ဆီးရီးယားတပ္မ်ား အလက္ပုိၿမိဳ႕ကုိ ျပန္လည္သိမ္းပုိက္


ေဘရြတ္ ေဖေဖာ္ဝါရီ ၁၄

ဆီးရီးယားအပစ္အခတ္ရပ္စဲေရး အစီအစဥ္မွာ ေအာင္ျမင္မႈထက္ က်႐ႈံးမႈမွာ ပုိ၍ျဖစ္လာႏုိင္ေၾကာင္း၊ ႐ုရွားတုိ႔ ၏ ေလေၾကာင္းပစ္ကူတုိက္ခုိက္မႈႏွင့္အတူ ဆီးရီးယားအစုိးရတပ္မ်ားက အလက္ပုိၿမိဳ႕အနီး သူပုန္ထိန္းခ်ဳပ္နယ္ေျမ ကုိ သိမ္းပုိက္လုိက္ၿပီျဖစ္ရာ ယင္းတုိ႔အေနျဖင့္ ရက္ကာျပည္နယ္ရွိ အုိင္အက္စ္တုိ႔၏ခံတပ္ကုိ သိမ္းပုိက္ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း ႐ုရွားက စေနေန႔တြင္ ေျပာၾကားလုိက္သည္။
အင္အားႀကီးႏုိင္ငံမ်ားက တိုက္ခုိက္မႈမ်ား အဆုံးသတ္ရန္ သေဘာတူညီခဲ့ၿပီးေနာက္ တစ္ရက္အၾကာ အရပ္သား မ်ားအား ဗုံးႀကဲတုိက္ခုိက္ေနသည္ဆုိေသာ ျပင္သစ္၏စြပ္စဲြခ်က္ကုိ ႐ုရွားက ျမဴးနစ္ကြန္ဖရင့္၌ ျငင္းဆုိလုိက္ သည္။

႐ုရွားတုိ႔အေနျဖင့္ အတုိက္အခံအုပ္စုမ်ားႏွင့္ အရပ္သားမ်ားအား ဗုံးႀကဲတုိက္ခုိက္ေနသည္ဆုိေသာ စြပ္စဲြခ်က္ ကုိ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး ဂြၽန္ကယ္ရီက ထပ္ေလာင္းေျပာဆုိလုိက္ၿပီး ေမာ္စကုိအေနျဖင့္ အပစ္အခတ္ ရပ္စဲေရး သေဘာတူစာခ်ဳပ္ကုိ ေလးစားေသာအားျဖင့္ ပစ္မွတ္မ်ားကုိ ေျပာင္းလဲရမည္ျဖစ္ေၾကာင္း ၄င္းကေျပာ သည္။

အဆုိပါပဋိပကၡသည္ စက္တင္ဘာလက ႐ုရွားပါဝင္လာၿပီးေနာက္ ကုလသမဂၢက ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြ အေပၚ ႐ႈျမင္သုံးသပ္ၿပီးကတည္းက အရွိန္ျမင့္တက္လာခဲ့သည္။

(႐ုိက္တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
..........


ဘေရွတ် ဖေဖော်ဝါရီ ၁၄

ဆီးရီးယားအပစ်အခတ်ရပ်စဲရေး အစီအစဉ်မှာ အောင်မြင်မှုထက် ကျရှုံးမှုမှာ ပို၍ဖြစ်လာနိုင်ကြောင်း၊ ရုရှားတို့ ၏ လေကြောင်းပစ်ကူတိုက်ခိုက်မှုနှင့်အတူ ဆီးရီးယားအစိုးရတပ်များက အလက်ပိုမြို့အနီး သူပုန်ထိန်းချုပ်နယ်မြေ ကို သိမ်းပိုက်လိုက်ပြီဖြစ်ရာ ယင်းတို့အနေဖြင့် ရက်ကာပြည်နယ်ရှိ အိုင်အက်စ်တို့၏ခံတပ်ကို သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ရုရှားက စနေနေ့တွင် ပြောကြားလိုက်သည်။
အင်အားကြီးနိုင်ငံများက တိုက်ခိုက်မှုများ အဆုံးသတ်ရန် သဘောတူညီခဲ့ပြီးနောက် တစ်ရက်အကြာ အရပ်သား များအား ဗုံးကြဲတိုက်ခိုက်နေသည်ဆိုသော ပြင်သစ်၏စွပ်စွဲချက်ကို ရုရှားက မြူးနစ်ကွန်ဖရင့်၌ ငြင်းဆိုလိုက် သည်။

ရုရှားတို့အနေဖြင့် အတိုက်အခံအုပ်စုများနှင့် အရပ်သားများအား ဗုံးကြဲတိုက်ခိုက်နေသည်ဆိုသော စွပ်စွဲချက် ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထပ်လောင်းပြောဆိုလိုက်ပြီး မော်စကိုအနေဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လေးစားသောအားဖြင့် ပစ်မှတ်များကို ပြောင်းလဲရမည်ဖြစ်ကြောင်း ၄င်းကပြော သည်။

အဆိုပါပဋိပက္ခသည် စက်တင်ဘာလက ရုရှားပါဝင်လာပြီးနောက် ကုလသမဂ္ဂက ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ် ရှုမြင်သုံးသပ်ပြီးကတည်းက အရှိန်မြင့်တက်လာခဲ့သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment