![]() |
ယူနန္ျပည္နယ္ရွိ ခရီးသြား ဧည့္သည္မ်ား စည္ကားရာ လမ္းမထက္သို႔ ေရာက္ရွိလာေသာ ဆင္ရုိင္း တစ္ေကာင္အား ေတြ႕ရစဥ္ (ဓာတ္ပံု-အင္တာနက္) |
တရုတ္ႏုိင္ငံ အေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္ရွိ ခရီးသြားဧည့္သည္မ်ား စည္ကားရာ လမ္းမထက္သို႕ အာရွဆင္ရုိင္း တစ္ေကာင္ ေရာက္ရွိလာၿပီး ရပ္ထားသည့္ ေမာ္ေတာ္ကားမ်ားစြာကို ဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။
က်န္းစြန္မား အမည္ရိွ အဆိုပါ ဆင္မသည္ ရွီးရႊန္းဘန္နဒိုင္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသရွိ ေတာရိုင္းဆင္မ်ား ရွိရာ ရႈခင္းၾကည့္ဧရိယာမွ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႕ ညေန ၄ နာရီတြင္ အဓိက လမ္းမႀကီးေပၚသုိ႔ လမ္းမွား ေရာက္ရွိလာျခင္း ျဖစ္ေၾကာင္း ေဒသဆိုင္ရာ ျပည္သူ႕ အာဏာ ပိုင္မ်ားက ေျပာၾကားခဲ့သည္။
ဆင္ရိုင္းသည္ လမ္းမေပၚတြင္ မိနစ္ ၂၀ ခန္႔ ေျပးလႊားေနခဲ့ၿပီး ခရီးသြားမ်ား၏ ရပ္နားထားသည့္ ကား ၁၅ စီးကို ဖ်က္စီးခဲ့ကာ အစာ ရွာေဖြရန္ အတြက္ ရႈခင္း ၾကည့္စခန္းသို႕ ျပန္လည္ ထြက္ခြာသြားေၾကာင္း သိရသည္။
ရႈခင္းၾကည့္ ဧရိယာမွ တာဝန္ရွိသူမ်ား ႏွင့္ အာမခံ ကုမၸဏီမ်ားသည္ ေလ်ာ္ေၾကးမ်ား ေပးႏိုင္ရန္ ေမာ္ေတာ္ကား မ်ား၏ ပ်က္စီးမႈ အေျခအေနကို လာေရာက္ စစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။
ရႈခင္းၾကည့္ ဧရိယာမွ ဝန္ထမ္းတစ္ဦးက အဆိုပါေဒသတြင္ ေျခာက္ေသြ႕ ရာသီ ေရာက္ရွိလာပါက ဆင္မ်ားသည္ ပိုမို ျမဴးတူး လာတတ္ေသာ္လည္း ထိုကဲ့သုိ႕ လမ္းမႀကီးေပၚသုိ႕ ေရာက္ရွိလာျခင္း မရိွတတ္ေၾကာင္း ေျပာၾကားခဲ့သည္။
(Xinhua)
http://www.xinhuamyanmar.com
.......
ယူနန်ပြည်နယ်ရှိ ခရီးသွား ဧည့်သည်များ စည်ကားရာ လမ်းမထက်သို့ ရောက်ရှိလာသော ဆင်ရိုင်း တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ကူမင်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ခရီးသွားဧည့်သည်များ စည်ကားရာ လမ်းမထက်သို့ အာရှဆင်ရိုင်း တစ်ကောင် ရောက်ရှိလာပြီး ရပ်ထားသည့် မော်တော်ကားများစွာကို ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ကျန်းစွန်မား အမည်ရှိ အဆိုပါ ဆင်မသည် ရှီးရွှန်းဘန်နဒိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ တောရိုင်းဆင်များ ရှိရာ ရှုခင်းကြည့်ဧရိယာမှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် အဓိက လမ်းမကြီးပေါ်သို့ လမ်းမှား ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ ပြည်သူ့ အာဏာ ပိုင်များက ပြောကြားခဲ့သည်။
ဆင်ရိုင်းသည် လမ်းမပေါ်တွင် မိနစ် ၂၀ ခန့် ပြေးလွှားနေခဲ့ပြီး ခရီးသွားများ၏ ရပ်နားထားသည့် ကား ၁၅ စီးကို ဖျက်စီးခဲ့ကာ အစာ ရှာဖွေရန် အတွက် ရှုခင်း ကြည့်စခန်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
ရှုခင်းကြည့် ဧရိယာမှ တာဝန်ရှိသူများ နှင့် အာမခံ ကုမ္ပဏီများသည် လျော်ကြေးများ ပေးနိုင်ရန် မော်တော်ကား များ၏ ပျက်စီးမှု အခြေအနေကို လာရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှုခင်းကြည့် ဧရိယာမှ ဝန်ထမ်းတစ်ဦးက အဆိုပါဒေသတွင် ခြောက်သွေ့ ရာသီ ရောက်ရှိလာပါက ဆင်များသည် ပိုမို မြူးတူး လာတတ်သော်လည်း ထိုကဲ့သို့ လမ်းမကြီးပေါ်သို့ ရောက်ရှိလာခြင်း မရှိတတ်ကြောင်း ပြောကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment