အေမရိကန္၏ ေမာင္းသူမဲ့ေလယာဥ္ တိုက္ခိုက္မႈ ေၾကာင့္ ယီမင္တြင္ ထိပ္တန္း အယ္ကုိင္ဒါ ေခါင္းေဆာင္ ေသဆံုး

ယီမင္ အေျခစိုက္ အယ္ကိုင္ဒါ အဖြဲ႕ ထိပ္တန္း ေခါင္းေဆာင္ Jalal Baleidi အားေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
    အဒမ္၊ ေဖေဖာ္ဝါရီ ၅ ရက္ (ဆင္ဟြာ)

    ယီမင္ႏိုင္ငံ ေတာင္ပိုင္း Abyan ျပည္နယ္၏ ကႏၲာရေဒသတြင္ ေဖေဖာ္ဝါရီ ၄ ရက္ေန႕ မနက္ပို္င္းက ယီမင္ အေျခစိုက္ အယ္ကိုင္ဒါ အဖြဲ႕ ထိပ္တန္း ေခါင္းေဆာင္စီးနင္းလာသည့္ ကားအား အေမရိကန္ႏိုင္ငံ၏ ေမာင္းသူမဲ့ ေလယာဥ္ ျဖင့္ တိုက္ခိုက္ခဲ့မႈေၾကာင့္ ၄င္းအပါအဝင္ ၄င္း၏အေစာင့္ ႏွစ္ေယာက္ တို႕ ေသဆံုး ခဲ့ေၾကာင္း အစိုးရ တာဝန္ရွိသူမ်ားကို ဆင္ဟြာ သို႕ေျပာၾကားခဲ့သည္။

အယ္ကိုင္ဒါေခါင္းေဆာင္ Jalal Baleidi အား မၾကာေသးမီက IS စစ္ေသြးၾကြ အုပ္စု၏လက္ေအာက္ခံ ယီမင္ အေျခစိုက္ စခန္း၏ ေခါင္းေဆာင္အျဖစ္ တင္ေျမာက္ထားေၾကာင္း သိရသည္။

Baleidi သည္ ယီမင္တပ္ဖြဲ႕၏ အေျခစိုက္စခန္းမ်ားအား တိုက္ခိုက္ရန္ ၾကိဳးကိုင္ေဆာင္ရြက္ခဲ့သူ တစ္ဦးျဖစ္ၿပီး ႏိုင္ငံ၏ တည္ၿငိမ္မႈ မရွိသည့္ ေတာင္ပိုင္းေဒသ ရွိ ၿမိဳ႕မ်ားတြင္လည္း အၾကမ္းဖက္မႈမ်ားကို ဦးေဆာင္ခဲ့ေၾကာင္း သိရသည္။

Baleidi ေသဆံုးသည့္ သတင္းႏွင့္ ပတ္သက္၍ အယ္ကိုင္ဒါဘက္က မွတ္ခ်က္ ေပးျခင္းမရွိေၾကာင္း သိရသည္။

ယီမင္ႏိုင္ငံသည္ အယ္ကိုင္ဒါ၊ IS ႏွင့္ အျခား အစၥလာမ္မစ္ စစ္ေသြးၾကြအုပ္စုမ်ား အေျခစိုက္ရာ ႏိုင္ငံျဖစ္ၿပီး ႏိုင္ငံအတြင္း Shabwa၊ Abyan ႏွင့္ al-Baydha ျပည္နယ္တို႕ရွိ လူမ်ဳိးစုေဒသမ်ားတြင္ အၾကမ္းဖက္လႈပ္ရွားမႈ မ်ား ျပဳလုပ္ေလ့ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
........................
 ယီမင် အခြေစိုက် အယ်ကိုင်ဒါ အဖွဲ့ ထိပ်တန်း ခေါင်းဆောင် Jalal Baleidi အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    အဒမ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

    ယီမင်နိုင်ငံ တောင်ပိုင်း Abyan ပြည်နယ်၏ ကန္တာရဒေသတွင် ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ပို်င်းက ယီမင် အခြေစိုက် အယ်ကိုင်ဒါ အဖွဲ့ ထိပ်တန်း ခေါင်းဆောင်စီးနင်းလာသည့် ကားအား အမေရိကန်နိုင်ငံ၏ မောင်းသူမဲ့ လေယာဉ် ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ၄င်းအပါအဝင် ၄င်း၏အစောင့် နှစ်ယောက် တို့ သေဆုံး ခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများကို ဆင်ဟွာ သို့ပြောကြားခဲ့သည်။

အယ်ကိုင်ဒါခေါင်းဆောင် Jalal Baleidi အား မကြာသေးမီက IS စစ်သွေးကြွ အုပ်စု၏လက်အောက်ခံ ယီမင် အခြေစိုက် စခန်း၏ ခေါင်းဆောင်အဖြစ် တင်မြောက်ထားကြောင်း သိရသည်။

Baleidi သည် ယီမင်တပ်ဖွဲ့၏ အခြေစိုက်စခန်းများအား တိုက်ခိုက်ရန် ကြိုးကိုင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပြီး နိုင်ငံ၏ တည်ငြိမ်မှု မရှိသည့် တောင်ပိုင်းဒေသ ရှိ မြို့များတွင်လည်း အကြမ်းဖက်မှုများကို ဦးဆောင်ခဲ့ကြောင်း သိရသည်။

Baleidi သေဆုံးသည့် သတင်းနှင့် ပတ်သက်၍ အယ်ကိုင်ဒါဘက်က မှတ်ချက် ပေးခြင်းမရှိကြောင်း သိရသည်။

ယီမင်နိုင်ငံသည် အယ်ကိုင်ဒါ၊ IS နှင့် အခြား အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုများ အခြေစိုက်ရာ နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း Shabwa၊ Abyan နှင့် al-Baydha ပြည်နယ်တို့ရှိ လူမျိုးစုဒေသများတွင် အကြမ်းဖက်လှုပ်ရှားမှု များ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment