ထူးဆန္းတဲ့ ဘူတန္

အျမင့္ဆုံးေတာင္ၾကားေတြထဲက အေကြ႕အေကာက္မ်ားမ်ားနဲ႕
ဆင္းသက္ရတဲ့ ျမိဳ႕ေတာ္သင္မ္ဖူးရဲ႕ ကမၻာ့အခက္အခဲဆုံး ပါ႐ိုေလယာဥ္ကြင္း
ဒီကြင္းကို ဆင္းသက္ႏိုင္တဲ့ pilots ဟာ ကမၻာမွာ ၈ ဦးပဲ
ရွိတယ္ရယ္လို႕ ေျပာတတ္ၾကပါတယ္။
ကမၻာၾကီး အတြက္ အေပါင္းလကၡဏာျဖစ္တဲ့ ဘူတန္လို ႏိုင္ငံဟာ
ကမၻာမွာ တစ္ႏိုင္ငံတည္းရွိပါတယ္။
ကမၻာၾကီး ပူေႏြးလာေစတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ကို ေလထုထဲ
ထုတ္လႊတ္တာထက္ ပိုမို စုပ္ယူ
သန္႕ရွင္းေပးေနတဲ့ တစ္ခုတည္းေသာ ႏိုင္ငံပါ။

ကမၻာ့လူထုရဲ႕ ၉၀% ေက်ာ္ ႏွစ္သက္ၾကတဲ့ ျပည္လည္ျပည့္ျဖိဳးျမဲ စြမ္းအင္ ျဖစ္တဲ့ ေရအားလွ်ပ္စစ္ကိုသာ အသုံးျပဳျပီး လွ်ပ္စစ္ဓာတ္အား
ထုတ္ခဲ့တာေၾကာင့္လဲျဖစ္တယ္။ ေရနံစိမ္းနဲ႕ gas မထြက္တဲ့ ဘူတန္ဟာ
တစ္ေန႕ကို ေရနံ စည္ ၁၀၀၀ ေလာက္ပဲ သြင္းဖို႕လုိပါတယ္။အမ်ားစုက
ေမာ္ေတာ္ကားေတြ အတြက္ပါ။ တစ္ေန႕ စည္တစ္ေထာင္ေလာက္ကပဲ CO2
ထြက္ျပီး သစ္ေတာေတြ ၇၄% ရွိတဲ့အတြက္ ကာဗြန္ကို ပိုစုတ္ယူေနတာပါ။

CO2 အမ်ားဆုံးထုတ္တဲ့ ႏိုင္ငံေတြကေတာ့ တ႐ုတ္ ၈၇၁၅.၃ (တန္သန္းေပါင္း)၊ အေမရိကန္ ၅၄၉၀.၆၊ ႐ုရွ ၁၇၈၅၊ အိႏၵိယ ၁၇၂၅.၇ တို႕ျဖစ္ၾကတယ္။
တ႐ုတ္ကေတာ့ မီးခိုးမႈိင္းဒဏ္ေၾကာင့္ ေက်ာက္မီးေသြးစက္႐ုံေတာ္ေတာ္
မ်ားမ်ားကို ဖ်က္သိမ္းဖို႕ စိုင္းျပင္းေနပါျပီ။

ဘူတန္ဟာ ေရအားလွ်ပ္စစ္နဲ႕ တစ္ႏိုင္ငံလုံးကို ဓာတ္အားေပးႏိုင္တဲ့အျပင္ အိႏၵိယကိုလည္း မ်ားစြာတင္ပုိ႕ေပးျပီး ေက်ာက္မီးေသြးေတြ အသုံးေလ်ာ့က်
ေစတယ္။ ႏုိင္ငံတြင္းမွာလည္း အစားအေသာက္ေတြ လွ်ပ္စစ္သုံးျပီးခ်က္ၾကလို႕
ထင္း မီးေသြး သုံးရသက္သာျပီး သစ္ေတာျပဳန္းတီးမႈလည္း သက္သာေစခဲ့တယ္။

ဘူတန္နည္းတူ ျမန္မာႏိုင္ငံဟာလည္း ေရအားလွ်ပ္စစ္နဲ႕ အသင့္ေတာ္ဆုံး
ျဖစ္တယ္။ ဘူတန္ဟာ ႏွစ္စဥ္ မိုးေရခ်ိန္ ၃၅ လက္မခန္႕သာရေပမယ့္
ျမန္မာႏိုင္ငံမွာေတာ့ လက္မ ၈၀ မွ ၁၀၀ ၾကားရရွိတာျဖစ္တယ္။

ဘူတန္ဟာ မိုးေခါင္မွာ စိုးရိမ္ရေပမယ့္ ျမန္မာကေတာ့ မုတ္သုန္မိုး
ရွိေနလို႕ ေၾကာက္စရာမလိုပါဘူး။ ကမၻာၾကီး ပိုပူေလ ေရေငြ႕ပိုျပန္ေလ
မိုးမ်ားေလျဖစ္တယ္။ ယခုေနာက္ပိုင္း ႏွစ္စဥ္ေရၾကီးတာက သက္ေသပါ။
ေရၾကီးတာကို ကာကြယ္ႏိုင္တာကလည္း ဆည္ေတြပဲ ရွိပါတယ္။
တခ်ဳိ႕ကေတာ့ သစ္ပင္ျပန္စိုက္ေျပာေပမယ့္ ဆယ္စုႏွစ္ေတြ
အၾကာၾကီး ေစာင့္ေနရစဥ္ ႏွစ္စဥ္ ေရၾကီးမႈ ဒုကၡ ခံၾကရဦးမယ္။

ဘူတန္အေၾကာင္းေရးစဥ္က ေရအားလွ်ပ္စစ္ျမန္မာႏိုင္ငံအတြက္ လိုအပ္ေၾကာင္းအသိပညာေပးခ်င္လို႕ ဆည္ေတြ အေၾကာင္း အဓိကေရးခဲ့တယ္။ ေရအားလွ်ပ္စစ္ကို ပစ္ပယ္ျပီး ေက်ာက္မီးေသြးလို
လြယ္လြယ္ အျမတ္ရေစမယ့္ဘက္ကို အားသန္သြားမွာ စိုးရိမ္ခဲ့တယ္။
ဘူတန္လိုပဲ ေရအား လွ်ပ္စစ္အဓိကသုံးျပီး ေအာင္ျမင္ေနတဲ့ ႏိုင္ငံေတြ
အေၾကာင္းလဲ ဆက္ေရးပါဦးမည္။

ဘူတန္ကုိ စာဖတ္သူေတြ စိတ္ဝင္စားၾကလို႕ ယခင္ပို႕စ္က ရွည္မွာစိုးလို႕
ခ်န္ခဲ့တဲ့ ထူးဆန္းတဲ့ ဘူတန္ အေၾကာင္း ထပ္ျဖည့္စြက္ေပးလိုက္ပါတယ္။

ဘူတန္ဟာ ဟိမဝႏၱာေတာင္တန္းေေတြၾကားက ကုန္းတြင္းပိတ္ႏိုင္ငံ တစ္ခုျဖစ္တယ္။

Bhutan ရဲ႕ အဓိပၸာယ္ဟာ တိဗက္ေတာင္တန္းၾကီးရဲ႕ အစြန္လို႕ အဓိပၸာယ္ရျပီး ဟိမဝႏၱာက ေၾကာက္စရာေကာင္းေအာင္ ေအာ္ျမည္ေနတဲ့ မုန္တိုင္းေတြ
တိုက္တတ္လို႕ မိုးၾကိဳးနဂါးတို႕ေျမလို႕ နာမည္ရထားတယ္။

ဘုရင္စနစ္မွ စည္းမ်ဥ္းခံဘုရင္စနစ္ကို သြားဖို႕ ေအာက္ဖို႕ဒ္ဆင္း ဘုရင္ကပင္
ဆုံးျဖတ္ျပီး ၂၀၀၈ မွာ ေရြးေကာက္ပြဲ က်င္းပေပးခဲ့တယ္။

GDP ကို စီးပြားေရး အညႊန္းကိန္းအစား GNH (gross national happiness)
နဲ႕ တိုင္းတာတယ္။ ႏိုင္ငံသားေတြရဲ႕ ေပ်ာ္ရႊင္ေစရန္ ဦးစားေပးတယ္။

ဆင္းရဲ ခ်မ္းသာ ကြာျခားမႈနည္းတယ္၊ အဆင့္အတန္း ခြဲျခားမႈ မရွိဘဲ
မင္းမ်ဳိးမင္းႏြယ္မ်ားကိုယ္တိုင္ သာမန္လူတန္းစားမ်ားနဲ႕ ေဘာလုံးကန္
ဘတ္စကတ္ေဘာ ကစားေလ့ရွိတယ္။

ဆင္းရဲ ခ်မ္းသာ မေရြး အထက္တန္း ပညာေရး နဲ႕ က်န္းမာေရး အခမဲ့ျဖစ္တယ္။

၁၉၆၀ ထိ ကားလမ္းမရွိ၊ ကားမရွိ၊ ဖုန္း၊ စာတိုက္၊ လွ်ပ္စစ္မရွိ ဘဝကေန
စခဲ့ပါတယ္။ ကမၻာ့ေနာက္အက်ဆုံး တီဗီြၾကည့္ရတဲ့ ႏိုင္ငံလဲျဖစ္တယ္။
၁၉၉၉ မွာ တီဗြီ စတင္ ၾကည့္ၾကရတယ္။

သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းဖို႕ ျပည္သူေတြ တာဝန္ရွိတယ္လို႕ ေျခ/ဥထဲ
ထည့္ဆြဲထားထားတဲ့ ပထမဆုံး တိုင္းျပည္၊ ျပည္သူေတြဟာ သစ္ေတာေတြကို
အနည္းဆုံး ၆၀ ရာႏႈံးေက်ာ္ရွိေနဖို႕ ထိန္းသိမ္းၾကရတယ္။

၁၉၇၄ မွာ ပထမဆုံး တိုးရစ္ ဝင္ခြင့္ျပဳခဲ့တယ္။ တိုးရစ္အေရအတြက္
ကန္႕သတ္ထားျပီး တစ္ဦး တစ္ေန႕ ၂၅၀ လို႕ သတ္မွတ္ထားတယ္။
တည္းခိုခ၊ စားစရိတ္၊ ခရီးစရိတ္အပါျဖစ္တယ္။

ေပ ၂၄၀၀၀ ခန္႕ရွိ လူမေရာက္ဘူးတဲ့ ကမၻာ့အျမင့္ဆုံး ေတာင္ထိပ္ရွိျပီး
Bhutan ရဲ႕ အထြဋ္အျမတ္ေနရာမို႕ တက္ခြင့္ မျပဳေပ။

ပလပ္စတစ္အိတ္သုံးတာ တားျမစ္ထားတယ္။ ေဒသထြက္ cotton ကိုသာ
သုံးေစတယ္။

ႏွစ္သစ္ကူးဟာ တစ္ႏိုင္ငံလုံးရဲ႕ ေမြးေန႕ျဖစ္ျပီး ႏွစ္ကူးတာနဲ႕ အားလုံး
တစ္ႏွစ္ၾကီးတယ္လို႕ သတ္မွတ္တယ္။

မ်ဳိးတုန္း ေပ်ာက္ကြယ္လုျဖစ္ေနတဲ့ လည္ပင္းနက္ၾကိဳးၾကာကုိ
သတ္ျဖစ္တဲ့သူကို ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္းအျပစ္ ေပးတယ္။

ေဆးလိပ္ေသာက္ျခင္းတားျမစ္ထားတဲ့ ကမၻာ့ တစ္ခုတည္းေသာ ႏိုင္ငံျဖစ္တယ္။

ျမိဳ႕ေတာ္သင္မ္ဖူးဟာ ကမၻာ့မွာ မီးပြိဳင့္မရွိတဲ့ တစ္ခုတည္းေသာျမိဳ႕ေတာ္
ျဖစ္တယ္။ ျပည္သူေတြဟာ ရဲက လမ္းျပေပးျခင္းကို ပိုႏွစ္သက္ၾကတယ္။

တံခါးဖြင့္တာ ၁၀ စုႏွစ္ေက်ာ္သာ ရွိေသးေပမယ့္ ပညာတတ္ ေအာက္ဖို႕ဒ္
ဆင္းပီပီ မွန္ကန္တဲ့ ေရအားလွ်ပ္စစ္ကို လုပ္ခဲ့ရာမွ ႏွစ္တိုတိုအတြင္း တိုင္းျပည္
GDP ရဲ႕ ၅၀ % ကိုျဖည့္ဆည္းေပးႏိုင္ျပီး GDP တစ္ရိပ္ရိပ္ တက္လာခဲ့ကာ
ကမၻာ့ တိုးတက္မႈ အျမန္ဆုံး ၁၀ ႏိုင္ငံထဲပါဝင္ခဲ့ပါတယ္။
Moe Hein

 Tiger’s nest monestry
ေပ ၃၀၀၀ အျမင့္မွာရွိျပီး ေလွကားထစ္ ေထာင္ေက်ာ္တက္ရတဲ့
ဘူတန္ရဲ႕ အျမင့္ျမတ္ဆုံးေနရာ ေနရာျဖစ္တယ္။
ႏွစ္ေပါင္း ၁၃၀၀ ေက်ာ္က ဘုန္းၾကီးတစ္ပါးဟာ ဒီေနရာမွာ ၃ ႏွစ္ ေက်ာ္ တရားဆက္ထိုင္ျပီး
ဘူတန္တစ္ႏို္င္ငံလုံးကို ဗုဒၶဘာသာျဖစ္ေစတယ္လို႕ဆိုတယ္။
ေနထိုင္ခဲ့တဲ့ အေဆာက္အဦးကို အၾကိမ္ၾကိမ္ မြမ္းမံခဲ့ျပီး
၁၉၉၈ က ယိုယြင္းေနတဲ့ေက်ာင္းကို ျပန္ျပင္ရာမွာ ၂၀၀၅ မွာေတာ့ ျပီးစီးခဲ့ပါတယ္။

 Blue poppy ဘူတန္ႏို္င္ငံရဲ႕ အထိမ္းအမွတ္ပန္း
----------------------------------------------
မီတာ ၃ ေထာင္နဲ႕ ၅၀၀၀ ၾကားက အေရွ႕ဘက္ေတာင္တန္းေတြမွာေပါက္ျပီး
ဒီပန္းဟာ ေတြ႕ရခဲတဲ့ ပန္းပါပဲ။
ပန္းဟာ တစ္သက္မွာ တစ္ခါပဲ ပြင့္ပါတယ္။
ႏွစ္ေပါင္းမ်ားစြာ မပြင့္ဘဲ ေနရျပီး ပြင့္ျပီးတာနဲ႕ ရက္မၾကာခင္ အပင္ေသသြားပါတယ္။
ဒီပန္းပြင့္တာ ေတြ႕တဲ့သူ ကံေကာင္းတယ္လို႕ ယုံၾကည္ၾကပါတယ္။
.....................
ထူးဆန်းတဲ့ ဘူတန်

ကမ္ဘာကြီး အတွက် အပေါင်းလက္ခဏာဖြစ်တဲ့ ဘူတန်လို နိုင်ငံဟာ
ကမ္ဘာမှာ တစ်နိုင်ငံတည်းရှိပါတယ်။
ကမ္ဘာကြီး ပူနွေးလာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို လေထုထဲ
ထုတ်လွှတ်တာထက် ပိုမို စုပ်ယူ
သန့်ရှင်းပေးနေတဲ့ တစ်ခုတည်းသော နိုင်ငံပါ။

ကမ္ဘာ့လူထုရဲ့ ၉၀% ကျော် နှစ်သက်ကြတဲ့ ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်တဲ့ ရေအားလျှပ်စစ်ကိုသာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား
ထုတ်ခဲ့တာကြောင့်လဲဖြစ်တယ်။ ရေနံစိမ်းနဲ့ gas မထွက်တဲ့ ဘူတန်ဟာ
တစ်နေ့ကို ရေနံ စည် ၁၀၀၀ လောက်ပဲ သွင်းဖို့လိုပါတယ်။အများစုက
မော်တော်ကားတွေ အတွက်ပါ။ တစ်နေ့ စည်တစ်ထောင်လောက်ကပဲ CO2
ထွက်ပြီး သစ်တောတွေ ရ၄% ရှိတဲ့အတွက် ကာဗွန်ကို ပိုစုတ်ယူနေတာပါ။

CO2 အများဆုံးထုတ်တဲ့ နိုင်ငံတွေကတော့ တရုတ် ၈၇၁၅.၃ (တန်သန်းပေါင်း)၊ အမေရိကန် ၅၄၉၀.၆၊ ရုရှ ၁၇၈၅၊ အိန္ဒိယ ၁၇၂၅.၇ တို့ဖြစ်ကြတယ်။
တရုတ်ကတော့ မီးခိုးမှိုင်းဒဏ်ကြောင့် ကျောက်မီးသွေးစက်ရုံတော်တော်
များများကို ဖျက်သိမ်းဖို့ စိုင်းပြင်းနေပါပြီ။

ဘူတန်ဟာ ရေအားလျှပ်စစ်နဲ့ တစ်နိုင်ငံလုံးကို ဓာတ်အားပေးနိုင်တဲ့အပြင် အိန္ဒိယကိုလည်း များစွာတင်ပို့ပေးပြီး ကျောက်မီးသွေးတွေ အသုံးလျော့ကျ
စေတယ်။ နိုင်ငံတွင်းမှာလည်း အစားအသောက်တွေ လျှပ်စစ်သုံးပြီးချက်ကြလို့
ထင်း မီးသွေး သုံးရသက်သာပြီး သစ်တောပြုန်းတီးမှုလည်း သက်သာစေခဲ့တယ်။

ဘူတန်နည်းတူ မြန်မာနိုင်ငံဟာလည်း ရေအားလျှပ်စစ်နဲ့ အသင့်တော်ဆုံး
ဖြစ်တယ်။ ဘူတန်ဟာ နှစ်စဉ် မိုးရေချိန် ၃၅ လက်မခန့်သာရပေမယ့်
မြန်မာနိုင်ငံမှာတော့ လက်မ ၈၀ မှ ၁၀၀ ကြားရရှိတာဖြစ်တယ်။

ဘူတန်ဟာ မိုးခေါင်မှာ စိုးရိမ်ရပေမယ့် မြန်မာကတော့ မုတ်သုန်မိုး
ရှိနေလို့ ကြောက်စရာမလိုပါဘူး။ ကမ္ဘာကြီး ပိုပူလေ ရေငွေ့ပိုပြန်လေ
မိုးများလေဖြစ်တယ်။ ယခုနောက်ပိုင်း နှစ်စဉ်ရေကြီးတာက သက်သေပါ။
ရေကြီးတာကို ကာကွယ်နိုင်တာကလည်း ဆည်တွေပဲ ရှိပါတယ်။
တချို့ကတော့ သစ်ပင်ပြန်စိုက်ပြောပေမယ့် ဆယ်စုနှစ်တွေ
အကြာကြီး စောင့်နေရစဉ် နှစ်စဉ် ရေကြီးမှု ဒုက္ခ ခံကြရဦးမယ်။

ဘူတန်အကြောင်းရေးစဉ်က ရေအားလျှပ်စစ်မြန်မာနိုင်ငံအတွက် လိုအပ်ကြောင်းအသိပညာပေးချင်လို့ ဆည်တွေ အကြောင်း အဓိကရေးခဲ့တယ်။ ရေအားလျှပ်စစ်ကို ပစ်ပယ်ပြီး ကျောက်မီးသွေးလို
လွယ်လွယ် အမြတ်ရစေမယ့်ဘက်ကို အားသန်သွားမှာ စိုးရိမ်ခဲ့တယ်။
ဘူတန်လိုပဲ ရေအား လျှပ်စစ်အဓိကသုံးပြီး အောင်မြင်နေတဲ့ နိုင်ငံတွေ
အကြောင်းလဲ ဆက်ရေးပါဦးမည်။

ဘူတန်ကို စာဖတ်သူတွေ စိတ်ဝင်စားကြလို့ ယခင်ပို့စ်က ရှည်မှာစိုးလို့
ချန်ခဲ့တဲ့ ထူးဆန်းတဲ့ ဘူတန် အကြောင်း ထပ်ဖြည့်စွက်ပေးလိုက်ပါတယ်။

ဘူတန်ဟာ ဟိမဝန္တာတောင်တန်းေတွေကြားက ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်တယ်။

Bhutan ရဲ့ အဓိပ္ပာယ်ဟာ တိဗက်တောင်တန်းကြီးရဲ့ အစွန်လို့ အဓိပ္ပာယ်ရပြီး ဟိမဝန္တာက ကြောက်စရာကောင်းအောင် အော်မြည်နေတဲ့ မုန်တိုင်းတွေ
တိုက်တတ်လို့ မိုးကြိုးနဂါးတို့မြေလို့ နာမည်ရထားတယ်။

ဘုရင်စနစ်မှ စည်းမျဉ်းခံဘုရင်စနစ်ကို သွားဖို့ အောက်ဖို့ဒ်ဆင်း ဘုရင်ကပင်
ဆုံးဖြတ်ပြီး ၂၀၀၈ မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။

GDP ကို စီးပွားရေး အညွှန်းကိန်းအစား GNH (gross national happiness)
နဲ့ တိုင်းတာတယ်။ နိုင်ငံသားတွေရဲ့ ပျော်ရွှင်စေရန် ဦးစားပေးတယ်။

ဆင်းရဲ ချမ်းသာ ကွာခြားမှုနည်းတယ်၊ အဆင့်အတန်း ခွဲခြားမှု မရှိဘဲ
မင်းမျိုးမင်းနွယ်များကိုယ်တိုင် သာမန်လူတန်းစားများနဲ့ ဘောလုံးကန်
ဘတ်စကတ်ဘော ကစားလေ့ရှိတယ်။

ဆင်းရဲ ချမ်းသာ မရွေး အထက်တန်း ပညာရေး နဲ့ ကျန်းမာရေး အခမဲ့ဖြစ်တယ်။

၁၉၆၀ ထိ ကားလမ်းမရှိ၊ ကားမရှိ၊ ဖုန်း၊ စာတိုက်၊ လျှပ်စစ်မရှိ ဘဝကနေ
စခဲ့ပါတယ်။ ကမ္ဘာ့နောက်အကျဆုံး တီဗွီကြည့်ရတဲ့ နိုင်ငံလဲဖြစ်တယ်။
၁၉၉၉ မှာ တီဗွီ စတင် ကြည့်ကြရတယ်။

သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပြည်သူတွေ တာဝန်ရှိတယ်လို့ ခြေ/ဥထဲ
ထည့်ဆွဲထားထားတဲ့ ပထမဆုံး တိုင်းပြည်၊ ပြည်သူတွေဟာ သစ်တောတွေကို
အနည်းဆုံး ၆၀ ရာနှုံးကျော်ရှိနေဖို့ ထိန်းသိမ်းကြရတယ်။

၁၉၇၄ မှာ ပထမဆုံး တိုးရစ် ဝင်ခွင့်ပြုခဲ့တယ်။ တိုးရစ်အရေအတွက်
ကန့်သတ်ထားပြီး တစ်ဦး တစ်နေ့ ၂၅၀ လို့ သတ်မှတ်ထားတယ်။
တည်းခိုခ၊ စားစရိတ်၊ ခရီးစရိတ်အပါဖြစ်တယ်။

ပေ ၂၄၀၀၀ ခန့်ရှိ လူမရောက်ဘူးတဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ရှိပြီး
Bhutan ရဲ့ အထွဋ်အမြတ်နေရာမို့ တက်ခွင့် မပြုပေ။

ပလပ်စတစ်အိတ်သုံးတာ တားမြစ်ထားတယ်။ ဒေသထွက် cotton ကိုသာ
သုံးစေတယ်။

နှစ်သစ်ကူးဟာ တစ်နိုင်ငံလုံးရဲ့ မွေးနေ့ဖြစ်ပြီး နှစ်ကူးတာနဲ့ အားလုံး
တစ်နှစ်ကြီးတယ်လို့ သတ်မှတ်တယ်။

မျိုးတုန်း ပျောက်ကွယ်လုဖြစ်နေတဲ့ လည်ပင်းနက်ကြိုးကြာကို
သတ်ဖြစ်တဲ့သူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပြစ် ပေးတယ်။

ဆေးလိပ်သောက်ခြင်းတားမြစ်ထားတဲ့ ကမ္ဘာ့ တစ်ခုတည်းသော နိုင်ငံဖြစ်တယ်။

မြို့တော်သင်မ်ဖူးဟာ ကမ္ဘာ့မှာ မီးပွိုင့်မရှိတဲ့ တစ်ခုတည်းသောမြို့တော်
ဖြစ်တယ်။ ပြည်သူတွေဟာ ရဲက လမ်းပြပေးခြင်းကို ပိုနှစ်သက်ကြတယ်။

တံခါးဖွင့်တာ ၁၀ စုနှစ်ကျော်သာ ရှိသေးပေမယ့် ပညာတတ် အောက်ဖို့ဒ်
ဆင်းပီပီ မှန်ကန်တဲ့ ရေအားလျှပ်စစ်ကို လုပ်ခဲ့ရာမှ နှစ်တိုတိုအတွင်း တိုင်းပြည်
GDP ရဲ့ ၅၀ % ကိုဖြည့်ဆည်းပေးနိုင်ပြီး GDP တစ်ရိပ်ရိပ် တက်လာခဲ့ကာ
ကမ္ဘာ့ တိုးတက်မှု အမြန်ဆုံး ၁၀ နိုင်ငံထဲပါဝင်ခဲ့ပါတယ်။
Moe Hein
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment