မကၠဆီကိုထဲက မူးယစ္ျပႆနာကို ပုပ္ရဟန္းမင္းႀကီး ေဝဖန္

ကက္သလစ္ ေက်ာင္းေတာ္ အေနနဲ႔ ထိေရာက္မွု မရွိတဲ့ တာဝန္ေက် ျပစ္တင္ ေျပာဆိုမွု ေတြ ရဲ့ ေနာက္ကြယ္ ပုန္းကြယ္ ေနလို႔ မရ။
မကၠဆီကို နိုင္ငံမွာ ရွိတဲ့ ကက္သလစ္ ေက်ာင္းေတာ္ အေနနဲ႔ နိုင္ငံထဲ ျဖစ္ေပၚ ေနတဲ့ မူးယစ္ေဆးဝါး ေရာင္းဝယ္ ေဖာက္ကား ေနမွု ေတြ အေပၚ ျပစ္တင္ ရွုတ္ခ် ေျပာဆို တာ မ်ိဳး သက္သက္ ထက္ ပိုၿပီး အေရးယူ ေဆာင္ရြက္ ဖို႔ လိုတယ္ လို႔ ပုပ္ရဟန္း မင္းႀကီး ဖရန္စစ္ က ေျပာပါတယ္။

မကၠဆီကို နိုင္ငံ မွာ ပုပ္ရဟန္းမင္းႀကီး ၅ ရက္ၾကာ ခရီးစဥ္ အေနနဲ႔ ေရာက္ရွိ ေနပါတယ္။

မူးယစ္ ကုန္သြယ္ မွု ဟာ မကၠဆီကို လူ႔ အဖြဲ႕အစည္ ကို ဖ်က္ဆီး ေနတဲ့ ကင္ဆာ ေရာဂါ ပဲ လို႔ ပုပ္ရဟန္း မင္းႀကီး က ဆိုခဲ့ သလို၊ လူငယ္လူရြယ္ ေတြ အတြက္ စိန္ေခၚမွု အေပးဆုံး ျပႆနာ တစ္ရပ္ လည္း ျဖစ္တယ္ လို႔ ပုပ္ ဖရန္စစ္ က ေျပာပါတယ္။

ျဖစ္ေပၚ ေနတဲ့ မူးယစ္ေဆးဝါး ျပႆနာ ရဲ့ အတိုင္းအတာ ပမာဏ ကိုၾကည့္ရင္ ကက္သလစ္ ေက်ာင္းေတာ္ အေနနဲ႔ ထိေရာက္မွု မရွိတဲ့ တာဝန္ေက် ျပစ္တင္ ေျပာဆိုမွု ေတြ ရဲ့ ေနာက္ကြယ္ ပုန္းကြယ္ ေနလို႔ မရ ေတာ့ဘူး ဆိုၿပီး ေတာ့လည္း ပုပ္ရဟန္း မင္းႀကီး က သတိေပး ပါတယ္။

ဒါ့အျပင္ လူ႔ အဖြဲ႕အစည္း တစ္ရပ္ကို ကိုယ္က်ိဳး ရွာ ေလာဘ သကၠာရ နဲ႔ အတၱ တရား က ဦးေဆာင္ ေနမယ္ ဆိုရင္ အဲဒီ့ လူ႔ အဖြဲ႕အစည္းဟာ အက်င့္ပ်က္ ျခစားမွု ေတြ၊ အၾကမ္းဖက္မွု ေတြ နဲ႔ မူးယစ္ေဆးဝါး ျပႆနာ ေတြ ေပါက္ဖြား လာေစဖို႔ ေရခံ ေျမခံ ေကာင္းႀကီး သဖြယ္ ျဖစ္ေန မွာပဲ လို႔ ပုပ္ရဟန္း မင္းႀကီး က သတိေပး ေျပာၾကား ခဲ့ ပါတယ္။

BBC Burmese
http://www.bbc.com/burmese
.........
 ကက်သလစ် ကျောင်းတော် အနေနဲ့ ထိရောက်မှု မရှိတဲ့ တာဝန်ကျေ ပြစ်တင် ပြောဆိုမှု တွေ ရဲ့ နောက်ကွယ် ပုန်းကွယ် နေလို့ မရ။
မက္ကဆီကို နိုင်ငံမှာ ရှိတဲ့ ကက်သလစ် ကျောင်းတော် အနေနဲ့ နိုင်ငံထဲ ဖြစ်ပေါ် နေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား နေမှု တွေ အပေါ် ပြစ်တင် ရှုတ်ချ ပြောဆို တာ မျိုး သက်သက် ထက် ပိုပြီး အရေးယူ ဆောင်ရွက် ဖို့ လိုတယ် လို့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် က ပြောပါတယ်။

မက္ကဆီကို နိုင်ငံ မှာ ပုပ်ရဟန်းမင်းကြီး ၅ ရက်ကြာ ခရီးစဉ် အနေနဲ့ ရောက်ရှိ နေပါတယ်။

မူးယစ် ကုန်သွယ် မှု ဟာ မက္ကဆီကို လူ့ အဖွဲ့အစည် ကို ဖျက်ဆီး နေတဲ့ ကင်ဆာ ရောဂါ ပဲ လို့ ပုပ်ရဟန်း မင်းကြီး က ဆိုခဲ့ သလို၊ လူငယ်လူရွယ် တွေ အတွက် စိန်ခေါ်မှု အပေးဆုံး ပြဿနာ တစ်ရပ် လည်း ဖြစ်တယ် လို့ ပုပ် ဖရန်စစ် က ပြောပါတယ်။

ဖြစ်ပေါ် နေတဲ့ မူးယစ်ဆေးဝါး ပြဿနာ ရဲ့ အတိုင်းအတာ ပမာဏ ကိုကြည့်ရင် ကက်သလစ် ကျောင်းတော် အနေနဲ့ ထိရောက်မှု မရှိတဲ့ တာဝန်ကျေ ပြစ်တင် ပြောဆိုမှု တွေ ရဲ့ နောက်ကွယ် ပုန်းကွယ် နေလို့ မရ တော့ဘူး ဆိုပြီး တော့လည်း ပုပ်ရဟန်း မင်းကြီး က သတိပေး ပါတယ်။

ဒါ့အပြင် လူ့ အဖွဲ့အစည်း တစ်ရပ်ကို ကိုယ်ကျိုး ရှာ လောဘ သက္ကာရ နဲ့ အတ္တ တရား က ဦးဆောင် နေမယ် ဆိုရင် အဲဒီ့ လူ့ အဖွဲ့အစည်းဟာ အကျင့်ပျက် ခြစားမှု တွေ၊ အကြမ်းဖက်မှု တွေ နဲ့ မူးယစ်ဆေးဝါး ပြဿနာ တွေ ပေါက်ဖွား လာစေဖို့ ရေခံ မြေခံ ကောင်းကြီး သဖွယ် ဖြစ်နေ မှာပဲ လို့ ပုပ်ရဟန်း မင်းကြီး က သတိပေး ပြောကြား ခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment