Winston မုန္တိုင္းေၾကာင့္ ဖီဂ်ီမွာ အေရးေပၚ ေၾကညာ

Winston မုန္တိုင္းေၾကာင့္ ျဖစ္ေပၚတဲ့ အပ်က္အစီး တခ်ဳိ႕ကို ေတြ႔ရစဥ္ (Credit: ABC licensed) 
ဖီဂ်ီႏိုင္ငံမွာ ​အင္အားျပင္းထန္တဲ့ ​Winston ​မုန္တိုင္း ​ဝင္ေရာက္ခဲ့တဲ့အတြက္ ​လူ ​၆ ​ဦးေသဆုံးၿပီး ​အပ်က္အစီးမ်ားလွတဲ့အတြက္ ​အစိုးရက ​အေရးေပၚ ​အေျခအေန ​ေၾကညာထားပါတယ္။

တခ်ဳိ႕ေဒသမွာေတာ့ ​မုန္တိုင္းေၾကာင့္ ​ရြာအလိုက္ ​ေပ်ာက္ဆုံးသြားတာေတြ ​ရွိတဲ့အတြက္ ​အပ်က္အစီးကို ​ေလ့လာၿပီးရင္ေတာ့ ​ေသဆုံးမႈေတြ ​မ်ားလာႏိုင္တယ္လို႔ ​ခန္႔မွန္းေနၾကပါတယ္။

အခုအခါမွာေတာ့ ​ဘယ္ေဒသမွာ ​အပ်က္အစီး ​ျဖစ္ေနသလဲ ​ဆိုတာကို ​အရင္ဆုံး ​ေလ့လာေနတုန္းပဲလို႔ ​ဝန္ႀကီးခ်ဳပ္ ​Frank ​Bainimarama ​က ​ေျပာပါတယ္။

ဖီဂ်ီႏိုင္ငံ ​Eastern ​Division ​မွာေတာ့ ​ေနအိမ္အလုံးေပါင္း ​၁၅၀ ​လုံးဝ ​ဖ်က္ဆီးခံရၿပီး ​အလုံး ​၆၀ ​ေလာက္ ​ပ်က္စီးသြားတယ္လို႔ ​ကုလသမဂၢရဲ့ ​ကူညီကယ္ဆယ္ေရးအဖြဲ႔ ​OCHA ​က ​ဆိုပါတယ္။

တျခား ​ေဒသ ​သုံးခုရဲ့ ​အေျခအေနကိုေတာ့ ​ေျပာဆိုႏိုင္ျခင္း ​မရွိေသးပါဘူး။

နီးစပ္ရာ ​ေဒသမွာ ​ကူညီကယ္ဆယ္ေရးေတြ ​စတင္ေနေပမယ့္ ​မုန္တိုင္းေၾကာင့္ ​ဖုန္းလိုင္း ​ျပတ္ေတာက္တာေတြ၊ ​လွ်ပ္စစ္မီးမရေတာ့တာေတြနဲ႔ ​လမ္းေတြ ​ပ်က္စီးကုန္တာေၾကာင့္ ​ေႏွာင့္ေႏွးမႈေတြ ​ျဖစ္ေနရပါတယ္။

အခုအခ်ိန္အထိ ​ၿမိဳ႕ႀကီး ​တခ်ဳိ႕မွာ ​လွ်ပ္စစ္မီးနဲ႔ ​ေရေတြ ​မရရွိၾကေသးဘူးလို႔ ​ဆိုပါတယ္။

တကၠသိုလ္ေက်ာင္းေတြကိုလည္း ​ဘယ္အခ်ိန္အထိ ​ပိတ္ခ်ထားမလဲ ​ဆိုတာ ​မသိရေသးေပမယ့္ ​စာသင္ေက်ာင္းေတြကေတာ့ ​ေနာက္တပတ္ေလာက္မွ ​ဖြင့္ႏိုင္လိမ့္မယ္လို႔ ​ခန္႔မွန္းေနၾကပါတယ္။

မုန္တိုင္းေၾကာင့္ ​ကာျဖဴးအမိန္႔ ​ခ်မွတ္ခဲ့ေပမယ့္ ​ဒီမနက္မွာပဲ ​ကာျဖဴးအမိန္႔ကို ​ရုတ္သိမ္းလိုက္ၿပီ ​ျဖစ္ပါတယ္။

Winston ​မုန္တိုင္းဟာ ​ကမာၻ႔ေတာင္ဘက္ပိုင္းကို ​ဝင္ေရာက္တဲ့ ​မုန္တိုင္းထဲမွာ ​အင္အား ​အျပင္းထန္ဆုံး ​ျဖစ္ၿပီး ​ေလတိုက္ႏွဳန္းက ​တစ္နာရီကို ​ကီလိုမီတာ ​၃၃၀ ​ရွိခဲ့ပါတယ္။

မုန္တိုင္း ​ျဖတ္သန္းသြားတဲ့ ​ေနရာ ​တေလွ်ာက္မွာ ​အပ်က္အစီးေတြ ​ျဖစ္ေနရသလို ​ေျမနိမ့္ေဒသမွာေတာ့ ​ေရႀကီးမႈေတြ ​ျဖစ္ေနရတယ္လို႔ ​ဆိုပါတယ္။

စေနေန႔ကစၿပီး ​ရက္ေပါင္း ​၃၀ ​ၾကာ ​သဘာဝ ​ကဒ္ဆိုးက်ေရာက္တဲ့ ​အေျခအေနအျဖစ္ ​ဖီဂ်ီ ​အစိုးရက ​ေၾကညာထားပါတယ္။

Winston ​မုန္တိုင္းဟာ ​တနဂၤေႏြေန႔တုန္းက ​Vanuatu ​ႏိုင္ငံဘက္ကို ​ျဖတ္သန္းခဲ့ၿပီး ​ဒီရက္ပိုင္းအတြင္း ​နယူးဇီလန္ႏိုင္ငံနဲ႔ ​New ​Caledonia ​ႏိုင္ငံအၾကားက ​ပစိဖိတ္သမုဒၵရာထဲမွာပဲ ​အင္အားေပ်ာ့သြားမယ့္ ​အေနအထား ​ရွိေနပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
..................
 Winston မုန်တိုင်းကြောင့် ဖြစ်ပေါ်တဲ့ အပျက်အစီး တချို့ကို တွေ့ရစဉ် (Credit: ABC licensed)
ဖီဂျီနိုင်ငံမှာ ​အင်အားပြင်းထန်တဲ့ ​Winston ​မုန်တိုင်း ​ဝင်ရောက်ခဲ့တဲ့အတွက် ​လူ ​၆ ​ဦးသေဆုံးပြီး ​အပျက်အစီးများလှတဲ့အတွက် ​အစိုးရက ​အရေးပေါ် ​အခြေအနေ ​ကြေညာထားပါတယ်။

တချို့ဒေသမှာတော့ ​မုန်တိုင်းကြောင့် ​ရွာအလိုက် ​ပျောက်ဆုံးသွားတာတွေ ​ရှိတဲ့အတွက် ​အပျက်အစီးကို ​လေ့လာပြီးရင်တော့ ​သေဆုံးမှုတွေ ​များလာနိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အခုအခါမှာတော့ ​ဘယ်ဒေသမှာ ​အပျက်အစီး ​ဖြစ်နေသလဲ ​ဆိုတာကို ​အရင်ဆုံး ​လေ့လာနေတုန်းပဲလို့ ​ဝန်ကြီးချုပ် ​Frank ​Bainimarama ​က ​ပြောပါတယ်။

ဖီဂျီနိုင်ငံ ​Eastern ​Division ​မှာတော့ ​နေအိမ်အလုံးပေါင်း ​၁၅၀ ​လုံးဝ ​ဖျက်ဆီးခံရပြီး ​အလုံး ​၆၀ ​လောက် ​ပျက်စီးသွားတယ်လို့ ​ကုလသမဂ္ဂရဲ့ ​ကူညီကယ်ဆယ်ရေးအဖွဲ့ ​OCHA ​က ​ဆိုပါတယ်။

တခြား ​ဒေသ ​သုံးခုရဲ့ ​အခြေအနေကိုတော့ ​ပြောဆိုနိုင်ခြင်း ​မရှိသေးပါဘူး။

နီးစပ်ရာ ​ဒေသမှာ ​ကူညီကယ်ဆယ်ရေးတွေ ​စတင်နေပေမယ့် ​မုန်တိုင်းကြောင့် ​ဖုန်းလိုင်း ​ပြတ်တောက်တာတွေ၊ ​လျှပ်စစ်မီးမရတော့တာတွေနဲ့ ​လမ်းတွေ ​ပျက်စီးကုန်တာကြောင့် ​နှောင့်နှေးမှုတွေ ​ဖြစ်နေရပါတယ်။

အခုအချိန်အထိ ​မြို့ကြီး ​တချို့မှာ ​လျှပ်စစ်မီးနဲ့ ​ရေတွေ ​မရရှိကြသေးဘူးလို့ ​ဆိုပါတယ်။

တက္ကသိုလ်ကျောင်းတွေကိုလည်း ​ဘယ်အချိန်အထိ ​ပိတ်ချထားမလဲ ​ဆိုတာ ​မသိရသေးပေမယ့် ​စာသင်ကျောင်းတွေကတော့ ​နောက်တပတ်လောက်မှ ​ဖွင့်နိုင်လိမ့်မယ်လို့ ​ခန့်မှန်းနေကြပါတယ်။

မုန်တိုင်းကြောင့် ​ကာဖြူးအမိန့် ​ချမှတ်ခဲ့ပေမယ့် ​ဒီမနက်မှာပဲ ​ကာဖြူးအမိန့်ကို ​ရုတ်သိမ်းလိုက်ပြီ ​ဖြစ်ပါတယ်။

Winston ​မုန်တိုင်းဟာ ​ကမ္ဘာ့တောင်ဘက်ပိုင်းကို ​ဝင်ရောက်တဲ့ ​မုန်တိုင်းထဲမှာ ​အင်အား ​အပြင်းထန်ဆုံး ​ဖြစ်ပြီး ​လေတိုက်နှုန်းက ​တစ်နာရီကို ​ကီလိုမီတာ ​၃၃၀ ​ရှိခဲ့ပါတယ်။

မုန်တိုင်း ​ဖြတ်သန်းသွားတဲ့ ​နေရာ ​တလျှောက်မှာ ​အပျက်အစီးတွေ ​ဖြစ်နေရသလို ​မြေနိမ့်ဒေသမှာတော့ ​ရေကြီးမှုတွေ ​ဖြစ်နေရတယ်လို့ ​ဆိုပါတယ်။

စနေနေ့ကစပြီး ​ရက်ပေါင်း ​၃၀ ​ကြာ ​သဘာဝ ​ကဒ်ဆိုးကျရောက်တဲ့ ​အခြေအနေအဖြစ် ​ဖီဂျီ ​အစိုးရက ​ကြေညာထားပါတယ်။

Winston ​မုန်တိုင်းဟာ ​တနင်္ဂနွေနေ့တုန်းက ​Vanuatu ​နိုင်ငံဘက်ကို ​ဖြတ်သန်းခဲ့ပြီး ​ဒီရက်ပိုင်းအတွင်း ​နယူးဇီလန်နိုင်ငံနဲ့ ​New ​Caledonia ​နိုင်ငံအကြားက ​ပစိဖိတ်သမုဒ္ဒရာထဲမှာပဲ ​အင်အားပျော့သွားမယ့် ​အနေအထား ​ရှိနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment