Byဇြဲရဲ၀င့္On Wed, 2016-02-17 13:24Issue No.No.1012 Wednesday, February 17, 2016
အာဂ်င္တီးနားတြင္ ဒိုင္ဆံုးျဖတ္ခ်က္ကို မေက်နပ္သည့္ ေဘာလံုးသမား တစ္ဦးက ဒိုင္လူႀကီးကို ေသနတ္ျဖင့္ ပစ္သတ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ျပည္တြင္း သတင္းမ်ား၏ အဆိုအရ ေကာ္ဒိုဘာတြင္ ျပဳလုပ္သည့္ အေပ်ာ္တမ္းအဆင့္ ေဘာလံုးၿပိဳင္ပြဲ တစ္ခုတြင္ ဒိုင္လူႀကီး ဆီဇာ ဖေလာရက္စ္သည္ ေဘာလံုးသမား တစ္ဦးကို အနီကတ္ျပ ထုတ္ပယ္ခဲ့ေၾကာင္း သိရသည္။ သတင္းမ်ားက အမည္ေဖာ္ျပျခင္း မရွိသည့္ အဆိုပါ ေဘာလံုးသမားသည္ ေဒါသတႀကီး ထြက္ခြာသြားၿပီးေနာက္ ကြင္းေဘးရွိ ၎၏ အိတ္ထဲမွ ေသနတ္ကို သြားထုတ္ကာ အသက္ ၄၈ ႏွစ္အရြယ္ ဒိုင္လူႀကီးကို သံုးခ်က္ ပစ္ခတ္ခဲ့သည္။
ဖေလာရက္စ္သည္ လည္ပင္း၊ ဦးေခါင္းႏွင့္ ရင္ဘတ္တို႔တြင္ ဒဏ္ရာမ်ား ရရွိကာ ေသဆံုးသြားခဲ့သည္။ ယခုသီတင္းပတ္ အေစာပိုင္းက ျဖစ္ရပ္ႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရ အရာရွိ တစ္ဦးက “ကိစၥအားလံုးက
ေဘာလံုးကြင္းထဲမွာတင္ ျဖစ္သြားတာပါ။ ျဖစ္စဉ္ အေသးစိတ္ကိုေတာ့ စံုစမ္းေနတုန္းပဲ။ ေလာေလာဆယ္ သိထားသေလာက္ေတာ့ ဒိုင္ဆံုးျဖတ္ခ်က္ကို မေက်နပ္လုိ႔ ေဘာလံုးသမားက ေသနတ္သြားယူၿပီး ပစ္သတ္လုိက္တာ ျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။
လူသတ္မႈ က်ဴးလြန္ခဲ့သည့္ ေဘာလံုးသမားမွာ တိမ္းေရွာင္ေနဆဲဟု ဆိုသည္။ ပစ္ခတ္မႈအတြင္း အျခား ေဘာလံုးသမား တစ္ဦးလည္း ထိခုိက္ ဒဏ္ရာရခဲ့သည့္တိုင္ အသက္အႏၱရာယ္ စိုးရိမ္စရာ မရွိဟု သတင္းမ်ားက
ေဖာ္ျပခဲ့သည္။
ေတာင္အေမရိကတြင္ ေဘာလံုးပြဲမ်ား၌ တိုက္ခုိက္မႈမ်ား မၾကာခဏ ေပၚေပါက္ေလ့ရွိသည္။ ယမန္ႏွစ္ကလည္း ၎ကို အၾကမ္းဖက္ ရန္ျပဳသည့္ ေဘာလံုးသမား တစ္ဦးကို ဘရာဇီး ဒိုင္လူႀကီး တစ္ဦးက ေသနတ္ျဖင့္ ထုတ္ခ်ိန္ခဲ့ဖူးသည္။ ၂၀၁၃ ခုႏွစ္ကမူ အနီကတ္ ျပရာမွ အျပန္အလွန္ ျငင္းခံုမႈ တစ္ခုအတြင္း အက်ည္းအတန္ဆံုး ျဖစ္ရပ္တစ္ခု ေပၚေပါက္ခဲ့ဖူးသည္။
ထိုစဉ္က ဒိုင္လူႀကီး ေဂ်ာ္ဒန္ေဆးလ္ဗားသည္ ၎၏ အနီကတ္ ျပသမႈကို ကန္႔ကြက္သည့္ ကစားသမား ဂ်ိဳဆီနာ ဆန္တို အက္ဘ္႐ူကို ဓားျဖင့္ ထိုးခဲ့သည္။ အက္ဘ္႐ူကို ေဆး႐ံုသို႔ တင္ပို႔ခဲ့ေသာ္လည္း လမ္းတြင္ပင္ ကြယ္လြန္သြားခဲ့သည္။ ထိုအခါ ေဒါသထြက္ေနသည့္ ပရိသတ္မ်ားက ေဆးလ္ဗားကို ဖမ္းဆီးကာ ညႇင္းဆဲ ႏွိပ္စက္ၿပီး ေနာက္ဆံုးတြင္ ေက်ာက္တံုးမ်ားျဖင့္ ပစ္ေပါက္ သတ္ျဖတ္ခဲ့သည္။ ထို႔ေနာက္တြင္မူ လက္စားေခ် လိုစိတ္ ျပင္းထန္ေနသည့္ အက္ဘ္႐ူ၏ မိသားစုမ်ားက ေဆးလ္ဗား၏ အေလာင္းကို အစိတ္စိတ္ အပိုင္းပိုင္း ျဖတ္ေတာက္ခဲ့ၾကေၾကာင္း သိရွိရသည္။
Ref: CNN
7Daydaily
...........
အာဂျင်တီးနားတွင် အနီကတ်ပြသည့် ဒိုင်လူကြီးကို ဘောလုံးသမားက သေနတ်ဖြင့်ပစ်သတ်
Byဇွဲရဲဝင့်On Wed, 2016-02-17 13:24Issue No.No.1012 Wednesday, February 17, 2016
အာဂျင်တီးနားတွင် ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ်သည့် ဘောလုံးသမား တစ်ဦးက ဒိုင်လူကြီးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်း သတင်းများ၏ အဆိုအရ ကော်ဒိုဘာတွင် ပြုလုပ်သည့် အပျော်တမ်းအဆင့် ဘောလုံးပြိုင်ပွဲ တစ်ခုတွင် ဒိုင်လူကြီး ဆီဇာ ဖလောရက်စ်သည် ဘောလုံးသမား တစ်ဦးကို အနီကတ်ပြ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ သတင်းများက အမည်ဖော်ပြခြင်း မရှိသည့် အဆိုပါ ဘောလုံးသမားသည် ဒေါသတကြီး ထွက်ခွာသွားပြီးနောက် ကွင်းဘေးရှိ ၎င်း၏ အိတ်ထဲမှ သေနတ်ကို သွားထုတ်ကာ အသက် ၄၈ နှစ်အရွယ် ဒိုင်လူကြီးကို သုံးချက် ပစ်ခတ်ခဲ့သည်။
ဖလောရက်စ်သည် လည်ပင်း၊ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းက ဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “ကိစ္စအားလုံးက
ဘောလုံးကွင်းထဲမှာတင် ဖြစ်သွားတာပါ။ ဖြစ်စဉ် အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပဲ။ လောလောဆယ် သိထားသလောက်တော့ ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဘောလုံးသမားက သေနတ်သွားယူပြီး ပစ်သတ်လိုက်တာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
လူသတ်မှု ကျူးလွန်ခဲ့သည့် ဘောလုံးသမားမှာ တိမ်းရှောင်နေဆဲဟု ဆိုသည်။ ပစ်ခတ်မှုအတွင်း အခြား ဘောလုံးသမား တစ်ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့သည့်တိုင် အသက်အန္တရာယ် စိုးရိမ်စရာ မရှိဟု သတင်းများက
ဖော်ပြခဲ့သည်။
တောင်အမေရိကတွင် ဘောလုံးပွဲများ၌ တိုက်ခိုက်မှုများ မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။ ယမန်နှစ်ကလည်း ၎င်းကို အကြမ်းဖက် ရန်ပြုသည့် ဘောလုံးသမား တစ်ဦးကို ဘရာဇီး ဒိုင်လူကြီး တစ်ဦးက သေနတ်ဖြင့် ထုတ်ချိန်ခဲ့ဖူးသည်။ ၂၀၁၃ ခုနှစ်ကမူ အနီကတ် ပြရာမှ အပြန်အလှန် ငြင်းခုံမှု တစ်ခုအတွင်း အကျည်းအတန်ဆုံး ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။
ထိုစဉ်က ဒိုင်လူကြီး ဂျော်ဒန်ဆေးလ်ဗားသည် ၎င်း၏ အနီကတ် ပြသမှုကို ကန့်ကွက်သည့် ကစားသမား ဂျိုဆီနာ ဆန်တို အက်ဘ်ရူကို ဓားဖြင့် ထိုးခဲ့သည်။ အက်ဘ်ရူကို ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း လမ်းတွင်ပင် ကွယ်လွန်သွားခဲ့သည်။ ထိုအခါ ဒေါသထွက်နေသည့် ပရိသတ်များက ဆေးလ်ဗားကို ဖမ်းဆီးကာ ညှင်းဆဲ နှိပ်စက်ပြီး နောက်ဆုံးတွင် ကျောက်တုံးများဖြင့် ပစ်ပေါက် သတ်ဖြတ်ခဲ့သည်။ ထို့နောက်တွင်မူ လက်စားချေ လိုစိတ် ပြင်းထန်နေသည့် အက်ဘ်ရူ၏ မိသားစုများက ဆေးလ်ဗား၏ အလောင်းကို အစိတ်စိတ် အပိုင်းပိုင်း ဖြတ်တောက်ခဲ့ကြကြောင်း သိရှိရသည်။
Ref: CNN
7Daydaily
Home
Argentina
World News
အာဂ်င္တီးနားတြင္ အနီကတ္ျပသည့္ ဒိုင္လူႀကီးကို ေဘာလံုးသမားက ေသနတ္ျဖင့္ပစ္သတ္
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment