ေျမာက္ကိုရီယား တာေ၀းဒံုးက်ည္ စမ္းသပ္ဖို႔ အစီအစဥ္ ကန္ ကန္႔ကြက္ ( မြောက်ကိုရီယား တာဝေးဒုံးကျည် စမ်းသပ်ဖို့ အစီအစဉ် ကန် ကန့်ကွက် )


ေျမာက္ကိုရီယား တာေ၀းဒံုးက်ည္ စမ္းသပ္ဖို႔ အစီအစဥ္။ 
ေျမာက္ကိုရီးယားအေနနဲ႔ အာကာသထဲ တာေ၀းပစ္ဒံုးယာဥ္တစင္း ပစ္လႊတ္ဖို႔ စီစဥ္ထားတာကို ပယ္ဖ်က္ဖို႔ အေမရိကန္ ျပည္ေထာင္စုနဲ႔အတူ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏုိင္ငံေတြက ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။ ဒီ ဒံုးယာဥ္ ပစ္လႊတ္မယ့္ အစီအစဥ္ ဟာ တာေ၀းပစ္ ဒံုးက်ည္ေတြနဲ႔  ႏ ်ဴ ကလီးယား လက္နက္ေတြ စမ္းသပ္တာမလုပ္ဖုိ႔ ေျမာက္ကိုရီးယားအေပၚ ပိတ္ပင္ကန္႔သတ္ထား တဲ့ ကုလသမဂၢဆံုးျဖတ္ခ်က္ေတြကို ခ်ဳိးေဖာက္ရာက်မယ္ဆိုၿပီး ေျပာေနၾကတာပါ။

ကမာၻေျမစူးစမ္းေလ့လာေရး ၿဂိဳဟ္တုလို႔ဆိုတာကို ေဖေဖာ္၀ါရီလ ၈ ရက္နဲ႔ ၂၅ ရက္အတြင္း ပစ္လႊတ္မယ္ဖို႔ စီစဥ္ထားတယ္ဆိုတာ ကုလသမဂၢ ေအဂ်င္စီေတြကို ေျမာက္ကိုရီးယားက အဂၤါေန႔ေႏွာင္းပိုင္းမွာ အေၾကာင္းၾကား အသိေပးခဲ့တာပါ။

သူတို႔အေနနဲ႔ ဒံုးယာဥ္ေတြပစ္လႊတ္ၿပီးေတာ့ အာကာသဆိုင္ရာအစီအစဥ္ကို လုပ္ခြင့္ရွိတယ္လို႔ ေျမာက္ကိုရီးယားက အခုိင္အမာ ေျပာေနပါတယ္။ ဒါေပမဲ့လည္း ဒီအစီအစဥ္ဟာ ႏုိင္ငံတကာက ကန္႔သတ္ထားတာေတြကို ေရွာင္ဖုိ႔ရည္ရြယ္တဲ့ ဖံုးကြယ္ထားတဲ့ အစီအစဥ္ျဖစ္တယ္လုိ႔ ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇို႔ အဘဲ့နဲ႔ အေမရိကန္ရဲ႕ တျခားမဟာမိတ္ႏုိုင္ငံေတြက ျပစ္တင္ေ၀ဖန္ထားတာပါ။

ေျမာက္ကိုရီးယားက ေလးႀကိမ္ေျမာက္ ႏ်ဴကလီးယားစမ္းသပ္ခ်က္ကို ဇန္န၀ါရီလ ၆ ရက္ေန႔က လုပ္ထားပါတယ္။

၂၀၁၂ ခုႏွစ္ ဒီဇင္ဘာလက သံုးႀကိမ္ေျမာက္ ႏ်ဴကလီးယားစမ္းသပ္မႈလုပ္ၿပီး သိပ္မၾကာခင္မွာပဲ တာေ၀းပစ္ဒံုးယာဥ္တစင္းကို ေျမာက္ကိုရီးယားက ပစ္လႊတ္ စမ္းသပ္ခဲ့ပါတယ္။

အခု ဒံုးယာဥ္ပစ္လႊတ္မယ့္အစီအစဥ္ကို ဆက္လုပ္မယ္ဆိုရင္ ဆိုးရြားတဲ့ အက်ဳိးဆက္ေတြနဲ႔ရင္ဆုိင္ရမယ္လုိ႔ ေတာင္ကုိရီးယားက ေျမာက္ကိုရီးယားကို သတိေပးထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................

မြောက်ကိုရီယား တာဝေးဒုံးကျည် စမ်းသပ်ဖို့ အစီအစဉ်။ 
မြောက်ကိုရီးယားအနေနဲ့ အာကာသထဲ တာဝေးပစ်ဒုံးယာဉ်တစင်း ပစ်လွှတ်ဖို့ စီစဉ်ထားတာကို ပယ်ဖျက်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့အတူ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဒီ ဒုံးယာဉ် ပစ်လွှတ်မယ့် အစီအစဉ် ဟာ တာဝေးပစ် ဒုံးကျည်တွေနဲ့  န ျူ ကလီးယား လက်နက်တွေ စမ်းသပ်တာမလုပ်ဖို့ မြောက်ကိုရီးယားအပေါ် ပိတ်ပင်ကန့်သတ်ထား တဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာကျမယ်ဆိုပြီး ပြောနေကြတာပါ။

ကမ္ဘာမြေစူးစမ်းလေ့လာရေး ဂြိုဟ်တုလို့ဆိုတာကို ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၂၅ ရက်အတွင်း ပစ်လွှတ်မယ်ဖို့ စီစဉ်ထားတယ်ဆိုတာ ကုလသမဂ္ဂ အေဂျင်စီတွေကို မြောက်ကိုရီးယားက အင်္ဂါနေ့နှောင်းပိုင်းမှာ အကြောင်းကြား အသိပေးခဲ့တာပါ။

သူတို့အနေနဲ့ ဒုံးယာဉ်တွေပစ်လွှတ်ပြီးတော့ အာကာသဆိုင်ရာအစီအစဉ်ကို လုပ်ခွင့်ရှိတယ်လို့ မြောက်ကိုရီးယားက အခိုင်အမာ ပြောနေပါတယ်။ ဒါပေမဲ့လည်း ဒီအစီအစဉ်ဟာ နိုင်ငံတကာက ကန့်သတ်ထားတာတွေကို ရှောင်ဖို့ရည်ရွယ်တဲ့ ဖုံးကွယ်ထားတဲ့ အစီအစဉ်ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို့ အဘဲ့နဲ့ အမေရိကန်ရဲ့ တခြားမဟာမိတ်နိုုင်ငံတွေက ပြစ်တင်ဝေဖန်ထားတာပါ။

မြောက်ကိုရီးယားက လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်ချက်ကို ဇန်နဝါရီလ ၆ ရက်နေ့က လုပ်ထားပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလက သုံးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလုပ်ပြီး သိပ်မကြာခင်မှာပဲ တာဝေးပစ်ဒုံးယာဉ်တစင်းကို မြောက်ကိုရီးယားက ပစ်လွှတ် စမ်းသပ်ခဲ့ပါတယ်။

အခု ဒုံးယာဉ်ပစ်လွှတ်မယ့်အစီအစဉ်ကို ဆက်လုပ်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယားက မြောက်ကိုရီးယားကို သတိပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment