မကၠဆီကို ဌာေန လူမ်ိဳးစုေတြကို ပုပ္ရဟန္းမင္းႀကီး ေတာင္းပန္

ခ်ီရားပတ္စ္ ျပည္နယ္ ထဲမွာ ဌာေန ဘာသာစကား ၃ မ်ိဳး သုံးစြဲၿပီး စုေပါင္း ဝတ္ျပဳ ဆုေတာင္းပြဲ ကို ပုပ္ ဖရန္စစ္ ဦးေဆာင္ ျပဳလုပ္။
မကၠဆီကို နိုင္ငံ က ဌာေန တိုင္းရင္းသား ေတြ ကို ကက္သလစ္ အသိုင္းအဝိုင္း ထဲက ေန ဖယ္ထုတ္ ထား သလို မ်ိဳး ျဖစ္ခဲ့တာ ေတြ အတြက္ ခြင့္လႊတ္ ပါဆိုၿပီး ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ က ေတာင္းပန္ ခဲ့ ပါတယ္။

မကၠဆီကို ဌာေန ဘာသာစကား ေတြ သုံးစြဲၿပီး ဝတ္ျပဳ ဆုေတာင္းခြင့္ ကို ဗာတီကန္ က ခြင့္ျပဳခ်က္ ေပးခဲ့ ၿပီး တဲ့ ေနာက္ ခ်ီရားပတ္စ္ ျပည္နယ္ ထဲမွာ ဌာေန ဘာသာစကား ၃ မ်ိဳး သုံးစြဲၿပီး စုေပါင္း ဝတ္ျပဳ ဆုေတာင္းပြဲ ကို ပုပ္ ဖရန္စစ္ ဦးေဆာင္ ျပဳလုပ္ ခဲ့ ပါတယ္။

ဒီပြဲ မွာေတာ့ ပုပ္ရဟန္းမင္းႀကီးက ကမၻာႀကီးဟာ သဘာဝ ပတ္ဝန္းက်င္ ပ်က္စီးမွု နဲ႔ ၾကဳံေတြ႕ ေနရၿပီ ျဖစ္တယ္လို႔ ေျပာဆို ခဲ့ပါတယ္။

သဘာဝ တရား အေပၚ အင္မတန္ မွာ ျမတ္နိုး တန္ဖိုးထား တတ္ၾကတဲ့ မကၠဆီကို ဌာေန တိုင္းရင္းသား ေတြ ဘက္က ကမၻာႀကီး ကို သင္ၾကား ေပး နိုင္တာ အမ်ားႀကီး ရွိေနတယ္လို႔ လည္း ပုပ္ရဟန္းမင္းက တရားနာ ပရိတ္သတ္ ကို ေျပာၾကား ခဲ့ ပါတယ္။

BBC Burmese
http://www.bbc.com/burmese

.....................................................



ချီရားပတ်စ် ပြည်နယ် ထဲမှာ ဌာနေ ဘာသာစကား ၃ မျိုး သုံးစွဲပြီး စုပေါင်း ဝတ်ပြု ဆုတောင်းပွဲ ကို ပုပ် ဖရန်စစ် ဦးဆောင် ပြုလုပ်။
မက္ကဆီကို နိုင်ငံ က ဌာနေ တိုင်းရင်းသား တွေ ကို ကက်သလစ် အသိုင်းအဝိုင်း ထဲက နေ ဖယ်ထုတ် ထား သလို မျိုး ဖြစ်ခဲ့တာ တွေ အတွက် ခွင့်လွှတ် ပါဆိုပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က တောင်းပန် ခဲ့ ပါတယ်။

မက္ကဆီကို ဌာနေ ဘာသာစကား တွေ သုံးစွဲပြီး ဝတ်ပြု ဆုတောင်းခွင့် ကို ဗာတီကန် က ခွင့်ပြုချက် ပေးခဲ့ ပြီး တဲ့ နောက် ချီရားပတ်စ် ပြည်နယ် ထဲမှာ ဌာနေ ဘာသာစကား ၃ မျိုး သုံးစွဲပြီး စုပေါင်း ဝတ်ပြု ဆုတောင်းပွဲ ကို ပုပ် ဖရန်စစ် ဦးဆောင် ပြုလုပ် ခဲ့ ပါတယ်။

ဒီပွဲ မှာတော့ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာကြီးဟာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နဲ့ ကြုံတွေ့ နေရပြီ ဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။

သဘာဝ တရား အပေါ် အင်မတန် မှာ မြတ်နိုး တန်ဖိုးထား တတ်ကြတဲ့ မက္ကဆီကို ဌာနေ တိုင်းရင်းသား တွေ ဘက်က ကမ္ဘာကြီး ကို သင်ကြား ပေး နိုင်တာ အများကြီး ရှိနေတယ်လို့ လည်း ပုပ်ရဟန်းမင်းက တရားနာ ပရိတ်သတ် ကို ပြောကြား ခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment