ဆီးရီးယားေလေၾကာင္း တုိက္ခိုက္မႈ ရပ္ဖို႔ ရုရွားကို ကန္ တိုက္တြန္း

ရုရွားသမၼတ Valdimir Putin ကို အေမရိကန္သမၼတ Barack Obama က တယ္လီဖုန္း ဆက္သြယ္စကားေျပာခဲ့။
ဆီးရီးယားႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ အေရးကိစၥမွာ အျပဳသေဘာေဆာင္တဲ့ က႑ကေနပါ၀င္ၿပီး ဆီးရီးယားႏိုင္ငံအတြင္းက အတိုက္အခံ တပ္ဖြဲ႕ေတြအေပၚ ေလေၾကာင္းကေနၿပီး တိုက္ခိုက္ေနမႈေတြကို ရပ္ဆိုင္းဖို႔ ရုရွားသမၼတ Valdimir Putin ကို အေမရိကန္သမၼတ Barack Obama က ေတာင္းဆိုလိုက္ပါတယ္။

ႏို္င္ငံေခါင္းေဆာင္ ၂ ဦးဟာ သေဘာတူညီမႈရဖို႕အတြက္ တယ္လီဖုန္းနဲ႔ ေျပာဆိုေဆြးေႏြးခဲ့ၾကၿပီး သေဘာတူညီခ်က္ကိုေတာ့ၿပီးခဲ့တဲ့ သတင္းပတ္အတြင္း ႏိုင္ငံေပါင္း ၁၇ ႏိုင္ငံ ပါ၀င္တဲ့ ႏိုင္ငံတကာ ဆီးရီးယား ေထာက္ပံ့ကူညီေရးအဖြဲ႕က ရရွိခဲ့တာျဖစ္တယ္လို႔ တနဂၤေႏြေန႔ သမၼတအိမ္ျဖဴေတာ္ကေန ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ဆီးရီးယားႏိုင္ငံအတြင္း ၀ိုင္း၀န္းပိတ္ဆို႔ခံထားရတဲ့ အရပ္ေဒသေတြက လူေတြအတြက္ လိုအပ္တဲ့ အကူအညီေပးမႈေတြ အျမန္ဆံုး အေကာင္အထည္ေဖၚလုပ္ေဆာင္ဖို႔ အေရးႀကီးတဲ့အေၾကာင္း သမၼတ Obama က ေၾကညာခ်က္ထဲမွာေျပာထားပါတယ္။

ေနာက္ပိုင္း ဆီးရီးယားႏိုင္ငံအတြင္း တပတ္အတြင္း အပစ္အခတ္ရပ္ဆိုင္းမယ္ ဆိုတဲ့ အစီအစဥ္ကို အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး John Kerry နဲ႔ ရုရွားႏိုင္ငံျခားေရး၀န္ႀကီး Sergei Lavrov တို႔က ေၾကညာခဲ့ၿပီး ရက္ပိုင္း အၾကာမွာ အခုလို Obama-Putin ေဆြးေႏြးမႈ ေပၚေပါက္ လာတာ ျဖစ္ပါတယ္။ အပစ္ခတ္ရပ္ဆိုင္ရပ္ဆိုင္းေရးကေတာ့ ေနာက္ပိုင္းမွာမွ ေၾကညာမွာ ျဖစ္ပါတယ္။

ဆီးရီးယားႏိုင္ငံအတြင္းက IS အစၥလာမ္မစ္ စစ္ေသြးၾကြေတြကို ပစ္မွတ္ထားတယ္ ဆိုၿပီးေတာ့ ရုရွားရဲ႕ တိုက္ခိုက္မႈေတြကို ၿပီးခဲ့တဲ့ စက္တင္ဘာလ ေႏွာင္းပိုင္းမွာ စတင္ခဲ့တာပါ။ ဒါေပမဲ့ အေနာက္ႏိုင္ငံအစိုးရေတြကေတာ့ ရုရွားရဲ႕ တိုက္ခိုက္မႈေတြဟာ ဆီးရီးယား သမၼတ Bashar al-Assad ကို ဆန္႔က်င္တဲ့ အစြန္းမေရာက္တဲ့ အုပ္စုေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနတယ္လို႔ ေျပာေနၾကပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
 ရုရှားသမ္မတ Valdimir Putin ကို အမေရိကန်သမ္မတ Barack Obama က တယ်လီဖုန်း ဆက်သွယ်စကားပြောခဲ့။
ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရေးကိစ္စမှာ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေပါ၀င်ပြီး ဆီးရီးယားနိုင်ငံအတွင်းက အတိုက်အခံ တပ်ဖွဲ့တွေအပေါ် လေကြောင်းကနေပြီး တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းဖို့ ရုရှားသမ္မတ Valdimir Putin ကို အမေရိကန်သမ္မတ Barack Obama က တောင်းဆိုလိုက်ပါတယ်။

နို်င်ငံခေါင်းဆောင် ၂ ဦးဟာ သဘောတူညီမှုရဖို့အတွက် တယ်လီဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်ကိုတော့ပြီးခဲ့တဲ့ သတင်းပတ်အတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါ၀င်တဲ့ နိုင်ငံတကာ ဆီးရီးယား ထောက်ပံ့ကူညီရေးအဖွဲ့က ရရှိခဲ့တာဖြစ်တယ်လို့ တနင်္ဂနွေနေ့ သမ္မတအိမ်ဖြူတော်ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း ၀ိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ အရပ်ဒေသတွေက လူတွေအတွက် လိုအပ်တဲ့ အကူအညီပေးမှုတွေ အမြန်ဆုံး အကောင်အထည်ဖေါ်လုပ်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း သမ္မတ Obama က ကြေညာချက်ထဲမှာပြောထားပါတယ်။

နောက်ပိုင်း ဆီးရီးယားနိုင်ငံအတွင်း တပတ်အတွင်း အပစ်အခတ်ရပ်ဆိုင်းမယ် ဆိုတဲ့ အစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့က ကြေညာခဲ့ပြီး ရက်ပိုင်း အကြာမှာ အခုလို Obama-Putin ဆွေးနွေးမှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ အပစ်ခတ်ရပ်ဆိုင်ရပ်ဆိုင်းရေးကတော့ နောက်ပိုင်းမှာမှ ကြေညာမှာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းက IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတယ် ဆိုပြီးတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ စတင်ခဲ့တာပါ။ ဒါပေမဲ့ အနောက်နိုင်ငံအစိုးရတွေကတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ ဆီးရီးယား သမ္မတ Bashar al-Assad ကို ဆန့်ကျင်တဲ့ အစွန်းမရောက်တဲ့ အုပ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ပြောနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment