အာဖဂန္အရပ္သားေသဆံုး၊ ထိခိုက္စာရင္း ကုလ ထုတ္ျပန္


အာဖဂန္နစၥတန္ နိုင္ငံမွာ ျဖစ္ခဲ႕တဲ႕ အမုန္းပြား အၾကမ္းဖက္မႈေတြေၾကာင္႔ ၂၀၁၅ ခုနွစ္အတြင္း အရပ္သား ၃၅၀၀ ေသဆုံးၿပီး ၇၅၀၀ ေလာက္ ဒဏ္ရာရခဲ႕ ၾကရၿပီး အရပ္သားေတြ ထိခိုက္ေသဆုံးမွဳနဳန္း အရင္နွစ္ထက္ ၄ ရာခိုင္နဳန္းတက္လာတယ္လို႕ ကုလသမဂၢ အဖြဲ႕ၾကီးက ေျပာဆိုလိုက္ပါတယ္။

၂၀၀၉ ခုနွစ္ ကုလအဖြဲ႕ရဲ႕ အရပ္သားထိခိုက္ေသဆုံးမႈ မွတ္တမ္းစနစ္ စတဲ႕ အခ်ိန္ကတည္းကဆိုရင္ ၂၀၁၅ ခုနွစ္အတြင္း အာဖ၈န္ အရပ္သား ေတြ ေသဆုံးတဲ႕ အေရအတြက္ဟာ အျမင္႕ဆုံး ျဖစ္တယ္လို႕ Afghanistan မွာ ရွိတဲ႕ ကုလသမဂၢ ကူညီေထာက္ပံ႕ေရးအဖြဲ႕ UNAMA အဖြဲ႕က ေျပာလုိက္ပါတယ္။

လူဦးေရထူထပ္တဲ႕ ေနရာေတြမွာ ေျမျပင္တိုက္ခိုက္မွဳေတြ ပိုမ်ားလာၿပီး ၿမိဳ႕ႀကီးေတြမွာ ကိုယ့္ကိုကိုယ္ လုပ္ၾကံမွဳ အပါအ၀င္ တျခားတိုက္ခိုက္မွဳေတြ ဟာ ၂၀၁၅ ခုနွစ္မွာ ျဖစ္ခဲ႕တဲ႕ ပဋိပကၡနဲ႕ဆိုင္တဲ႕ အရပ္သားထိခိုက္ေသဆုံးမွဳ ေတြရဲ႕ အဓိက အေၾကာင္းေတြျဖစ္တယ္လို႕ လည္း အဲဒီအဖြဲ႕က အစီရင္ခံပါတယ္။ ဒါေပမယ္႕လည္း အဲဒီ အစီရင္ခံစာက တာလီဘန္ အၾကမ္းဖက္သမားေတြရဲ႕ တိုက္ခိုက္မွဳေၾကာင္႕ ထိခိုက္ေသဆုံးတဲ႕ အရပ္သားေတြရဲ႕ ၁၀% ေလာက္ ေလ်ာ႕ၿပီးမွတ္တမ္းတင္နိုင္တာ လည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................................


အာဖဂန်နစ္စတန် နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အမုန်းပွား အကြမ်းဖက်မှုတွေကြောင့် ၂၀၁၅ ခုနှစ်အတွင်း အရပ်သား ၃၅၀၀ သေဆုံးပြီး ရ၅၀၀ လောက် ဒဏ်ရာရခဲ့ ကြရပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုနုန်း အရင်နှစ်ထက် ၄ ရာခိုင်နုန်းတက်လာတယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။

၂၀၀၉ ခုနှစ် ကုလအဖွဲ့ရဲ့ အရပ်သားထိခိုက်သေဆုံးမှု မှတ်တမ်းစနစ် စတဲ့ အချိန်ကတည်းကဆိုရင် ၂၀၁၅ ခုနှစ်အတွင်း အာဖ၈န် အရပ်သား တွေ သေဆုံးတဲ့ အရေအတွက်ဟာ အမြင့်ဆုံး ဖြစ်တယ်လို့ Afghanistan မှာ ရှိတဲ့ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့ UNAMA အဖွဲ့က ပြောလိုက်ပါတယ်။

လူဦးရေထူထပ်တဲ့ နေရာတွေမှာ မြေပြင်တိုက်ခိုက်မှုတွေ ပိုများလာပြီး မြို့ကြီးတွေမှာ ကိုယ့်ကိုကိုယ် လုပ်ကြံမှု အပါအဝင် တခြားတိုက်ခိုက်မှုတွေ ဟာ ၂၀၁၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ဆိုင်တဲ့ အရပ်သားထိခိုက်သေဆုံးမှု တွေရဲ့ အဓိက အကြောင်းတွေဖြစ်တယ်လို့ လည်း အဲဒီအဖွဲ့က အစီရင်ခံပါတယ်။ ဒါပေမယ့်လည်း အဲဒီ အစီရင်ခံစာက တာလီဘန် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတဲ့ အရပ်သားတွေရဲ့ ၁၀% လောက် လျော့ပြီးမှတ်တမ်းတင်နိုင်တာ လည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment