ကန္တရား႐ံုးခ်ဳပ္ တရားသူႀကီး Scalia ကြယ္လြန္
အေမရိကန္ႏုိင္ငံေတာ္ တရားရုံးခ်ဳပ္မွာ သက္တမ္းအၾကာဆုံး တရားသူႀကီး Antonin Scalia ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။ တရားသူႀကီး Scalia ဟာ Texas ျပည္နယ္အတြင္းက အပန္းေျဖၿမိဳ႕တခုျဖစ္တဲ့ Cibolol Creek Ranch မွာ လူႀကီးေရာဂါနဲ႔ အိပ္ေနရင္း ကြယ္လြန္သြားတာလုိ႔ ဆုိပါတယ္။
အသက္ ၇၉ ႏွစ္ရွိၿပီတဲ့ ေရွးရုိးစြဲ၀ါဒီ Scalia ကုိ ကြယ္လြန္သူ အေမရိကန္သမၼတေဟာင္း Ronald Reagan က ၁၉၈၆ ခုႏွစ္မွာ ခန္႔အပ္ တာ၀န္ေပးခဲ့တာေၾကာင့္ သူဟာ သက္တမ္းအၾကာဆုံး တရားသူႀကီးလည္း ျဖစ္ပါတယ္။ သူဟာ အီတလီႏြယ္ဖြား အေမရိကန္ႏုိင္ငံသား တဦးအေနနဲ႔ ပထမဆုံး ႏုိင္ငံေတာ္ တရားသူႀကီးအျဖစ္ ခန္႔အပ္ တာ၀န္ေပးခံရသူလည္း ျဖစ္ပါတယ္။
အေမရိကန္သမၼတ အိမ္ျဖဴေတာ္ကလည္း - Scalia ကြယ္လြန္မႈအတြက္ ၀မ္းနည္းေၾကာင္း မိသားစုထံ သမၼတ Barack Obama က သတင္းစကား ေပးပုိ႔ခဲ့ၿပီးျဖစ္ေၾကာင္း၊ ေဒသစံေတာ္ခ်ိန္ စေနေန႔ေႏွာင္းပုိင္းမွာ အေသးစိတ္ ေၾကညာခ်က္ ထုတ္ျပန္သြားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။
ႏုိင္ငံေတာ္ တရားရုံးခ်ဳပ္ တရားသူႀကီးခ်ဳပ္ John Roberts က Scalia ကြယ္လြန္ေၾကာင္း အတည္ျပဳေျပာၾကားရင္း - သူဟာ အင္မတန္ ထူးျခားတဲ့ လူပုဂၢဳိလ္တဦးျဖစ္သလုိ ဥပေဒပညာရွင္တဦးလည္းျဖစ္ေၾကာင္း၊ သူ႔ကုိ လုပ္ေဖာ္ကုိင္ဖက္ေတြကလည္း ေလးစား အျမတ္တႏုိး ရွိၾကေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ ႏုိင္ငံေတာ္ တရားရုံးခ်ဳပ္မွာ တရားသူႀကီးခ်ဳပ္ အပါအ၀င္ တရားသူႀကီးေပါင္း ၉ ဦး ရွိပါတယ္။ ကြယ္လြန္သူ တရားသူႀကီး Antonin Scalia ရဲ႕ ေနရာမွာ ဘယ္သူ႔ကုိ အစားထုိး ခန္႔အပ္မယ္ဆုိတာကေတာ့ သမၼတက ဆုံးျဖတ္ရမွာျဖစ္ၿပီး ဆီးနိတ္ အထက္လႊတ္ေတာ္ကေန အတည္ျပဳေပးရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္မွာ ၈ ဦးသာရွိတဲ့ တရားရုံးခ်ဳပ္ကေနလည္း ဆုံးျဖတ္ခ်က္ေတြကုိ ခ်မွတ္ႏုိင္ပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........................
အမေရိကန်နိုင်ငံတော် တရားရုံးချုပ်မှာ သက်တမ်းအကြာဆုံး တရားသူကြီး Antonin Scalia ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ တရားသူကြီး Scalia ဟာ Texas ပြည်နယ်အတွင်းက အပန်းဖြေမြို့တခုဖြစ်တဲ့ Cibolol Creek Ranch မှာ လူကြီးရောဂါနဲ့ အိပ်နေရင်း ကွယ်လွန်သွားတာလို့ ဆိုပါတယ်။
အသက် ရ၉ နှစ်ရှိပြီတဲ့ ရှေးရိုးစွဲဝါဒီ Scalia ကို ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Ronald Reagan က ၁၉၈၆ ခုနှစ်မှာ ခန့်အပ် တာဝန်ပေးခဲ့တာကြောင့် သူဟာ သက်တမ်းအကြာဆုံး တရားသူကြီးလည်း ဖြစ်ပါတယ်။ သူဟာ အီတလီနွယ်ဖွား အမေရိကန်နိုင်ငံသား တဦးအနေနဲ့ ပထမဆုံး နိုင်ငံတော် တရားသူကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရသူလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း - Scalia ကွယ်လွန်မှုအတွက် ၀မ်းနည်းကြောင်း မိသားစုထံ သမ္မတ Barack Obama က သတင်းစကား ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ဒေသစံတော်ချိန် စနေနေ့နှောင်းပိုင်းမှာ အသေးစိတ် ကြေညာချက် ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးချုပ် John Roberts က Scalia ကွယ်လွန်ကြောင်း အတည်ပြုပြောကြားရင်း - သူဟာ အင်မတန် ထူးခြားတဲ့ လူပုဂ္ဂိုလ်တဦးဖြစ်သလို ဥပဒေပညာရှင်တဦးလည်းဖြစ်ကြောင်း၊ သူ့ကို လုပ်ဖော်ကိုင်ဖက်တွေကလည်း လေးစား အမြတ်တနိုး ရှိကြကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံတော် တရားရုံးချုပ်မှာ တရားသူကြီးချုပ် အပါအဝင် တရားသူကြီးပေါင်း ၉ ဦး ရှိပါတယ်။ ကွယ်လွန်သူ တရားသူကြီး Antonin Scalia ရဲ့ နေရာမှာ ဘယ်သူ့ကို အစားထိုး ခန့်အပ်မယ်ဆိုတာကတော့ သမ္မတက ဆုံးဖြတ်ရမှာဖြစ်ပြီး ဆီးနိတ် အထက်လွှတ်တော်ကနေ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ၈ ဦးသာရှိတဲ့ တရားရုံးချုပ်ကနေလည်း ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment