ဇီကာဗိုင္းရပ္စ္ ကူးစက္ခံထားရသည့္ ကေလးငယ္ တစ္ဦးအားေတြ႕ရစဥ္ (ဆင္ဟြာ) |
အိႏၵိယႏိုင္ငံ ရွိ ေဆးဝါးထုတ္လုပ္ေရး ကုမၸဏီတစ္ခုသည္ ျခင္မွ တစ္ဆင့္ ကူးစက္ႏိုင္သည့္ ဇီကာ ဗိုင္းရပ္စ္ ကာကြယ္ေဆး ကုိ ကမာၻ႕ပထမဆံုး ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း ေဖေဖာ္ဝါရီ လ၃ရက္ေန႕က ေၾကညာခဲ့သည္။
အိႏၵိယႏိုင္ငံ ေတာင္ပိုင္း Andhra Pradesh ျပည္နယ္ ျမိဳ႕ေတာ္ Hyderabad အေျခစိုက္ Biotech International Limited ကုမၸဏီက အဆိုပါ ဇီကာ ဗိုင္းရပ္ကာကြယ္ေဆး မူပိုင္ခြင့္အတြက္ လုပ္ေဆာင္ထားျပီး ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
အဆုိပါ ကုမၸဏီသည္ ဇီကာဗိုင္းရပ္စ္ အတြက္ ကာကြယ္ေဆး ႏွစ္မ်ဳိးကို လူႏွင့္တိရစာၦန္ မ်ားတြင္ စမ္းသပ္လုပ္ေဆာင္ႏိုင္ရန္ အိႏိၵယအစိုးရ ထံမွ အကူအညီ မ်ားရယူခဲ့ျပီး ယင္းကာကြယ္ေဆးရရွိရန္ ကုမၸဏီ၏ သိပၸံပညာရွင္မ်ားက ဗိုင္းရပ္စ္ပိုး အရွင္ကို အသံုးျပဳ၍ တီထြင္ထုတ္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ကမာၻ႕က်န္းမာေရး အဖြဲ႕အစည္း (WHO) က ဇီကာဗိုင္းရပ္စ္အား ႏိုင္ငံတကာ လူထု က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ေၾကညာျပီးေနာက္ တစ္ရက္အၾကာတြင္ ကုမၸဏီသည္ ယင္းကာကြယ္ေဆး အေၾကာင္းကို ထုတ္ေဖာ္ေၾကညာခဲ့ျခင္း ျဖစ္သည္။
အဆိုပါ ဗိုင္းရပ္စ္သည္ ဦးေႏွာက္ဖြံ႕ျဖိဳးမႈနည္းပါးသည့္ ေရာဂါမ်ားႏွင့္ ဆက္စပ္လ်က္ရွိကာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ကေလးငယ္မ်ားသည္ သာမာန္ထက္ ဦးေခါင္းေသးငယ္စြာ ဖြံ႕ျဖိဳးမႈ နည္းသည့္ အေျခအေနျဖင့္ ေမြးဖြားလာတတ္ေၾကာင္း သိရသည္။ ဘရာဇီးႏိုင္ငံ တစ္ႏိုင္ငံတည္းတြင္ပင္ ေအာက္တိုဘာလမွ စ၍ အဆိုပါ ေရာဂါျဖစ္ပြားသူ ၄၀၀၀ ပတ္ဝန္းက်င္ ရွိေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံ ၌ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံရမႈ မရွိေသးေသာ္လည္း အစိုးရသည္ ကာကြယ္ေဆးအား နမူနာမ်ားစြာ ျဖင့္ စမ္းသပ္စစ္ေဆးရန္ တိုက္တြန္းထားေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
...........................
ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကလေးငယ် တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)
နယူးဒေလီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ရှိ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် ခြင်မှ တစ်ဆင့် ကူးစက်နိုင်သည့် ဇီကာ ဗိုင်းရပ်စ် ကာကွယ်ဆေး ကို ကမ္ဘာ့ပထမဆုံး ထုတ်လုပ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ လ၃ရက်နေ့က ကြေညာခဲ့သည်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad အခြေစိုက် Biotech International Limited ကုမ္ပဏီက အဆိုပါ ဇီကာ ဗိုင်းရပ်ကာကွယ်ဆေး မူပိုင်ခွင့်အတွက် လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကုမ္ပဏီသည် ဇီကာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး နှစ်မျိုးကို လူနှင့်တိရစ္ဆာန် များတွင် စမ်းသပ်လုပ်ဆောင်နိုင်ရန် အိန္ဒိယအစိုးရ ထံမှ အကူအညီ များရယူခဲ့ပြီး ယင်းကာကွယ်ဆေးရရှိရန် ကုမ္ပဏီ၏ သိပ္ပံပညာရှင်များက ဗိုင်းရပ်စ်ပိုး အရှင်ကို အသုံးပြု၍ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဇီကာဗိုင်းရပ်စ်အား နိုင်ငံတကာ လူထု ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် တစ်ရက်အကြာတွင် ကုမ္ပဏီသည် ယင်းကာကွယ်ဆေး အကြောင်းကို ထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗိုင်းရပ်စ်သည် ဦးနှောက်ဖွံ့ဖြိုးမှုနည်းပါးသည့် ရောဂါများနှင့် ဆက်စပ်လျက်ရှိကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ကလေးငယ်များသည် သာမာန်ထက် ဦးခေါင်းသေးငယ်စွာ ဖွံ့ဖြိုးမှု နည်းသည့် အခြေအနေဖြင့် မွေးဖွားလာတတ်ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် အောက်တိုဘာလမှ စ၍ အဆိုပါ ရောဂါဖြစ်ပွားသူ ၄၀၀၀ ပတ်ဝန်းကျင် ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု မရှိသေးသော်လည်း အစိုးရသည် ကာကွယ်ဆေးအား နမူနာများစွာ ဖြင့် စမ်းသပ်စစ်ဆေးရန် တိုက်တွန်းထားကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment