![]() |
ရင္သား အတုေတြထဲ မက္သာဖက္တမင္း အရည္ေတြ ထည့္သယ္လာ။ |
အဲဒီလို ဖမ္းမိ ခဲ့တာေၾကာင့္ တ႐ုတ္ နိုင္ငံသား တစ္ဦးနဲ႔ ေဟာင္ေကာင္သား ၃ ဦးတို႔ ေထာင္ဒဏ္ တစ္သက္ က်ခံရမယ့္ အေျခအေန ရွိေနပါတယ္။
မက္သာဖက္တမင္း စိတ္ႂကြေဆး အရည္ ဂါလံ ၁၆၀ ေလာက္ကို ဖမ္းမိခဲ့တာ ျဖစ္ၿပီး အဲဒါေတြကို ေဟာင္ေကာင္ကေန တင္သြင္း လာတာလို႔ ၾသစေၾတးလ် အာဏာပိုင္ေတြက ေျပာပါတယ္။
ၾသစေၾတးလ် နိုင္ငံရဲ့ အက်ိဳးအျမတ္ မ်ားတဲ့ အိုက္စ္ ေခၚ စိတ္ႂကြေဆး ေစ်းကြက္ကို ရာဇဝတ္ ဂိုဏ္းေတြက ဝင္ေရာက္ ထိုးေဖာက္ဖို႔ ႀကိဳးစား လာတယ္လို႔ ၾသစေၾတးလ် တရားေရး ဝန္ႀကီး Michael Keenan က ေျပာပါတယ္။
အခု ဖမ္းဆီးရမွုဟာ ၾသစေၾတးလ်မွာ ပမာဏ အမ်ားဆုံး ဖမ္းမိမွုေတြထဲ တစ္ခု အပါအဝင္ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
.................................................
ရင်သား အတုတွေထဲ မက်သာဖက်တမင်း အရည်တွေ ထည့်သယ်လာ။
သြစတြေးလျ နိုင်ငံမှာ ရင်သား အတုတွေထဲ ထည့်သယ်လာတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေး အရည် ကာလပေါက်စျေး ဒေါ်လာ သန်း ရ၀၀ ဖိုးလောက်ကို ဖမ်းဆီး မိခဲ့တယ်လို့ ဆစ်ဒနီမြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီလို ဖမ်းမိ ခဲ့တာကြောင့် တရုတ် နိုင်ငံသား တစ်ဦးနဲ့ ဟောင်ကောင်သား ၃ ဦးတို့ ထောင်ဒဏ် တစ်သက် ကျခံရမယ့် အခြေအနေ ရှိနေပါတယ်။
မက်သာဖက်တမင်း စိတ်ကြွဆေး အရည် ဂါလံ ၁၆၀ လောက်ကို ဖမ်းမိခဲ့တာ ဖြစ်ပြီး အဲဒါတွေကို ဟောင်ကောင်ကနေ တင်သွင်း လာတာလို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။
သြစတြေးလျ နိုင်ငံရဲ့ အကျိုးအမြတ် များတဲ့ အိုက်စ် ခေါ် စိတ်ကြွဆေး စျေးကွက်ကို ရာဇဝတ် ဂိုဏ်းတွေက ဝင်ရောက် ထိုးဖောက်ဖို့ ကြိုးစား လာတယ်လို့ သြစတြေးလျ တရားရေး ဝန်ကြီး Michael Keenan က ပြောပါတယ်။
အခု ဖမ်းဆီးရမှုဟာ သြစတြေးလျမှာ ပမာဏ အများဆုံး ဖမ်းမိမှုတွေထဲ တစ်ခု အပါအဝင် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment