တရုတ္သမၼတ Xi Jinping နဲ႔ အေမရိကန္သမၼတ Barack Obama အိမ္ျဖဴေတာ္သတင္းစာ ရွင္းလင္းပြဲ ။ (စက္တင္ဘာ၊ ၂၀၁၅) |
အခုလို စမ္းသပ္မႈဟာ ကုလသမဂၢလံုၿခံဳေရး ေကာင္စီက ခ်မွတ္ထားတာကို ထပ္ၿပီး ခ်ိဳးေဖါက္တာလုိ႔ ေခါင္းေဆာင္ ၂ ဦးက ေျပာေၾကာင္း သမၼတ အိမ္ျဖဴရဲ့ ေၾကညာခ်က္ မွာ ေဖၚျပထားပါတယ္။ ေျမာက္ကိုရီးယား အစိုးရက ဇန္နဝါရီလ တုန္းက ဟိုက္ဒရိုဂ်င္ဗံုး စမ္းသပ္ ပစ္လႊတ္မႈဟာ ေအာင္ျမင္မႈ ရွိတယ္လို႔ေျပာၾကား ခဲ့ၿပီးတဲ့ေနာက္မွာ ေရာ့ကက္ ဒံုးက်ည္ တခု လႊတ္တင္ဖုိ႔ စီစဥ္ေနတယ္လို႔ မၾကာေသးခင္ကပဲ ေျမာက္ကိုရီးယား က ေၾကညာခဲ့တာ ျဖစ္ပါတယ္။
အေမရိကန္သမၼတ အိုဘားမားနဲ႔ တရုတ္သမၼတ ရွီတို႔ က ေျမာက္ကိုရီးယား ကို ႏ်ဴကလီယားလက္နက္ ပိုင္ဆိုင္တဲ့ ႏိုင္ငံတႏိုင္ငံျဖစ္မွာ လက္မခံႏိုင္ၾကသလို ကိုရီးယားကၽြန္းဆြယ္ေဒသကို လံုးဝ ႏ်ဴကလီယားကင္းမဲ့ဇုံ အျဖစ္လုပ္ေဆာင္ဖို႔ တယ္လီဖံုးနဲ႔ ေျပာၾကားၾကစဥ္အတြင္း သံဓိဌာန္ ခ်ခဲ့ ၾကတယ္လို႔ သမၼအိမ္ျဖဴကေျပာပါတယ္။
ကုလသမဂၢ လံုၿခံဳေရးေကာင္စီ ဆံုးျဖတ္ခ်က္ ကေနတဆင့္ လုပ္ေဆာင္တာ အပါအဝင္ ေျမာက္ကိုရီးယားရဲ့ ရန္စမႈေတြအတြက္ တုန္႔ျပန္ရာမွာ ႏုိင္ငံတကာနဲ႔ ပူးေပါင္းၿပီး ခိုင္ခိုင္မာမာ ေဆာင္ရြက္သြားဖုိ႔ အေရးပါေၾကာင္းလည္း ေခါင္းေဆာင္ ၂ ဦးက အေလးထား ေျပာၾကားခဲ့ၾကတယ္လုိ႔ လည္း သမၼတအိမ္ျဖဴ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............
တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်သတင်းစာ ရှင်းလင်းပွဲ ။ (စက်တင်ဘာ၊ ၂၀၁၅)
မြောက်ကိုရီးယားက စီစဉ်ထားတဲ့ ဒုံးကျည်ပစ်ခတ်စမ်းသပ်မယ့် အစီအစဉ်ဟာ ရန်စတဲ့ သဘောနဲ့ ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားအောင် လုပ်တဲ့ နောက်ထပ် လုပ်ရပ်ဖြစ်ကြောင်း သောကြာနေ့ တယ်လီဖုံး စကားပြောရာမှာ အမေရိကန်သမ္မတ Barack Obama နဲ့ တရုတ်သမ္မတ Xi Jinping တို့ သဘောတူခဲ့ကြတယ်လို့ သမ္မတ အိမ်ဖြူကပြောပါတယ်။
အခုလို စမ်းသပ်မှုဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ချမှတ်ထားတာကို ထပ်ပြီး ချိုးဖေါက်တာလို့ ခေါင်းဆောင် ၂ ဦးက ပြောကြောင်း သမ္မတ အိမ်ဖြူရဲ့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။ မြောက်ကိုရီးယား အစိုးရက ဇန်နဝါရီလ တုန်းက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် ပစ်လွှတ်မှုဟာ အောင်မြင်မှု ရှိတယ်လို့ပြောကြား ခဲ့ပြီးတဲ့နောက်မှာ ရော့ကက် ဒုံးကျည် တခု လွှတ်တင်ဖို့ စီစဉ်နေတယ်လို့ မကြာသေးခင်ကပဲ မြောက်ကိုရီးယား က ကြေညာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနဲ့ တရုတ်သမ္မတ ရှီတို့ က မြောက်ကိုရီးယား ကို နျူကလီယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်မှာ လက်မခံနိုင်ကြသလို ကိုရီးယားကျွန်းဆွယ်ဒေသကို လုံးဝ နျူကလီယားကင်းမဲ့ဇုံ အဖြစ်လုပ်ဆောင်ဖို့ တယ်လီဖုံးနဲ့ ပြောကြားကြစဉ်အတွင်း သံဓိဌာန် ချခဲ့ ကြတယ်လို့ သမ္မအိမ်ဖြူကပြောပါတယ်။
ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက် ကနေတဆင့် လုပ်ဆောင်တာ အပါအဝင် မြောက်ကိုရီးယားရဲ့ ရန်စမှုတွေအတွက် တုန့်ပြန်ရာမှာ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်သွားဖို့ အရေးပါကြောင်းလည်း ခေါင်းဆောင် ၂ ဦးက အလေးထား ပြောကြားခဲ့ကြတယ်လို့ လည်း သမ္မတအိမ်ဖြူ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment