![]() |
ဆီးရီး နိုင္ငံထဲ အပစ္ရပ္ သေဘာတူမွု ကို အေကာင္အထည္ ေဖာ္နိုင္ဖို႔ ဆိုရင္ ႐ုရွားရဲ့ အျပဳအမူ ေတြ ေျပာင္းလဲမွ ျဖစ္မယ္။ |
အစၥလာမစ္ အစြန္းေရာက္ ေတြ မဟုတ္ ၾကတဲ့ ဆီးရီးယား သူပုန္ အုပ္စု ေတြ နဲ႔ အရပ္သား ေတြ ကို အဓိက ပစ္မွတ္ ထားၿပီး ႐ုရွား က ဗုံးၾကဲ ေနတာ ျဖစ္တယ္ လို႔ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး ဂၽြန္ကယ္ရီ က ေျပာပါတယ္။
ဆီးရီး နိုင္ငံထဲ အပစ္ရပ္ သေဘာတူမွု ကို အေကာင္အထည္ ေဖာ္နိုင္ဖို႔ ဆိုရင္ ႐ုရွားရဲ့ အျပဳအမူ ေတြ ေျပာင္းလဲမွ ျဖစ္မယ္ လို႔လည္း ဝန္ႀကီး ကယ္ရီ က ဆိုပါတယ္။
ဘာသာေရး အစြန္းေရာက္ မဟုတ္ၾကပဲ အလယ္အလတ္ သေဘာထား ရွိၾကတဲ့ ဆီးရီးယား အတိုက္အခံ အဖြဲ႕ေတြ ကို ႐ုရွား က တိုက္ခိုက္ ေနတာ ရပ္ဖို႔ ၿဗိတိန္ကလည္း ေတာင္းဆို ပါတယ္။
ဒါေပမယ့္ ႐ုရွားအစိုးရ ကေတာ့ သူတို႔ဟာ အစြန္းေရာက္ အဖြဲ႕ေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတာ ျဖစ္တယ္ လို႔ ေျပာေနပါတယ္။
႐ုရွား နဲ႔ အေနာက္အုပ္စု အၾကား လက္ရွိ ျဖစ္ေပၚ ေနတဲ့ တင္းမာမွု ေတြဟာ စစ္ေအးေခတ္ ပုံစံမ်ိဳးဆီ ေနာက္တခါ ျပန္ေရာက္ ေအာင္ တြန္းလႊတ္ေနသလို ျဖစ္ေနၿပီ လို႔ ႐ုရွား ဝန္ႀကီးခ်ဳပ္ ဒီမီႀထီး မက္ဗေရးဒက္ဗ္ က ဆိုပါတယ္။
တခါ၊ ဆီးရီးယား နိုင္ငံ ေျမာက္ပိုင္း ကာ့ဒ္ မ်ိဳးႏြယ္စု လက္နက္ကိုင္ ေတြ ရွိတဲ့ ေနရာေတြ ကို တူရကီ စစ္တပ္ က လက္နက္ႀကီး ေတြ နဲ႔ ပစ္ခတ္ ခဲ့တယ္ ဆိုတဲ့ သတင္းေတြ ရရွိ ထားပါတယ္။
တူရကီက ပစ္မွတ္ ထား တိုက္ခိုက္ ခဲ့တဲ့ ေနရာ ေတြထဲ ကာ့ဒ္ လက္နက္ကိုင္ အုပ္စု တစ္ခု ျဖစ္တဲ့ YPG ကေန ၿပီးခဲ့တဲ့ ၾကာသာပေတး ေန႔တုန္းက သိမ္းပိုက္ ထားတဲ့ မီးနက္ဂ္ ေလတပ္ စခန္းလည္း ပါဝင္ ပါတယ္။
YPG အဖြဲ႕ဟာ တူရကီ နိုင္ငံထဲက ကာ့ဒ္ သူပုန္ ေတြ နဲ႔ ဆက္စပ္ေနတယ္ လို႔ တူရကီ အစိုးရ က သတ္မွတ္ ထားပါတယ္။
ဆီးရီးယား နိုင္ငံထဲ က ကာ့ဒ္ လက္နက္ကိုင္ ေတြ ဟာ ဒီ့ျပင့္ မ်ိဳးႏြယ္စု ေတြ ျဖစ္တဲ့ အာရပ္ ေတြ နဲ႔ တာ့ခ္မင္ ေတြ ကို စစ္ရာဇဝတ္မွု မ်ိဳး ေျမာက္တဲ့ အတိုင္းအတာ အထိ ေရာက္ေအာင္ တိုက္ခိုက္ ေနတယ္ လို႔ တူရကီ ဝန္ႀကီးခ်ဳပ္ အာမက္ ဒါဗူးေတာ္လူး က ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
.............
ဆီးရီး နိုင်ငံထဲ အပစ်ရပ် သဘောတူမှု ကို အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင် ရုရှားရဲ့ အပြုအမူ တွေ ပြောင်းလဲမှ ဖြစ်မယ်။
ဆီးရီးယား နိုင်ငံထဲမှာ ပြုလုပ် နေတဲ့ လေကြောင်း တိုက်ခိုက်မှု တွေ နဲ့ ပတ်သက်ပြီး ပြန်လည် စဉ်းစား သုံးသပ် မှု တွေ ပြုလုပ်ပါ ဆိုပြီး ရုရှား ကို အနောက် နိုင်ငံတွေ အုပ်စု က တောင်းဆို လိုက်ပါတယ်။
အစ္စလာမစ် အစွန်းရောက် တွေ မဟုတ် ကြတဲ့ ဆီးရီးယား သူပုန် အုပ်စု တွေ နဲ့ အရပ်သား တွေ ကို အဓိက ပစ်မှတ် ထားပြီး ရုရှား က ဗုံးကြဲ နေတာ ဖြစ်တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။
ဆီးရီး နိုင်ငံထဲ အပစ်ရပ် သဘောတူမှု ကို အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင် ရုရှားရဲ့ အပြုအမူ တွေ ပြောင်းလဲမှ ဖြစ်မယ် လို့လည်း ဝန်ကြီး ကယ်ရီ က ဆိုပါတယ်။
ဘာသာရေး အစွန်းရောက် မဟုတ်ကြပဲ အလယ်အလတ် သဘောထား ရှိကြတဲ့ ဆီးရီးယား အတိုက်အခံ အဖွဲ့တွေ ကို ရုရှား က တိုက်ခိုက် နေတာ ရပ်ဖို့ ဗြိတိန်ကလည်း တောင်းဆို ပါတယ်။
ဒါပေမယ့် ရုရှားအစိုးရ ကတော့ သူတို့ဟာ အစွန်းရောက် အဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ် လို့ ပြောနေပါတယ်။
ရုရှား နဲ့ အနောက်အုပ်စု အကြား လက်ရှိ ဖြစ်ပေါ် နေတဲ့ တင်းမာမှု တွေဟာ စစ်အေးခေတ် ပုံစံမျိုးဆီ နောက်တခါ ပြန်ရောက် အောင် တွန်းလွှတ်နေသလို ဖြစ်နေပြီ လို့ ရုရှား ဝန်ကြီးချုပ် ဒီမီထြီး မက်ဗရေးဒက်ဗ် က ဆိုပါတယ်။
တခါ၊ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ကာ့ဒ် မျိုးနွယ်စု လက်နက်ကိုင် တွေ ရှိတဲ့ နေရာတွေ ကို တူရကီ စစ်တပ် က လက်နက်ကြီး တွေ နဲ့ ပစ်ခတ် ခဲ့တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။
တူရကီက ပစ်မှတ် ထား တိုက်ခိုက် ခဲ့တဲ့ နေရာ တွေထဲ ကာ့ဒ် လက်နက်ကိုင် အုပ်စု တစ်ခု ဖြစ်တဲ့ YPG ကနေ ပြီးခဲ့တဲ့ ကြာသာပတေး နေ့တုန်းက သိမ်းပိုက် ထားတဲ့ မီးနက်ဂ် လေတပ် စခန်းလည်း ပါဝင် ပါတယ်။
YPG အဖွဲ့ဟာ တူရကီ နိုင်ငံထဲက ကာ့ဒ် သူပုန် တွေ နဲ့ ဆက်စပ်နေတယ် လို့ တူရကီ အစိုးရ က သတ်မှတ် ထားပါတယ်။
ဆီးရီးယား နိုင်ငံထဲ က ကာ့ဒ် လက်နက်ကိုင် တွေ ဟာ ဒီ့ပြင့် မျိုးနွယ်စု တွေ ဖြစ်တဲ့ အာရပ် တွေ နဲ့ တာ့ခ်မင် တွေ ကို စစ်ရာဇဝတ်မှု မျိုး မြောက်တဲ့ အတိုင်းအတာ အထိ ရောက်အောင် တိုက်ခိုက် နေတယ် လို့ တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment