![]() |
ပုပ္ရဟန္းမင္းႀကီး မက္ဆီကိုမွာ အလည္အပတ္ ေရာက္ရွိေန |
သူ႔ရဲ့ဒီခရီးစဥ္အတြင္းမွာ မက္ဆီကိုရဲ့ ဆင္းရဲသားအမ်ားစုေနထိုင္တဲ့ ခ်ီယာပက္စ္ျပည္နယ္မွာ တရားေဟာဖို႔ရွိသလို မူးယစ္ဂိုဏ္းေတြ ႀကီးဆိုးတဲ့ေနရာေတြကိုလည္း အလည္အပတ္သြားဖို႔အစီအစဥ္ရွိပါတယ္။
လူဦးေရ ၁၂၂သန္းေက်ာ္ေနထိုင္တဲ့ မက္ဆီကို နိုင္ငံဟာ ကမၻာ့ ဒုတိယအမ်ားဆုံးရိုမဲန္ ကက္သလစ္ ဘာသာဝင္ေတြေနထိုင္တဲ့တိုင္းျပည္တစ္ျပည္ျဖစ္ပါတယ္။
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ မက္ဆီကိုကိုမလာခင္ ႐ုရွ ေအာ္သိုေဒါ့စ္ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီး ေကရယ္လ္ နဲ႔ က်ဴးဘား နိုင္ငံၿမိဳ႕ေတာ္ ဟာဗားနားမွာေတြ႕ဆုံခဲ့ပါေသးတယ္။
ခရစ္ယာန္ ဘာသာထဲ ႏွစ္ ေပါင္းတစ္ေထာင္ နီးပါးအေရွ႕ျခမ္း နဲ႔ အေနာက္ျခမ္းကြဲျပား ေနတဲ့ ေက်ာင္းေတာ္ႏွစ္ခု ရဲ့ အေရး ေတြကို ေခါင္းေဆာင္ႏွစ္ဦး ပြင့္ပြင့္လင္းလင္း ေဆြးေႏြး ခဲ့ ၾကၿပီး၊ ေက်ာင္းေတာ္ ႏွစ္ခု အတူတကြ အလုပ္လုပ္ သြား နိုင္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ဆိုခဲ့ပါတယ္။
BBC Burmese
http://www.bbc.com/burmese
.........
ပုပ်ရဟန်းမင်းကြီး မက်ဆီကိုမှာ အလည်အပတ် ရောက်ရှိနေ
မက်ဆီကိုမှာ ၅ရက်ကြာအလည်အပတ်ခရီးရောက်ရှိနေတဲ့ ပုရဟန်းမင်းကြီး ဖရန်စစ် ကို သုံးသိန်းကျော်တဲ့ လူထုကြီးက ကြိုဆိုခဲ့ကြပါတယ်။ မက်ဆီကိုသမ္မတ အန်ရီကေးပီနာနီယာတို ကလည်း လေဆိပ်မှာပုပ်ရဟန်းမင်းကြီးကို သွားကြို ခဲ့ပါတယ်။
သူ့ရဲ့ဒီခရီးစဉ်အတွင်းမှာ မက်ဆီကိုရဲ့ ဆင်းရဲသားအများစုနေထိုင်တဲ့ ချီယာပက်စ်ပြည်နယ်မှာ တရားဟောဖို့ရှိသလို မူးယစ်ဂိုဏ်းတွေ ကြီးဆိုးတဲ့နေရာတွေကိုလည်း အလည်အပတ်သွားဖို့အစီအစဉ်ရှိပါတယ်။
လူဦးရေ ၁၂၂သန်းကျော်နေထိုင်တဲ့ မက်ဆီကို နိုင်ငံဟာ ကမ္ဘာ့ ဒုတိယအများဆုံးရိုမဲန် ကက်သလစ် ဘာသာဝင်တွေနေထိုင်တဲ့တိုင်းပြည်တစ်ပြည်ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မက်ဆီကိုကိုမလာခင် ရုရှ အော်သိုဒေါ့စ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကေရယ်လ် နဲ့ ကျူးဘား နိုင်ငံမြို့တော် ဟာဗားနားမှာတွေ့ဆုံခဲ့ပါသေးတယ်။
ခရစ်ယာန် ဘာသာထဲ နှစ် ပေါင်းတစ်ထောင် နီးပါးအရှေ့ခြမ်း နဲ့ အနောက်ခြမ်းကွဲပြား နေတဲ့ ကျောင်းတော်နှစ်ခု ရဲ့ အရေး တွေကို ခေါင်းဆောင်နှစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ ကြပြီး၊ ကျောင်းတော် နှစ်ခု အတူတကွ အလုပ်လုပ် သွား နိုင်မယ်လို့ မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆိုခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment