ၿပီးခဲ့တဲ့ ရက္အနည္းငယ္က ျပဳလုပ္ခဲ့တဲ့ Yeezy Season 3 ဖက္ရွင္ရႈိးမွာေတာ့ Kanye West (ကာေညးဝက္စ္)က သူ႕ရဲ႕ အယ္လ္ဘမ္သစ္ကို တစ္ခါတည္း မိတ္ဆက္ၿပီး သီခ်င္းေတြလည္း ဆိုျပခဲ့ပါတယ္။
ကာေညးဆုိျပခဲ့တဲ့ “Famous” ဆိုတဲ့သီခ်င္းထဲမွာေတာ့ ေပါ့ပ္အဆိုေက်ာ္မေလး Taylor Swift ေတလာဆြစ္ဖ္ကို ပုတ္ခတ္ထားတဲ့ ရိုင္းစိုင္းတဲ့ စာသားေတြပါဝင္လာခဲ့တာေၾကာင့္ အင္တာနက္ေပၚမွာေတာ့ လူေျပာမ်ားသြားခဲ့ၿပီး တစ္ဖက္ပရိသတ္နဲ႔ တစ္ဖက္ တိုက္ခိုက္မႈေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။
"I feel like me and Taylor Swift might still have sex, I made that bitch famous." စတဲ့သီခ်င္းစာသားကို သီဆိုခဲ့တာျဖစ္ပါတယ္။ ေတလာဆြစ္ဖ္ဟာ ေအာင္ျမင္မႈမရေသးခင္အခ်ိန္က ဂရမ္မီဆုေပးပြဲမွာ ကာေညးနဲ႔အတူတူထုိင္ခဲ့ရၿပီး အဲ့ဒီပြဲမွာေတာ့ ေတလာဟာ အဆိုေတာ္ ဘီယြန္းေစးရဲ႕ ေက်ာ္ျဖတ္မႈကိုခံခဲ့ရၿပီး ဂရမ္မီဆုနဲ႔ လြဲခဲ့ရတာပါ။ ဒါကို ကာေညးဝက္စ္က ေတလာဆြစ္ဖ္ဟာ သူပ်ိဳးေထာင္ေပးၿပီးေနာက္ပိုင္းမွ အခုလို ေအာင္ျမင္မႈေတြရခဲ့တာျဖစ္တယ္လုိ႔ ရွင္းျပၿပီး ဒီသီခ်င္းစာသားကို ထည့္ခဲ့ရတာျဖစ္တယ္လုိ႔ ေျပာပါတယ္။ ေတလာကိုလည္း ထိခိုက္မႈမရွိေစခ်င္ဘူးလို႔ ျပန္ရွင္းျပထားပါတယ္။
ေတလာရဲ႕ ေမာင္ျဖစ္သူ ေအာ္စတင္ကေတာ့ ဒီသတင္းေတြကို ၾကားခဲ့ရၿပီး ေနာက္ပိုင္းမွာ ကာေညးဝက္စ္ထုတ္လုပ္တဲ့ Yeezy ဖိနပ္တစ္ရန္ကို အမႈိက္ပံုးထဲကို ထည့္လုိက္တဲ့ ဗီဒီယုိကို Instagram မွာ တင္ထားခဲ့ၿပီး ေပါက္ကြဲျပခဲ့ပါတယ္။ ေတလာရဲ႕ သူငယ္ခ်င္းျဖစ္တဲ့ ဆလီနာဂိုးမက္ဇ္နဲ႔ Ruby Rose တုိ႔ကလည္း ေတလာ့ကို အားေပးခဲ့ၾကၿပီး ကာေညးရဲ႕ လုပ္ရပ္ေတြကုိ ျပန္ၿပီး ထုိးႏွက္ဖုိ႔အတြက္ ေတလာက သီခ်င္းတစ္ပုဒ္ကို ေရးသားခိုင္းထားတယ္လုိ႔ သိရပါတယ္။
ေတလာကေတာ့ ကာေညးဟာ ေခြေရာင္းအားတက္ေအာင္ သူမရဲ႕နာမည္ကိုပဲ သီခ်င္းစာသားထဲမွာ ထည့္သံုးလုိက္တာျဖစ္မွာပါလုိ႔လည္း ေျပာၾကားခဲ့ပါတယ္။ ကာေညးကေတာ့ ျပႆနာကို မီးထြန္းရွာတတ္တဲ့သူလုိ႔ ေျပာရေလာက္ေအာင္ ၿပီးခဲ့တဲ့ ကာလေတြက Rolling Stone မဂၢဇင္းနဲ႔ ဝစ္ဇ္ခါလီဖာတုိ႔ကိုလညး္ သေရာ္ခဲ့တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။
( Paing A K )
#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com
Ref : Aceshowbiz
........................................................
ကာညေးဝက်စ်က တေလာဆွစ်ဖ်ကို ရိုင်းစိုင်းတဲ့ သီချင်းစာသားနဲ့ ပုတ်ခတ်ခဲ့
ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပြုလုပ်ခဲ့တဲ့ Yeezy Season 3 ဖက်ရှင်ရှိုးမှာတော့ Kanye West (ကာညေးဝက်စ်)က သူ့ရဲ့ အယ်လ်ဘမ်သစ်ကို တစ်ခါတည်း မိတ်ဆက်ပြီး သီချင်းတွေလည်း ဆိုပြခဲ့ပါတယ်။
ကာညေးဆိုပြခဲ့တဲ့ “Famous” ဆိုတဲ့သီချင်းထဲမှာတော့ ပေါ့ပ်အဆိုကျော်မလေး Taylor Swift တေလာဆွစ်ဖ်ကို ပုတ်ခတ်ထားတဲ့ ရိုင်းစိုင်းတဲ့ စာသားတွေပါဝင်လာခဲ့တာကြောင့် အင်တာနက်ပေါ်မှာတော့ လူပြောများသွားခဲ့ပြီး တစ်ဖက်ပရိသတ်နဲ့ တစ်ဖက် တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
"I feel like me and Taylor Swift might still have sex, I made that bitch famous." စတဲ့သီချင်းစာသားကို သီဆိုခဲ့တာဖြစ်ပါတယ်။ တေလာဆွစ်ဖ်ဟာ အောင်မြင်မှုမရသေးခင်အချိန်က ဂရမ်မီဆုပေးပွဲမှာ ကာညေးနဲ့အတူတူထိုင်ခဲ့ရပြီး အဲ့ဒီပွဲမှာတော့ တေလာဟာ အဆိုတော် ဘီယွန်းစေးရဲ့ ကျော်ဖြတ်မှုကိုခံခဲ့ရပြီး ဂရမ်မီဆုနဲ့ လွဲခဲ့ရတာပါ။ ဒါကို ကာညေးဝက်စ်က တေလာဆွစ်ဖ်ဟာ သူပျိုးထောင်ပေးပြီးနောက်ပိုင်းမှ အခုလို အောင်မြင်မှုတွေရခဲ့တာဖြစ်တယ်လို့ ရှင်းပြပြီး ဒီသီချင်းစာသားကို ထည့်ခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ တေလာကိုလည်း ထိခိုက်မှုမရှိစေချင်ဘူးလို့ ပြန်ရှင်းပြထားပါတယ်။
တေလာရဲ့ မောင်ဖြစ်သူ အော်စတင်ကတော့ ဒီသတင်းတွေကို ကြားခဲ့ရပြီး နောက်ပိုင်းမှာ ကာညေးဝက်စ်ထုတ်လုပ်တဲ့ Yeezy ဖိနပ်တစ်ရန်ကို အမှိုက်ပုံးထဲကို ထည့်လိုက်တဲ့ ဗီဒီယိုကို Instagram မှာ တင်ထားခဲ့ပြီး ပေါက်ကွဲပြခဲ့ပါတယ်။ တေလာရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆလီနာဂိုးမက်ဇ်နဲ့ Ruby Rose တို့ကလည်း တေလာ့ကို အားပေးခဲ့ကြပြီး ကာညေးရဲ့ လုပ်ရပ်တွေကို ပြန်ပြီး ထိုးနှက်ဖို့အတွက် တေလာက သီချင်းတစ်ပုဒ်ကို ရေးသားခိုင်းထားတယ်လို့ သိရပါတယ်။
တေလာကတော့ ကာညေးဟာ ခွေရောင်းအားတက်အောင် သူမရဲ့နာမည်ကိုပဲ သီချင်းစာသားထဲမှာ ထည့်သုံးလိုက်တာဖြစ်မှာပါလို့လည်း ပြောကြားခဲ့ပါတယ်။ ကာညေးကတော့ ပြဿနာကို မီးထွန်းရှာတတ်တဲ့သူလို့ ပြောရလောက်အောင် ပြီးခဲ့တဲ့ ကာလတွေက Rolling Stone မဂ္ဂဇင်းနဲ့ ဝစ်ဇ်ခါလီဖာတို့ကိုလညး် သရော်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Aceshowbiz
0 comments:
Post a Comment