Kurd ေတြကို တူရကီ ဆက္တိုက္ခိုက္ေန
ဆီးရီးယား ႏိုင္ငံ နယ္စပ္မွာ ရွိေနတဲ့ Kurdish တပ္ ေတြကို မတိုက္ခိုက္ဖို႔ အေမရိကန္နဲ႔ ျပင္သစ္က ေတာင္းဆိုတဲ့ ၾကားကပဲ တူရကီက တိုက္ခိုက္မႈေတြ ဆက္လုပ္ေနပါတယ္။
IS အစၥလာမ္မစ္ အဖြဲ႔ကို တိုက္ခိုက္ေခ်မွဳန္းေရးမွာ အေနာက္တိုင္း ႏိုင္ငံေတြက Kurdish တပ္ေတြကို အားကိုးၿပီး အကူအညီေပးေနတာ ျဖစ္ပါတယ္။
ဒါေပမဲ့ အရင္တပတ္မွာပဲ Kurdish တပ္ေတြက တူရကီနဲ႔ ဆီးရီးယားႏိုင္ငံ အလက္ပိုၿမိဳ႕အၾကားက ေနရာတစ္ခုကို သိမ္းပိုက္လိုက္ၿပီးေနာက္ တူရကီဘက္က စိုးရိမ္မႈ ႀကီးထြားလာတာ ျဖစ္ပါတယ္။
တူရကီႏိုင္ငံဟာ Kurdish ေတြရဲ့ ဆန္႔က်င္မႈကို ခံေနရတဲ့အတြက္ Kurdish တပ္ေတြ ႀကီးထြားလာရင္ တူရကီအတြက္ အႏာၱရာယ္ ျဖစ္မယ္လို႔ ယူဆေနတာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဆီးရီးယား နယ္စပ္နားမွာ ရွိေနတဲ့ Kurdish တပ္ကို တူရကီက တိုက္ခိုက္ေနတာ ျဖစ္ပါတယ္။
ဆီးရီးယား နယ္ထဲက Kurdish ေတြကို တူရကီက တိုက္ခိုက္ေနတာ ျဖစ္လို႔ ဆီးရီးယားကလည္း ကုလသမဂၢကို ၾကားဝင္ ေျဖရွင္းေပးဖို႔ ေတာင္းဆိုထားပါတယ္။
တခ်ိန္တည္းမွာပဲ ေဆာ္ဒီအာေရးဗီးယား အစိုးရရဲ့ အဆိုအရ ဆီးရီးယားႏိုင္ငံက IS ကို တိုက္ခိုက္ဖို႔ တူရကီႏိုင္ငံမွာ စစ္ေလယာဥ္ေတြ ပို႔ေဆာင္ထားတယ္လို႔ ဆိုပါတယ္။
ေဆာ္ဒီ အစိုးရဟာ ေဝဟင္တိုက္ခိုက္မႈေတြကို ေဆာ္ဒီႏိုင္ငံအတြင္းကေနသာ လုပ္ေဆာင္တာ ျဖစ္ေပမယ့္ အခုအခါမွာေတာ့ တူရကီႏိုင္ငံကေနတဆင့္ လုပ္ကိုင္ဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။
ဒါ့အျပင္ လိုအပ္လာရင္ေတာ့ ေဆာ္ဒီအာေရးဗီးယား အေနနဲ႔ ဆီးရီးယားႏိုင္ငံကို စစ္သားေတြ ေစလြတ္ၿပီး IS ကို တိုက္ခိုက္ဖို႔ အသင့္ပဲလို႔ ေျပာလိုက္ပါတယ္။
အေမရိကန္နဲ႔ တျခား မဟာမိတ္ႏိုင္ငံေတြကသာ စစ္သားေတြကို စစ္ေျမျပင္ ေစလြတ္ရင္ ေဆာ္ဒီဘက္ကလည္း အသင့္ပဲလို႔ ေျပာလိုက္ပါတယ္။
ရုရွား အစိုးရကေတာ့ အေမရိကန္ကသာ ဆီးရီးယားႏိုင္ငံထဲ စစ္သားေတြ ပို႔ေဆာင္မယ္ဆိုရင္ ဆီးရီးယားစစ္ဟာ ၾကာရွည္တဲ့ စစ္အသြင္ေျပာင္းသြားမယ္လို႔ သတိေပးထားပါတယ္။
ဆီးရီးယား ႏိုင္ငံက IS ကို တိုက္ခိုက္ေရးမွာ ပိုမို ပူးေပါင္းမႈေတြလုပ္ဖို႔လည္း အေမရိကန္နဲ႔ ရုရွားတို႔က သေဘာတူခဲ့ၾကပါတယ္။ အေမရိကန္ကေတာ့ ဆီးရီးယား အစိုးရကို ဆန္႔က်င္တဲ့ တခ်ဳိ႕ သူပုန္ တပ္ဖြဲ႔ကို မတိုက္ခိုက္ဖို႔ ရုရွားကို ေျပာဆိုေပမယ့္ ရုရွားကေတာ့ သူတို႔က အၾကမ္းဖက္ အဖြဲ႔ေတြကိုသာ တိုက္ခိုက္ေနတယ္လို႔ တုန္႔ျပန္ထားပါတယ္။ ဆီးရီးယား အစိုးရကေတာ့ သူ႔ကို ဆန္႔က်င္တဲ့ သူပုန္တပ္ဖြဲ႔ အားလုံးကို အၾကမ္းဖက္ အဖြဲ႔အျဖစ္ သတ္မွတ္ေနတာ ျဖစ္ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
.........
ဆီးရီးယား နိုင်ငံ နယ်စပ်မှာ ရှိနေတဲ့ Kurdish တပ် တွေကို မတိုက်ခိုက်ဖို့ အမေရိကန်နဲ့ ပြင်သစ်က တောင်းဆိုတဲ့ ကြားကပဲ တူရကီက တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။
IS အစ္စလာမ်မစ် အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရေးမှာ အနောက်တိုင်း နိုင်ငံတွေက Kurdish တပ်တွေကို အားကိုးပြီး အကူအညီပေးနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အရင်တပတ်မှာပဲ Kurdish တပ်တွေက တူရကီနဲ့ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အကြားက နေရာတစ်ခုကို သိမ်းပိုက်လိုက်ပြီးနောက် တူရကီဘက်က စိုးရိမ်မှု ကြီးထွားလာတာ ဖြစ်ပါတယ်။
တူရကီနိုင်ငံဟာ Kurdish တွေရဲ့ ဆန့်ကျင်မှုကို ခံနေရတဲ့အတွက် Kurdish တပ်တွေ ကြီးထွားလာရင် တူရကီအတွက် အန္တာရာယ် ဖြစ်မယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဆီးရီးယား နယ်စပ်နားမှာ ရှိနေတဲ့ Kurdish တပ်ကို တူရကီက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဆီးရီးယား နယ်ထဲက Kurdish တွေကို တူရကီက တိုက်ခိုက်နေတာ ဖြစ်လို့ ဆီးရီးယားကလည်း ကုလသမဂ္ဂကို ကြားဝင် ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
တချိန်တည်းမှာပဲ ဆော်ဒီအာရေးဗီးယား အစိုးရရဲ့ အဆိုအရ ဆီးရီးယားနိုင်ငံက IS ကို တိုက်ခိုက်ဖို့ တူရကီနိုင်ငံမှာ စစ်လေယာဉ်တွေ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဆော်ဒီ အစိုးရဟာ ဝေဟင်တိုက်ခိုက်မှုတွေကို ဆော်ဒီနိုင်ငံအတွင်းကနေသာ လုပ်ဆောင်တာ ဖြစ်ပေမယ့် အခုအခါမှာတော့ တူရကီနိုင်ငံကနေတဆင့် လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် လိုအပ်လာရင်တော့ ဆော်ဒီအာရေးဗီးယား အနေနဲ့ ဆီးရီးယားနိုင်ငံကို စစ်သားတွေ စေလွတ်ပြီး IS ကို တိုက်ခိုက်ဖို့ အသင့်ပဲလို့ ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ တခြား မဟာမိတ်နိုင်ငံတွေကသာ စစ်သားတွေကို စစ်မြေပြင် စေလွတ်ရင် ဆော်ဒီဘက်ကလည်း အသင့်ပဲလို့ ပြောလိုက်ပါတယ်။
ရုရှား အစိုးရကတော့ အမေရိကန်ကသာ ဆီးရီးယားနိုင်ငံထဲ စစ်သားတွေ ပို့ဆောင်မယ်ဆိုရင် ဆီးရီးယားစစ်ဟာ ကြာရှည်တဲ့ စစ်အသွင်ပြောင်းသွားမယ်လို့ သတိပေးထားပါတယ်။
ဆီးရီးယား နိုင်ငံက IS ကို တိုက်ခိုက်ရေးမှာ ပိုမို ပူးပေါင်းမှုတွေလုပ်ဖို့လည်း အမေရိကန်နဲ့ ရုရှားတို့က သဘောတူခဲ့ကြပါတယ်။ အမေရိကန်ကတော့ ဆီးရီးယား အစိုးရကို ဆန့်ကျင်တဲ့ တချို့ သူပုန် တပ်ဖွဲ့ကို မတိုက်ခိုက်ဖို့ ရုရှားကို ပြောဆိုပေမယ့် ရုရှားကတော့ သူတို့က အကြမ်းဖက် အဖွဲ့တွေကိုသာ တိုက်ခိုက်နေတယ်လို့ တုန့်ပြန်ထားပါတယ်။ ဆီးရီးယား အစိုးရကတော့ သူ့ကို ဆန့်ကျင်တဲ့ သူပုန်တပ်ဖွဲ့ အားလုံးကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်နေတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment