ျပည္ပမွာ ဒုကၡသည္စခန္းထားတာကို တရားရုံးေထာက္ခံ

Nauru ကြ်န္းႏိုင္ငံေပၚက ၾသစေၾတးလ်ပိုင္ လူဝင္မႈ ထိန္းသိမ္းေရးစခန္း (Credit: AAP) 
ၾသစေၾတးလ် ​ႏိုင္ငံ ​တရားရုံးက ​ျပည္ပမွာ ​ၾသစေၾတးလ်ႏိုင္ငံပိုင္ ​ဒုကၡသည္စခန္းေတြကို ​ထားရွိတာဟာ ​ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံ ​အေျခခံ ​ဥပေဒအရ ​တရားဝင္တယ္လို႔ ​ဆုံးျဖတ္လိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန ​ၾသစေၾတးလ်ႏိုင္ငံကို ​လာေရာက္ခိုလွဳံခြင့္ ​ေတာင္းတဲ့လူတစ္ဦးဟာ ​ၾသစေၾတးလ်မွာ ​ေနခြင့္မရပဲ ​Nauru ​ကြ်န္းႏိုင္ငံက ​ၾသစေၾတးလ်ပိုင္ ​ဒုကၡသည္စခန္းကို ​ပို႔ေဆာင္ခံခဲ့ရပါတယ္။

ကိုယ္ဝန္ေဆာင္ ​ျပႆနာေၾကာင့္ ​Nauru ​ႏိုင္ငံကေန ​ၾသစေၾတးလ်ႏိုင္ငံကို ​လာၿပီး ​ေဆးကုသမႈ ​ခံယူခဲ့ၿပီး ​ကေလးေမြးလာၿပီးတဲ့ေနာက္ ​ကေလးအတြက္ ​လုံၿခဳံမႈ ​မရွိတဲ့ ​Nauru ​ႏုိင္ငံကို ​မျပန္ခ်င္ဘူးဆိုၿပီး ​ၾသစေၾတးလ် ​အစိုးရကို ​တရားစြဲတာ ​ျဖစ္ပါတယ္။

ျပည္ပႏိုင္ငံ ​တခုခုမွာ ​ၾသစေၾတးလ်ပိုင္ ​ဒုကၡသည္ ​စခန္းကို ​ဖြင့္တာဟာ ​တရားမဝင္ဘူးဆိုတဲ့ ​စြဲခ်က္နဲ႔ ​တရားစြဲတာ ​ျဖစ္ပါတယ္။

အမႈကို ​ၾကားနာၿပီးတဲ့ေနာက္ ​တရားရုံးက ​ဒီကေန႔မွာပဲ ​ဖြဲ႔စည္းပုံ ​အေျခခံ ​ဥပေဒအရ ​ျပည္ပႏိုင္ငံမွာ ​ဒုကၡသည္စခန္း ​ထားရွိပိုင္ခြင့္ ​ရွိတယ္လို႔ ​ဆုံးျဖတ္ခဲ့တာ ​ျဖစ္ပါတယ္။

တရားရုံးရဲ့ ​ဆုံးျဖတ္ခ်က္ေၾကာင့္ ​ၾသစေၾတးလ်ႏိုင္ငံမွာ ​ေရာက္ရွိေနတဲ့ ​လူႀကီး ​၁၆၀၊ ​ေမြးကင္းစ ​၃၇ ​ေယာက္နဲ႔ ​ကေလးငယ္ ​၅၄ ​ေယာက္တို႔ဟာ ​Nauru ​ကြ်န္းကို ​ပို႔ေဆာင္ခံရမယ့္ ​အေနအထား ​ရွိေနပါတယ္။

အဲဒီအထဲမွာ ​Nauru ​ဒုကၡသည္ ​စခန္းမွာ ​ေနတုန္းက ​စခန္းသား ​အျခင္းျခင္းရဲ့ ​လိင္ပိုင္းဆိုင္ရာ ​အႏိုင္က်င့္မႈကို ​ခံခဲ့ရတဲ့ ​အသက္ ​၅ ​ႏွစ္အရြယ္ ​ကေလးလည္း ​ပါဝင္ပါတယ္။

အဲဒီ ​ကေလးအေပၚမွာေတာ့ ​ၾသစေၾတးလ် ​အစိုးရက ​မဆုံးျဖတ္ရေသးပဲ ​ေဆးဆရာဝန္ေတြရဲ့ ​အႀကံေပးခ်က္အေပၚ ​မူတည္ၿပီး ​Nauru ​ကြ်န္းကို ​ျပန္ပို႔သင့္မသင့္ ​ဆုံးျဖတ္မယ္လို႔ ​ဆိုပါတယ္။

ၾသစေၾတးလ် ​ႏိုင္ငံက ​အတိုက္အခံ ​Green ​ႏိုင္ငံေရး ​ပါတီကေတာ့ ​ကေလးငယ္ေတြကို ​ေနထိုင္စရာ ​မေကာင္းတဲ့ ​Nauru ​ကြ်န္းကို ​ပို႔ေဆာင္တာဟာ ​ကေလးေတြရဲ့ ​အခြင့္အေရးကို ​ခ်ဳိးေဖာက္ရာ ​ေရာက္တယ္လို႔ ​ေျပာလိုက္ပါတယ္။

ပူအိုက္ၿပီး ​ေနထိုင္စရာ ​မေကာင္းတဲ့ ​Nauru ​ကြ်န္းကို ​ကေလးငယ္ေတြကို ​ပို႔တာဟာ ​ငရဲကို ​ပို႔လိုက္သလိုပဲ ​ျဖစ္မယ္လို႔လည္း ​ေျပာဆိုလိုက္ပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
.......................
 Nauru ကျွန်းနိုင်ငံပေါ်က သြစတြေးလျပိုင် လူဝင်မှု ထိန်းသိမ်းရေးစခန်း (Credit: AAP)
သြစတြေးလျ ​နိုင်ငံ ​တရားရုံးက ​ပြည်ပမှာ ​သြစတြေးလျနိုင်ငံပိုင် ​ဒုက္ခသည်စခန်းတွေကို ​ထားရှိတာဟာ ​ဖွဲ့စည်းအုပ်ချုပ်ပုံ ​အခြေခံ ​ဥပဒေအရ ​တရားဝင်တယ်လို့ ​ဆုံးဖြတ်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ​သြစတြေးလျနိုင်ငံကို ​လာရောက်ခိုလှုံခွင့် ​တောင်းတဲ့လူတစ်ဦးဟာ ​သြစတြေးလျမှာ ​နေခွင့်မရပဲ ​Nauru ​ကျွန်းနိုင်ငံက ​သြစတြေးလျပိုင် ​ဒုက္ခသည်စခန်းကို ​ပို့ဆောင်ခံခဲ့ရပါတယ်။

ကိုယ်ဝန်ဆောင် ​ပြဿနာကြောင့် ​Nauru ​နိုင်ငံကနေ ​သြစတြေးလျနိုင်ငံကို ​လာပြီး ​ဆေးကုသမှု ​ခံယူခဲ့ပြီး ​ကလေးမွေးလာပြီးတဲ့နောက် ​ကလေးအတွက် ​လုံခြုံမှု ​မရှိတဲ့ ​Nauru ​နိုင်ငံကို ​မပြန်ချင်ဘူးဆိုပြီး ​သြစတြေးလျ ​အစိုးရကို ​တရားစွဲတာ ​ဖြစ်ပါတယ်။

ပြည်ပနိုင်ငံ ​တခုခုမှာ ​သြစတြေးလျပိုင် ​ဒုက္ခသည် ​စခန်းကို ​ဖွင့်တာဟာ ​တရားမဝင်ဘူးဆိုတဲ့ ​စွဲချက်နဲ့ ​တရားစွဲတာ ​ဖြစ်ပါတယ်။

အမှုကို ​ကြားနာပြီးတဲ့နောက် ​တရားရုံးက ​ဒီကနေ့မှာပဲ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအရ ​ပြည်ပနိုင်ငံမှာ ​ဒုက္ခသည်စခန်း ​ထားရှိပိုင်ခွင့် ​ရှိတယ်လို့ ​ဆုံးဖြတ်ခဲ့တာ ​ဖြစ်ပါတယ်။

တရားရုံးရဲ့ ​ဆုံးဖြတ်ချက်ကြောင့် ​သြစတြေးလျနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​လူကြီး ​၁၆၀၊ ​မွေးကင်းစ ​၃၇ ​ယောက်နဲ့ ​ကလေးငယ် ​၅၄ ​ယောက်တို့ဟာ ​Nauru ​ကျွန်းကို ​ပို့ဆောင်ခံရမယ့် ​အနေအထား ​ရှိနေပါတယ်။

အဲဒီအထဲမှာ ​Nauru ​ဒုက္ခသည် ​စခန်းမှာ ​နေတုန်းက ​စခန်းသား ​အခြင်းခြင်းရဲ့ ​လိင်ပိုင်းဆိုင်ရာ ​အနိုင်ကျင့်မှုကို ​ခံခဲ့ရတဲ့ ​အသက် ​၅ ​နှစ်အရွယ် ​ကလေးလည်း ​ပါဝင်ပါတယ်။

အဲဒီ ​ကလေးအပေါ်မှာတော့ ​သြစတြေးလျ ​အစိုးရက ​မဆုံးဖြတ်ရသေးပဲ ​ဆေးဆရာဝန်တွေရဲ့ ​အကြံပေးချက်အပေါ် ​မူတည်ပြီး ​Nauru ​ကျွန်းကို ​ပြန်ပို့သင့်မသင့် ​ဆုံးဖြတ်မယ်လို့ ​ဆိုပါတယ်။

သြစတြေးလျ ​နိုင်ငံက ​အတိုက်အခံ ​Green ​နိုင်ငံရေး ​ပါတီကတော့ ​ကလေးငယ်တွေကို ​နေထိုင်စရာ ​မကောင်းတဲ့ ​Nauru ​ကျွန်းကို ​ပို့ဆောင်တာဟာ ​ကလေးတွေရဲ့ ​အခွင့်အရေးကို ​ချိုးဖောက်ရာ ​ရောက်တယ်လို့ ​ပြောလိုက်ပါတယ်။

ပူအိုက်ပြီး ​နေထိုင်စရာ ​မကောင်းတဲ့ ​Nauru ​ကျွန်းကို ​ကလေးငယ်တွေကို ​ပို့တာဟာ ​ငရဲကို ​ပို့လိုက်သလိုပဲ ​ဖြစ်မယ်လို့လည်း ​ပြောဆိုလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment