိနေချင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

သူမဟာ အခုအချိန်တည်းကရင်း ဝိတ်စချနေခဲ့ပြီး ပေါင် ၃၀ အထိချနိုင်ခဲ့ပါပြီ။ ဒါပေမယ့်လည်း ကင်မ်ကတော့ နောက်ထပ် ပေါင် ၄၀ ကို ချနိုင်ဖို့ ပစ်မှတ်ထားလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : ACESHOWBIZ





Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment