Homs ၿမိဳ႕မွာ တနဂၤေႏြေန႔ အေစာပုိင္းက ဗုံးေပါက္ကြဲ ၂ ျဖစ္ခဲ့ |
Homs ၿမိဳ႕မွာ တနဂၤေႏြေန႔ အေစာပုိင္းက ဗုံးေပါက္ကြဲ ၂ ခုျဖစ္သြားခဲ့တဲ့အတြက္္ လူ ၆၀ ေလာက္အထိ ေသဆုံးသြားႏုိင္တယ္လုိ႔ အေစာပုိင္း ခန္႔မွန္းခ်က္ေတြမွာ ေဖာ္ျပထားၿပီး Damascus ၿမိဳ႕ေတာင္ပုိင္း Sayeda Zeinab အရပ္မွာ တနဂၤေႏြေန႔မွာပဲ ျဖစ္သြားခဲ့တဲ့ ဗုံးေပါက္ကြဲမႈေတြေၾကာင့္ အနဲဆုံး လူ ၅၀ ေသဆုံးသြားတယ္လုိ႔ ဆုိပါတယ္။ ဇန္န၀ါရီလေႏွာင္းပုိင္းတုန္းကလည္း အဲဒီ အရပ္မွာရွိတဲ့ ရွီယား ဘုရားေက်ာင္းအနီးမွာ ေပါက္ကြဲမႈတခု ျဖစ္သြားခဲ့တဲ့အတြက္ လူေတြ ဒါဇင္နဲ႔ခ်ီ ေသဆုံးခဲ့ရတာပါ။
ဆီးရီးယားအစုိးရနဲ႔ အတုိက္အခံ သူပုန္အဖြဲ႔ေတြအၾကားက တုိက္ခုိက္မႈေတြ နာရီပုိင္းအတြင္း ရပ္တန္႔ေတာ့မယ္လုိ႔ ၀န္ႀကီးကယ္ရီက တနဂၤေႏြေန႔မွာ ေျပာဆုိအၿပီးမွာ အခုေနာက္ဆုံး ေပါက္ကြဲမႈေတြ ျဖစ္သြားခဲ့တာပါ။
၀န္ႀကီးကယ္ရီနဲ႔ ရုရွားႏုိင္ငံျခားေရး၀န္ႀကီး Sergei Lavrov တုိ႔ ၂ ဦး တယ္လီဖုန္းနဲ႔ ဆက္သြယ္ စကားေျပာၿပီး ဆီးရီးယားႏုိင္ငံအတြင္းက တင္းမာမႈေတြ ေလ်ာ့ခ်ေရးအတြက္ ျဖစ္ႏုိင္ေျခေတြကုိ ေဆြးေႏြးခဲ့ၾကတယ္ဆုိတဲ့ သေဘာမ်ဳိး ရုရွားႏုိင္ငံျခားေရးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ပဏာမသေဘာတူညီခ်က္ သေဘာတူညီခ်က္နဲ႔ပတ္သက္လုိ႔ ၂ ဖက္ကစလုံးက သတင္းထုတ္ျပန္ျခင္း မရွိပါဘူး။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........
Homs မြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက ဗုံးပေါက်ကွဲ ၂ ဖြစ်ခဲ့
ဆီးရီးယားနိုင်ငံအတွင်း ၅ နှစ်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် ရုရှားနိုင်ငံနဲ့ ယာယီသဘောတူညီချက် ရရှိလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါပေမယ့် တိုင်းပြည်တဝှမ်း အကြမ်းဖက်မှုတွေကတော့ ရပ်တန့်မသွားသေးဘဲ IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ရဲ့ သီးခြား တိုက်ခိုက်မှု ၂ ခုကြောင့် လူအတော်များများ သေဆုံးခဲ့ရပါတယ်။
Homs မြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက ဗုံးပေါက်ကွဲ ၂ ခုဖြစ်သွားခဲ့တဲ့အတွက်် လူ ၆၀ လောက်အထိ သေဆုံးသွားနိုင်တယ်လို့ အစောပိုင်း ခန့်မှန်းချက်တွေမှာ ဖော်ပြထားပြီး Damascus မြို့တောင်ပိုင်း Sayeda Zeinab အရပ်မှာ တနင်္ဂနွေနေ့မှာပဲ ဖြစ်သွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် အနဲဆုံး လူ ၅၀ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလနှောင်းပိုင်းတုန်းကလည်း အဲဒီ အရပ်မှာရှိတဲ့ ရှီယား ဘုရားကျောင်းအနီးမှာ ပေါက်ကွဲမှုတခု ဖြစ်သွားခဲ့တဲ့အတွက် လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတာပါ။
ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ သူပုန်အဖွဲ့တွေအကြားက တိုက်ခိုက်မှုတွေ နာရီပိုင်းအတွင်း ရပ်တန့်တော့မယ်လို့ ၀န်ကြီးကယ်ရီက တနင်္ဂနွေနေ့မှာ ပြောဆိုအပြီးမှာ အခုနောက်ဆုံး ပေါက်ကွဲမှုတွေ ဖြစ်သွားခဲ့တာပါ။
၀န်ကြီးကယ်ရီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောပြီး ဆီးရီးယားနိုင်ငံအတွင်းက တင်းမာမှုတွေ လျော့ချရေးအတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သဘောမျိုး ရုရှားနိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ပဏာမသဘောတူညီချက် သဘောတူညီချက်နဲ့ပတ်သက်လို့ ၂ ဖက်ကစလုံးက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment