ဆီးရီးယား ပဋိပကၡ အေရးႀကီးလမ္းခ်ိဳးေရာက္ရွိ


ဆီးရီးယားႏုိင္ငံရဲ႕ ပဋိပကၡဟာ အေရးပါတဲ့ အခ်ဳိးအေကြ႔တခုကုိ ေရာက္ေနၿပီလုိ႔ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး John Kerry က စေနေန႔မွာ ေျပာၾကားလုိက္ၿပီး၊ မၾကာေတာ့တဲ့ အနာဂတ္ကာလအတြင္း ျပဳလုပ္မယ့္ ဆုံးျဖတ္ခ်က္ေတြဟာ စစ္ပြဲေတြကုိ အဆုံးသတ္ေစေရး၊ သုိ႔တည္းမဟုတ္ အနာဂတ္အတြက္ အေရးပါတဲ့ ေရြးခ်ယ္မႈေတြ ျဖစ္လာေစမယ္လုိ႔ ဆုိပါတယ္။

အခုသီတင္းပတ္ဟာ ေျပာင္းလဲမႈေတြကုိ ျဖစ္ေပၚေစမယ့္ သီတင္းပတ္တခု ျဖစ္လာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ဂ်ာမနီႏုိင္ငံ၊ Munich ၿမိဳ႕မွာ က်င္းပေနတဲ့ လုံၿခံဳေရးဆုိင္ရာ ညီလာခံမွာ ၀န္ႀကီးကယ္ရီက ေျပာၾကားလုိက္တာပါ။ အခုအခ်ိန္ဟာ သိသာတဲ့ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေစတဲ့ အခ်ိန္ျဖစ္တယ္လုိ႔ ၀န္ႀကီးကယ္ရီက ေျပာပါတယ္။

လာမယ့္ရက္ေတြ၊ သီတင္းပတ္ေတြနဲ႔ လေတြအတြင္း ျပဳလုပ္ၾကမယ့္ ဆုံးျဖတ္ခ်က္ေတြဟာ ဆီးရီးယားစစ္ပြဲကုိ အဆုံးသတ္သြားေစႏုိင္သလုိ၊ မွားယြင္းတဲ့ ေရြးခ်ယ္မႈေတြကုိ ျပဳလုပ္လုိက္မိရင္ ပုိမုိ ႀကီးမားတဲ့ ပဋိပကၡေတြ ျဖစ္ေပၚလာေစႏုိင္တယ္လုိ႔ ၀န္ႀကီးကယ္ရီက ေျပာပါတယ္။

ကမၻာလုံးဆုိင္ရာ လုံၿခံဳေရးေပၚလစီနဲ႔ ပတ္သက္လုိ႔ အေၾကာင္းရပ္ ၂ ခုကုိ ၀န္ႀကီးကယ္ရီက အဓိကထား ေျပာၾကားသြားတာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပတုိက္က မဟာမိတ္ႏုိင္ငံေတြဟာ ဆီးရီးယားႏုိင္ငံအတြင္းက ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေတြအေရးနဲ႔ ယူကရိန္းအစုိးရနဲ႔ ႐ုရွားက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ခြဲထြက္ေရးသမားေတြ ကိစၥအပါအ၀င္ ပဋိပကၡေပါင္းမ်ားစြာကုိ ရင္ဆုိင္ ေျဖရွင္းေနရေၾကာင္း ၀န္ႀကီးကယ္ရီက ထည့္သြင္း ေျပာၾကားသြားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............


ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခဟာ အရေးပါတဲ့ အချိုးအကွေ့တခုကို ရောက်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က စနေနေ့မှာ ပြောကြားလိုက်ပြီး၊ မကြာတော့တဲ့ အနာဂတ်ကာလအတွင်း ပြုလုပ်မယ့် ဆုံးဖြတ်ချက်တွေဟာ စစ်ပွဲတွေကို အဆုံးသတ်စေရေး၊ သို့တည်းမဟုတ် အနာဂတ်အတွက် အရေးပါတဲ့ ရွေးချယ်မှုတွေ ဖြစ်လာစေမယ်လို့ ဆိုပါတယ်။

အခုသီတင်းပတ်ဟာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမယ့် သီတင်းပတ်တခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျာမနီနိုင်ငံ၊ Munich မြို့မှာ ကျင်းပနေတဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ ၀န်ကြီးကယ်ရီက ပြောကြားလိုက်တာပါ။ အခုအချိန်ဟာ သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတဲ့ အချိန်ဖြစ်တယ်လို့ ၀န်ကြီးကယ်ရီက ပြောပါတယ်။

လာမယ့်ရက်တွေ၊ သီတင်းပတ်တွေနဲ့ လတွေအတွင်း ပြုလုပ်ကြမယ့် ဆုံးဖြတ်ချက်တွေဟာ ဆီးရီးယားစစ်ပွဲကို အဆုံးသတ်သွားစေနိုင်သလို၊ မှားယွင်းတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်လိုက်မိရင် ပိုမို ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ၀န်ကြီးကယ်ရီက ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လုံခြံုရေးပေါ်လစီနဲ့ ပတ်သက်လို့ အကြောင်းရပ် ၂ ခုကို ၀န်ကြီးကယ်ရီက အဓိကထား ပြောကြားသွားတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်က မဟာမိတ်နိုင်ငံတွေဟာ ဆီးရီးယားနိုင်ငံအတွင်းက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအရေးနဲ့ ယူကရိန်းအစိုးရနဲ့ ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေ ကိစ္စအပါအဝင် ပဋိပက္ခပေါင်းများစွာကို ရင်ဆိုင် ဖြေရှင်းနေရကြောင်း ၀န်ကြီးကယ်ရီက ထည့်သွင်း ပြောကြားသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment