![]() |
ကာ့ဒ္ သူပုန္ ေတြ က သူတို႔ အေနနဲ႔ သိမ္းပိုက္ ေၿမ ေတြ ကေန ဆုတ္ခြာ သြားမွာ မဟုတ္ဘူး လို႔ေျပာ။
|
ဒီ တိုက္ခိုက္မွု ေတြဟာ ဆီးရီးယား ျပည္တြင္းေရးကို တူရကီ က ဝင္ေရာက္ စြက္ဖက္ ေနတာ ျဖစ္တယ္လို႔ ပစ္မွတ္ထား ခံေနရတဲ့ ကာ့ဒ္ သူပုန္ ေတြ က ေျပာသလို၊ သူတို႔ အေနနဲ႔ သိမ္းပိုက္ ေၿမ ေတြ ကေန ဆုတ္ခြာ သြားမွာ မဟုတ္ဘူး လို႔လည္း ဆိုပါတယ္။
တူရကီ ရဲ့ အျပဳအမူဟာ ဆီးရီးယား နိုင္ငံရဲ့ အခ်ဳပ္အျခာ အာဏာကို ခ်ိဳးေဖာက္ ရာ ေရာက္တယ္ ဆိုၿပီး ဆီးရီးယား အစိုးရ ကလည္း ရွုတ္ခ် ခဲ့ၿပီး ကုလသမဂၢရဲ့ လုံျခဳံေရး ေကာင္စီ အေနနဲ႔ ဒီ အေရး ကိစၥ အေပၚ အေရးယူ ေပးပါ လို႔လည္း ေတာင္းဆို လိုက္ပါတယ္။
တူရကီ အစိုးရ နဲ႔ေရာ ဆီးရီးယား ထဲက ကာ့ဒ္ တပ္ဖြဲ႕ နဲ႔ပါ မဟာမိတ္ ျဖစ္ေနတဲ့ အေမရိကန္ ကေတာ့ အခု ျဖစ္ေပၚ လာေနတဲ့ တင္းမာ မွု ေတြ အေပၚ စိုးရိမ္ ေနပါတယ္။
ဒီအခ်ိန္မွာပဲ၊ ဆီးရီး နိုင္ငံထဲ ကို နိုင္ငံတကာ ကေန ေျမျပင္ တပ္ေတြ ပါ ေစလႊတ္ ေနရာ ခ် ထား လာမယ္ ဆိုရင္ ဆီးရီးယား ျပည္တြင္းစစ္ဟာ အျပင္းထန္ဆုံး အၾကာေညာင္းဆုံး လက္နက္ကိုင္ ပဋိပကၡ ျဖစ္လာလိမ့္မယ္ ဆိုၿပီး အေမရိကန္ ကို ႐ုရွား ဝန္ႀကီးခ်ဳပ္ ဒီမက္ႀထီ မက္ဒ္ေဗးဒက္ဗ္ က သတိ ေပးလိုက္ ပါတယ္။
ဆီးရီးယား ၿငိမ္းခ်မ္းေရး နဲ႔ ပတ္သက္ၿပီး ႀကိဳးစား ေနသမၽွ မေအာင္မျမင္ ျဖစ္ေနဦးမယ္ ဆိုရင္ ဆီးရီးယား စစ္ပြဲ ထဲ နိုင္ငံျခား တပ္ ေတြ အခုထက္ ပိုၿပီး ပါဝင္ ပတ္သက္ လာနိုင္တယ္ လို႔ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး ဂၽြန္ကယ္ရီ က ေျပာဆို ခဲ့တဲ့ အေပၚ ႐ုရွားက အခုလို တုံ႔ျပန္ လာတာ ျဖစ္ပါတယ္။
အေစာပိုင္းတုန္းကေတာ့ အေမရိကန္ သမၼတ အိုဘားမားက ႐ုရွား သမၼတ ပူတင္ ဆီကို တယ္လီဖုန္း ေခၚဆိုၿပီး ဆီးရီးယား နိုင္ငံထဲက အစြန္းေရာက္ မဟုတ္တဲ့ အဖြဲ႕ေတြ ကို ႐ုရွားက ေလေၾကာင္း တိုက္ခိုက္ ေနတာ ေတြ ရပ္တန္႔ဖို႔ တိုက္တြန္း ခဲ့ပါ တယ္။
BBC Burmese
http://www.bbc.com/burmese
.........
ကာ့ဒ် သူပုန် တွေ က သူတို့ အနေနဲ့ သိမ်းပိုက် မြေ တွေ ကနေ ဆုတ်ခွာ သွားမှာ မဟုတ်ဘူး လို့ပြော။
ဆီးရီးယား နိုင်ငံထဲ ကာ့ဒ်မျိုးနွယ်စု သူပုန် တွေ လတ်တလော သိမ်းပိုက် ထားတဲ့ နေရာ တွေကို တူရကီ က နှစ်ရက် မြောက် အဖြစ် လက်နက်ကြီး တွေ နဲ့ နယ်စပ် ဖြတ်ကျော် ပစ်ခတ် ခဲ့ ပါတယ်။
ဒီ တိုက်ခိုက်မှု တွေဟာ ဆီးရီးယား ပြည်တွင်းရေးကို တူရကီ က ဝင်ရောက် စွက်ဖက် နေတာ ဖြစ်တယ်လို့ ပစ်မှတ်ထား ခံနေရတဲ့ ကာ့ဒ် သူပုန် တွေ က ပြောသလို၊ သူတို့ အနေနဲ့ သိမ်းပိုက် မြေ တွေ ကနေ ဆုတ်ခွာ သွားမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။
တူရကီ ရဲ့ အပြုအမူဟာ ဆီးရီးယား နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက် ရာ ရောက်တယ် ဆိုပြီး ဆီးရီးယား အစိုးရ ကလည်း ရှုတ်ချ ခဲ့ပြီး ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီ အနေနဲ့ ဒီ အရေး ကိစ္စ အပေါ် အရေးယူ ပေးပါ လို့လည်း တောင်းဆို လိုက်ပါတယ်။
တူရကီ အစိုးရ နဲ့ရော ဆီးရီးယား ထဲက ကာ့ဒ် တပ်ဖွဲ့ နဲ့ပါ မဟာမိတ် ဖြစ်နေတဲ့ အမေရိကန် ကတော့ အခု ဖြစ်ပေါ် လာနေတဲ့ တင်းမာ မှု တွေ အပေါ် စိုးရိမ် နေပါတယ်။
ဒီအချိန်မှာပဲ၊ ဆီးရီး နိုင်ငံထဲ ကို နိုင်ငံတကာ ကနေ မြေပြင် တပ်တွေ ပါ စေလွှတ် နေရာ ချ ထား လာမယ် ဆိုရင် ဆီးရီးယား ပြည်တွင်းစစ်ဟာ အပြင်းထန်ဆုံး အကြာညောင်းဆုံး လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာလိမ့်မယ် ဆိုပြီး အမေရိကန် ကို ရုရှား ဝန်ကြီးချုပ် ဒီမက်ထြီ မက်ဒ်ဗေးဒက်ဗ် က သတိ ပေးလိုက် ပါတယ်။
ဆီးရီးယား ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး ကြိုးစား နေသမျှ မအောင်မမြင် ဖြစ်နေဦးမယ် ဆိုရင် ဆီးရီးယား စစ်ပွဲ ထဲ နိုင်ငံခြား တပ် တွေ အခုထက် ပိုပြီး ပါဝင် ပတ်သက် လာနိုင်တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောဆို ခဲ့တဲ့ အပေါ် ရုရှားက အခုလို တုံ့ပြန် လာတာ ဖြစ်ပါတယ်။
အစောပိုင်းတုန်းကတော့ အမေရိကန် သမ္မတ အိုဘားမားက ရုရှား သမ္မတ ပူတင် ဆီကို တယ်လီဖုန်း ခေါ်ဆိုပြီး ဆီးရီးယား နိုင်ငံထဲက အစွန်းရောက် မဟုတ်တဲ့ အဖွဲ့တွေ ကို ရုရှားက လေကြောင်း တိုက်ခိုက် နေတာ တွေ ရပ်တန့်ဖို့ တိုက်တွန်း ခဲ့ပါ တယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment