ဗုံးၾကဲတာရပ္ဖို႔ ႐ုရွကို ျပင္သစ္သတိေပး

အရပ္သားေတြေသတာမရွိေသးဘူးလို႔ ႐ုရွဘက္ကျငင္းဆိုထား
အရပ္သားပစ္မွတ္ေတြကို ဆီးရီးယားမွာ ဗုံးၾကဲေနတာေတြကို ႐ုရွအေနနဲ႔ ခ်က္ျခင္းရပ္ဖို႔ ျပင္သစ္ဝန္ႀကီးခ်ဳပ္ မန္ႏူရယ္ေဗာလ္စ္က သတိေပးေျပာဆိုလိုက္ပါတယ္။

ဂ်ာမနီနိုင္ငံ ျမဴးနစ္ၿမိဳ႕ မွာျပဳလုပ္ေနတဲ့ ဆီးရီးယားစစ္ပြဲရပ္စဲေရး ကမၻာ့ေခါင္းေဆာင္မ်ားေဆြးေႏြးပြဲမွာ ျပင္သစ္ဝန္ႀကီးခ်ဳပ္က အခုလိုေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ဗုံးၾကဲတာရပ္တာဟာ ဆီးရီးယား ၿငိမ္းခ်မ္းေရး အတြက္ ေသာ့ခ်က္ျဖစ္တယ္လို႔လည္းသူက ေျပာပါတယ္။႐ုရွဘက္ကေတာ့ သူတို႔ဗုံးၾကဲေနတာ အရပ္သားပစ္မွတ္ေတြကို ထိခိုက္တဲ့အေထာက္ အထားေတြ အခုခ်ိန္အထိ မေတြ႕ခဲ့ရေသးဘူးလို႔ ျငင္းဆိုလိုက္ပါတယ္။

႐ုရွရဲ့ေလေၾကာင္းတိုက္ခိုက္မွုေၾကာင့္ ဆီးရီးယား အရပ္သားတစ္ေထာင္ေက်ာ္ ေသဆုံးခဲ့တယ္လို႔ ယူေကအေျခစိုက္ ဆီးရီးယားလူ႔အခြင့္အေရးေစာင့္ၾကည့္ေလ့လာေရး အဖြဲ႕တစ္ဖြဲ႕ကေတာ့ စြပ္ဆြဲထားပါတယ္။

ဆီးရီးယားအတြင္းမွာျဖစ္ေနတဲ့ ျပသာနာေတြကို စစ္ေရးနည္းနဲ႔ေျဖရွင္းမွျဖစ္မယ္လို႔ ဆုံးျဖတ္ထားတဲ့ သမၼတအာဆတ္ရဲ့ စဥ္းစားခ်က္ကိုလည္း အေမရိကန္ဘက္က အေစာပိုင္းက အေမရိကန္ဘက္ကေန သတိေပး ထားတာရွိပါတယ္။

ဆီးရီးယားစစ္ပြဲ ျဖစ္ပြားခဲ့တဲ့ လြန္ခဲ့တဲ့ ၅ႏွစ္တာကာလအတြင္းမွာ လူေပါင္း ႏွစ္သိန္း ငါးေသာင္းေက်ာ္ေသဆုံးၿပီး ဆယ့္တစ္သန္း ေက်ာ္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးခဲ့ရပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............
 အရပ်သားတွေသေတာမရှိသေးဘူးလို့ ရုရှဘက်ကငြင်းဆိုထား
အရပ်သားပစ်မှတ်တွေကို ဆီးရီးယားမှာ ဗုံးကြဲနေတာတွေကို ရုရှအနေနဲ့ ချက်ခြင်းရပ်ဖို့ ပြင်သစ်ဝန်ကြီးချုပ် မန်နူရယ်ဗောလ်စ်က သတိပေးပြောဆိုလိုက်ပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့ မှာပြုလုပ်နေတဲ့ ဆီးရီးယားစစ်ပွဲရပ်စဲရေး ကမ္ဘာ့ခေါင်းဆောင်များဆွေးနွေးပွဲမှာ ပြင်သစ်ဝန်ကြီးချုပ်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ဗုံးကြဲတာရပ်တာဟာ ဆီးရီးယား ငြိမ်းချမ်းရေး အတွက် သော့ချက်ဖြစ်တယ်လို့လည်းသူက ပြောပါတယ်။ရုရှဘက်ကတော့ သူတို့ဗုံးကြဲနေတာ အရပ်သားပစ်မှတ်တွေကို ထိခိုက်တဲ့အထောက် အထားတွေ အခုချိန်အထိ မတွေ့ခဲ့ရသေးဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ရုရှရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယား အရပ်သားတစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ကတော့ စွပ်ဆွဲထားပါတယ်။

ဆီးရီးယားအတွင်းမှာဖြစ်နေတဲ့ ပြသာနာတွေကို စစ်ရေးနည်းနဲ့ဖြေရှင်းမှဖြစ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သမ္မတအာဆတ်ရဲ့ စဉ်းစားချက်ကိုလည်း အမေရိကန်ဘက်က အစောပိုင်းက အမေရိကန်ဘက်ကနေ သတိပေး ထားတာရှိပါတယ်။

ဆီးရီးယားစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့ ၅နှစ်တာကာလအတွင်းမှာ လူပေါင်း နှစ်သိန်း ငါးသောင်းကျော်သေဆုံးပြီး ဆယ့်တစ်သန်း ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment