On Wed, 2016-02-17 12:45Issue No.No.1012 Wednesday, February 17, 2016
အေမရိကန္သမၼတရာထူးသည္ ေပါ့ပ်က္ပ်က္အလုပ္တစ္ခု မဟုတ္သျဖင့္ ေဒၚနယ္လ္ထရမ့္သည္ ထိုရာထူးကိုရမည္မဟုတ္ဟု ဘာရတ္အိုဘားမားက ေျပာၾကားလုိက္သည္။
အေမရိကန္၏ ဖြဲ႕စည္းပံုဥပေဒအရ အိုဘားမားသည္ သမၼတသက္တမ္းႏွစ္ႀကိမ္ ထမ္းေဆာင္ၿပီးေနာက္ လာမည့္ေရြးေကာက္ပြဲတြင္ ပါဝင္ယွဉ္ၿပိဳင္ခြင့္ မရွိေတာ့ေခ်။ လတ္တေလာတြင္ အတိုက္အခံ ဒီမိုကရက္ပါတီ၏ သမၼတေလာင္းအျဖစ္ မီဒီယာလုပ္ငန္းရွင္သူေဌးႀကီး ထရမ့္က အထူးတလည္ ေရပန္းစားေနေသာ္လည္း အိုဘားမားက ၎၏ရာထူးကို ထရမ့္ ဆက္ခံခြင့္ရမည္မဟုတ္ဟု အခုိင္အမာ ယံုၾကည္ေနသည္။
အိုဘားမားသည္ ပါတီအလုိက္ မဲဆြယ္မႈမ်ား ျပဳလုပ္ေနသည့္ကာလကတည္းက ထရမ့္အေနျဖင့္ အေမရိကန္သမၼတမျဖစ္ႏုိင္ဟု မွတ္ခ်က္ေပးခဲ့ဖူးသည္။ ထရမ့္သည္ မြတ္ဆလင္မ်ားကို ခြဲျခားႏွိမ့္ခ်သည့္ မွတ္ခ်က္မ်ိဳးအပါအဝင္ အျငင္းပြားဖြယ္စကားမ်ားကို ေျပာဆိုခဲ့ဖူးသူ ျဖစ္သည္။
အိုဘားမားက “ထရမ့္ သမၼတ ျဖစ္မွာမဟုတ္ဘူးလုိ႔ ကၽြန္ေတာ္ယံုဆဲပဲ။ အေၾကာင္းျပခ်က္လား။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္က အေမရိကန္ျပည္သူေတြအေပၚ အမ်ားႀကီးယံုၾကည္ထားလုိ႔ပါပဲ” ဟု ဆိုသည္။ ထရမ့္သည္ ျပည္နယ္အလုိက္ ပါတီကိုယ္စားျပဳ သမၼတေလာင္းေနရာ ယွဉ္ၿပိဳင္မႈမ်ားတြင္ ေတာင္ပိုင္းကာ႐ိုလိုင္းနား၌ အႏိုင္ရထားသည္။
သို႔ေသာ္လည္း ေရရွည္တြင္ ျပည္သူ႔ဆႏၵက ထရမ့္ကို ေက်ာခိုင္းၿပီးသားျဖစ္သြားလိမ့္မည္ဟု အိုဘားမားက သံုးသပ္ခဲ့သည္။ “အေမရိကန္သမၼတေနရာဟာ တကယ့္ကို အေလးအနက္ထားရတဲ့ အလုပ္မ်ိဳးဆိုတာ ျပည္သူေတြသတိျပဳမိမွာပါ။ ဒါဟာ Talk Show၊ ဒါမွမဟုတ္ Reality Show တစ္ခုမွာ အစီအစဉ္မွဴးလုပ္ရတာမ်ိဳး မဟုတ္ဘူး။ Marketing ဆင္းေနတာ မဟုတ္ဘူး။ တကယ္ခက္ပါတယ္” ဟုလည္း အိုဘားမားက ဆိုသည္။
ထရမ့္ကမူ အိုဘားမားက ၎အေပၚ မေထာက္ခံမႈႏွင့္ ပတ္သက္၍ လက္ရွိသမၼတလက္ထက္တြင္ အေမရိကန္ႏုိင္ငံတြင္ ထိခုိက္မႈမ်ားစြာႀကံဳေတြ႕ခဲ့ေၾကာင္း တံု႔ျပန္စြပ္စြဲထားသည္။
Ref: BBC
7Daydaily
.................
ထရမ့် အမေရိကန်သမ္မတ ဖြစ်လာမည်မဟုတ်ဟု အိုဘားမား ဟောကိန်းထုတ်
On Wed, 2016-02-17 12:45Issue No.No.1012 Wednesday, February 17, 2016
အမေရိကန်သမ္မတရာထူးသည် ပေါ့ပျက်ပျက်အလုပ်တစ်ခု မဟုတ်သဖြင့် ဒေါ်နယ်လ်ထရမ့်သည် ထိုရာထူးကိုရမည်မဟုတ်ဟု ဘာရတ်အိုဘားမားက ပြောကြားလိုက်သည်။
အမေရိကန်၏ ဖွဲ့စည်းပုံဥပဒေအရ အိုဘားမားသည် သမ္မတသက်တမ်းနှစ်ကြိမ် ထမ်းဆောင်ပြီးနောက် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့ချေ။ လတ်တလောတွင် အတိုက်အခံ ဒီမိုကရက်ပါတီ၏ သမ္မတလောင်းအဖြစ် မီဒီယာလုပ်ငန်းရှင်သူဌေးကြီး ထရမ့်က အထူးတလည် ရေပန်းစားနေသော်လည်း အိုဘားမားက ၎င်း၏ရာထူးကို ထရမ့် ဆက်ခံခွင့်ရမည်မဟုတ်ဟု အခိုင်အမာ ယုံကြည်နေသည်။
အိုဘားမားသည် ပါတီအလိုက် မဲဆွယ်မှုများ ပြုလုပ်နေသည့်ကာလကတည်းက ထရမ့်အနေဖြင့် အမေရိကန်သမ္မတမဖြစ်နိုင်ဟု မှတ်ချက်ပေးခဲ့ဖူးသည်။ ထရမ့်သည် မွတ်ဆလင်များကို ခွဲခြားနှိမ့်ချသည့် မှတ်ချက်မျိုးအပါအဝင် အငြင်းပွားဖွယ်စကားများကို ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။
အိုဘားမားက “ထရမ့် သမ္မတ ဖြစ်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံဆဲပဲ။ အကြောင်းပြချက်လား။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အမေရိကန်ပြည်သူတွေအပေါ် အများကြီးယုံကြည်ထားလို့ပါပဲ” ဟု ဆိုသည်။ ထရမ့်သည် ပြည်နယ်အလိုက် ပါတီကိုယ်စားပြု သမ္မတလောင်းနေရာ ယှဉ်ပြိုင်မှုများတွင် တောင်ပိုင်းကာရိုလိုင်းနား၌ အနိုင်ရထားသည်။
သို့သော်လည်း ရေရှည်တွင် ပြည်သူ့ဆန္ဒက ထရမ့်ကို ကျောခိုင်းပြီးသားဖြစ်သွားလိမ့်မည်ဟု အိုဘားမားက သုံးသပ်ခဲ့သည်။ “အမေရိကန်သမ္မတနေရာဟာ တကယ့်ကို အလေးအနက်ထားရတဲ့ အလုပ်မျိုးဆိုတာ ပြည်သူတွေသတိပြုမိမှာပါ။ ဒါဟာ Talk Show၊ ဒါမှမဟုတ် Reality Show တစ်ခုမှာ အစီအစဉ်မှူးလုပ်ရတာမျိုး မဟုတ်ဘူး။ Marketing ဆင်းနေတာ မဟုတ်ဘူး။ တကယ်ခက်ပါတယ်” ဟုလည်း အိုဘားမားက ဆိုသည်။
ထရမ့်ကမူ အိုဘားမားက ၎င်းအပေါ် မထောက်ခံမှုနှင့် ပတ်သက်၍ လက်ရှိသမ္မတလက်ထက်တွင် အမေရိကန်နိုင်ငံတွင် ထိခိုက်မှုများစွာကြုံတွေ့ခဲ့ကြောင်း တုံ့ပြန်စွပ်စွဲထားသည်။
Ref: BBC
7Daydaily
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment