တန္ဇန္းနီးယား အမ်ဳိးသမီးတုိက္ခုိက္ခံရမႈကုိ ေဖာ္ထုတ္ရန္ အဆင့္ျမင့္အဖြဲ႔ အိႏၵိယဖြဲ႔စည္း
နယူးေဒလီ ေဖေဖာ္ဝါရီ ၅
အိႏၵိယႏိုင္ငံေတာင္ပုိင္းၿမိဳ႕ ဘန္ဂါလူ႐ူ၌ ၿပီးခဲ့ေသာတနဂၤေႏြေန႔က ျဖစ္ပြားခဲ့ေသာ တန္ဇန္းနီးယားအမ်ဳိးသမီး တစ္ဦး လူမဆန္စြာ တိုက္ခိုက္ခံရမႈကိုေဖာ္ထုတ္ရန္ တန္ဇန္းနီးယားသံတမန္ပါဝင္ေသာ အဆင့္ျမင့္အဖြဲ႕တစ္ဖြဲ႕ကုိ ဖြဲ႕စည္းခဲ့သည္။
ယင္းအဖြဲ႕တြင္ တန္ဇန္းနီးယား သံအမတ္ႀကီး မစၥတာ ဂြၽန္ကီက်ာဇီႏွင့္ အိႏၵိယႏိုင္ငံဆိုင္ရာ ျပည္ပေရးရာ ဝန္ႀကီး ဌာနမွ အဆင့္ျမင့္အရာရွိႀကီးမ်ား ပါဝင္သည္။
ၿပီးခဲ့ေသာ တနဂၤေႏြေန႔ညက ဘန္ဂါလူ႐ူ၌ ဆူပူေသာင္းက်န္းေနသည့္ လူဦးေရ ၂ဝဝ ပါဝင္ေသာလူအုပ္က အသက္၂ဝ အရြယ္ရွိ တန္ဇန္းနီးယားေက်ာင္းသူတစ္ဦးကုိ ကားေပၚမွဒယဥ့္တိုက္ဆြဲထုတ္၍ ႐ုိက္ႏွက္ခဲ့ဲၾက သည္။
ေၾကာက္မက္ဖြယ္ေကာင္းေသာ ထုိအမႈႏွင့္ ဆက္စပ္ေနသူ ငါးဦးကို ဗုဒၶဟူးေန႔က ဖမ္းဆီးႏိုင္ခဲ့သည္။
ျပည္ပေရးရာဝန္ႀကီးက ယင္းအျဖစ္အပ်က္သည္ အိႏၵိယအေနျဖင့္ ရွက္ဖြယ္ရာျဖစ္ေၾကာင္း ေျပာခဲ့သည္။ အလားတူ ပင္ တန္ဇန္းနီးယား သံအမတ္ႀကီးကလည္း ယင္းအမ်ဳိးသမီးသည္ လူမည္းတစ္ဦးျဖစ္ျခင္းေၾကာင့္ တုိက္ခုိက္ခံရ ျခင္းျဖစ္ေၾကာင္း၊ ၂၁ ရာစုတြင္ ယခုကဲ့သုိ႔မျဖစ္သင့္ေၾကာင္း ေျပာခဲ့သည္။
(ဆင္ဟြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
............
နယူးဒေလီ ဖေဖော်ဝါရီ ၅
အိန္ဒိယနိုင်ငံတောင်ပိုင်းမြို့ ဘန်ဂါလူရူ၌ ပြီးခဲ့သောတနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော တန်ဇန်းနီးယားအမျိုးသမီး တစ်ဦး လူမဆန်စွာ တိုက်ခိုက်ခံရမှုကိုဖော်ထုတ်ရန် တန်ဇန်းနီးယားသံတမန်ပါဝင်သော အဆင့်မြင့်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့တွင် တန်ဇန်းနီးယား သံအမတ်ကြီး မစ္စတာ ဂျွန်ကီကျာဇီနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ ပြည်ပရေးရာ ဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည်။
ပြီးခဲ့သော တနင်္ဂနွေနေ့ညက ဘန်ဂါလူရူ၌ ဆူပူသောင်းကျန်းနေသည့် လူဦးရေ ၂ဝဝ ပါဝင်သောလူအုပ်က အသက်၂ဝ အရွယ်ရှိ တန်ဇန်းနီးယားကျောင်းသူတစ်ဦးကို ကားပေါ်မှဒယဉ့်တိုက်ဆွဲထုတ်၍ ရိုက်နှက်ခဲဲ့ကြ သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုအမှုနှင့် ဆက်စပ်နေသူ ငါးဦးကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးနိုင်ခဲ့သည်။
ပြည်ပရေးရာဝန်ကြီးက ယင်းအဖြစ်အပျက်သည် အိန္ဒိယအနေဖြင့် ရှက်ဖွယ်ရာဖြစ်ကြောင်း ပြောခဲ့သည်။ အလားတူ ပင် တန်ဇန်းနီးယား သံအမတ်ကြီးကလည်း ယင်းအမျိုးသမီးသည် လူမည်းတစ်ဦးဖြစ်ခြင်းကြောင့် တိုက်ခိုက်ခံရ ခြင်းဖြစ်ကြောင်း၊ ၂၁ ရာစုတွင် ယခုကဲ့သို့မဖြစ်သင့်ကြောင်း ပြောခဲ့သည်။
(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment