တီဗီြၾကယ္ပြင့္ေဟာင္းအား ႏွိပ္စက္ခဲ့သူ ကေမၻာဒီးယားသူေဌးႀကီး ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ခံရ
ဖေနာင္ပင္ ေဖေဖာ္ဝါရီ ၁၅
ၿပီးခဲ့သည့္ႏွစ္ဇူလိုင္လက အေခ်အတင္အျငင္းပြားမႈ တစ္ခုအတြင္း တီဗီြၾကယ္ပြင့္ေဟာင္းတစ္ဦးအေပၚ ရက္စက္စြာ ႏွိပ္စက္မႈေၾကာင့္ ကေမၻာဒီးယားတရား႐ံုးတစ္႐ံုးက အိမ္ျခံေျမသူေဌးႀကီး ေဆာ့ခ္ဘမ္အား ေထာင္ဒဏ္သံုးႏွစ္ ယေန႔ခ်မွတ္ လိုက္ေၾကာင္း ေဒသႏၲရသတင္း မ်ားအရ သိရသည္။
လြန္ခဲ့ေသာႏွစ္ ဇူလိုင္ ၂ ရက္က ဆာဆာဟုလူသိမ်ားသည့္ တီဗြီ ၾကယ္ပြင့္ေဟာင္း အက္ခ္ဆိုခ်ီတာ အေပၚ ရည္ရြယ္ခ်က္ရွိစြာ အၾကမ္း ဖက္မႈမ်ားက်ဴးလြန္ခဲ့မႈျဖင့္ ေဆာ့ခ္ဘမ္အား တရား႐ံုးက ျပစ္ဒဏ္ခ်မွတ္ ျခင္းျဖစ္ေၾကာင္း ဆံုးျဖတ္ခ်က္ ေၾကညာခဲ့သည့္ ဖေနာင္ပင္ျမဴနီစီ ပယ္လ္တရား႐ံုးမွ တရားသူႀကီး ေဆာ္လီနာက ေျပာၾကားသည္။ ထို႔အျပင္ ၄င္းအား ဒဏ္ေငြ ရီရယ္ ၆ သန္း (အေမရိကန္ေဒၚလာ ၁၅ဝဝ) ေပးေဆာင္ရန္လည္း တရား႐ံုးက အမိန္႔ခ်မွတ္ခဲ့သည္။
ေဆာ့ခ္ဘမ္မွာ တီဗြီၾကယ္ပြင့္ ေဟာင္းဆာဆာႏွင့္ အေခ်အတင္ အျငင္းပြားမႈတစ္ခုျဖစ္ပြားခဲ့ၿပီးည ၄င္း၏ ကုိယ္ရံေတာ္က ဆာဆာ၏မ်က္ႏွာကုိ ေသနတ္ျဖင့္ ခ်ိန္လ်က္ ၾကမ္းျပင္သို႔ တရြတ္တိုက္ဆြဲေခၚသြားၿပီး လက္သီး ျဖင့္ထိုးျခင္း၊ ကန္ေက်ာက္ျခင္း၊ ေျခေဆာင့္နင္းျခင္းႏွင့္ သူမကုိယ္ေပၚ မွ အဝတ္အစားမ်ားခြၽတ္ယူသည္ကုိ ျပသေသာ ေဖ့စ္ဘုတ္ေပၚ၌တင္ခဲ့သည့္ လံုၿခံဳေရးကင္မရာျပကြက္ ေပါက္ ၾကားၿပီးေနာက္ ကေမၻာဒီးယား အိမ္ၿခံေျမအက်ိဳးေတာ္ေဆာင္မ်ား အသင္းႏွင့္ Teho-SBG Development Company ဥကၠ႒ေဟာင္းျဖစ္သူ ေဆာ့ခ္ဘမ္အား ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္ ၁၈ ရက္က ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။
သူေဌးႀကီး ေဆာ့ခ္ဘမ္က ဆာဆာအား မည့္ေရြ႕မည္မွ် မေဖာ္ျပထားေသာ ေလ်ာ္ေၾကးေငြေပးၿပီးေနာက္ ၿပီးခဲ့သည့္လတြင္ အဆိုပါတီဗြီ ၾကယ္ပြင့္ေဟာင္းက သူ၏ တိုင္ၾကား ခ်က္ကို ႐ုတ္သိမ္းခဲ့လင့္ကစား ေဆာ့ခ္ဘမ္၏စီရင္ခ်က္ကို တရား႐ုံး က ယေန႔ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။
ဆာဆာက ေဆာ့ခ္ဘမ္ထံမွ အေမရိကန္ေဒၚလာ တစ္သိန္း ေလ်ာ္ေၾကး ကမ္းလွမ္းခ်က္မ်ားကို ယခင္က ပယ္ခ်ခဲ့ေၾကာင္း သိရသည္။
ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
............................................
ဖနောင်ပင် ဖေဖော်ဝါရီ ၁၅
ပြီးခဲ့သည့်နှစ်ဇူလိုင်လက အချေအတင်အငြင်းပွားမှု တစ်ခုအတွင်း တီဗွီကြယ်ပွင့်ဟောင်းတစ်ဦးအပေါ် ရက်စက်စွာ နှိပ်စက်မှုကြောင့် ကမ္ဘောဒီးယားတရားရုံးတစ်ရုံးက အိမ်ခြံမြေသူဌေးကြီး ဆော့ခ်ဘမ်အား ထောင်ဒဏ်သုံးနှစ် ယနေ့ချမှတ် လိုက်ကြောင်း ဒေသန္တရသတင်း များအရ သိရသည်။
လွန်ခဲ့သောနှစ် ဇူလိုင် ၂ ရက်က ဆာဆာဟုလူသိများသည့် တီဗွီ ကြယ်ပွင့်ဟောင်း အက်ခ်ဆိုချီတာ အပေါ် ရည်ရွယ်ချက်ရှိစွာ အကြမ်း ဖက်မှုများကျူးလွန်ခဲ့မှုဖြင့် ဆော့ခ်ဘမ်အား တရားရုံးက ပြစ်ဒဏ်ချမှတ် ခြင်းဖြစ်ကြောင်း ဆုံးဖြတ်ချက် ကြေညာခဲ့သည့် ဖနောင်ပင်မြူနီစီ ပယ်လ်တရားရုံးမှ တရားသူကြီး ဆော်လီနာက ပြောကြားသည်။ ထို့အပြင် ၄င်းအား ဒဏ်ငွေ ရီရယ် ၆ သန်း (အမေရိကန်ဒေါ်လာ ၁၅ဝဝ) ပေးဆောင်ရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ဆော့ခ်ဘမ်မှာ တီဗွီကြယ်ပွင့် ဟောင်းဆာဆာနှင့် အချေအတင် အငြင်းပွားမှုတစ်ခုဖြစ်ပွားခဲ့ပြီးည ၄င်း၏ ကိုယ်ရံတော်က ဆာဆာ၏မျက်နှာကို သေနတ်ဖြင့် ချိန်လျက် ကြမ်းပြင်သို့ တရွတ်တိုက်ဆွဲခေါ်သွားပြီး လက်သီး ဖြင့်ထိုးခြင်း၊ ကန်ကျောက်ခြင်း၊ ခြေဆောင့်နင်းခြင်းနှင့် သူမကိုယ်ပေါ် မှ အဝတ်အစားများချွတ်ယူသည်ကို ပြသသော ဖေ့စ်ဘုတ်ပေါ်၌တင်ခဲ့သည့် လုံခြုံရေးကင်မရာပြကွက် ပေါက် ကြားပြီးနောက် ကမ္ဘောဒီးယား အိမ်ခြံမြေအကျိုးတော်ဆောင်များ အသင်းနှင့် Teho-SBG Development Company ဥက္ကဋ္ဌဟောင်းဖြစ်သူ ဆော့ခ်ဘမ်အား ပြီးခဲ့သည့်နှစ် ဇူလိုင် ၁၈ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သူဌေးကြီး ဆော့ခ်ဘမ်က ဆာဆာအား မည့်ရွေ့မည်မျှ မဖော်ပြထားသော လျော်ကြေးငွေပေးပြီးနောက် ပြီးခဲ့သည့်လတွင် အဆိုပါတီဗွီ ကြယ်ပွင့်ဟောင်းက သူ၏ တိုင်ကြား ချက်ကို ရုတ်သိမ်းခဲ့လင့်ကစား ဆော့ခ်ဘမ်၏စီရင်ချက်ကို တရားရုံး က ယနေ့ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဆာဆာက ဆော့ခ်ဘမ်ထံမှ အမေရိကန်ဒေါ်လာ တစ်သိန်း လျော်ကြေး ကမ်းလှမ်းချက်များကို ယခင်က ပယ်ချခဲ့ကြောင်း သိရသည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment