ထုိင္၀မ္၊ ေဖေဖာ္၀ါရီ ၆ ။
ထိုင္၀မ္ႏိုင္ငံ ေတာင္ပိုင္း ၿမိဳ႕ေတာ္ တိုင္နန္း ( Tainan) တြင္ ယေန႕ (ေဖေဖာ္၀ါရီ ၆ ) နံနက္ အေစာပိုင္း ( လူအမ်ားအိပ္ေပ်ာ္ေနခ်ိန္)က အင္အား ၆. ၄ အဆင့္ရွိေသာ ငလ်င္လွဳပ္ခတ္ခဲ့တာေၾကာင့္ ကေလးငယ္တစ္ဦးအပါအ၀င္ အနည္းဆံုး လူ ၃ ဦးေသဆံုးၿပီး ၂၃ ဦး ဒဏ္ရာရခဲ့ေၾကာင္း ၊ အေဆာက္ အဦး အမ်ား အျပားလည္း ၿပိဳက်က္စီးခဲ့ေၾကာင္း၊ ယေန႔ နံနက္ပိုင္း BBC သတင္းတြင္ေဖာ္ျပသည္။
ေနာက္ဆက္သြယ္ ငလ်င္မ်ားလွုပ္ခတ္လာမည္ကုိ လည္းေဒသခံမ်ားက စိုးရိမ္ေနေၾကာင္း BBC သတင္းတြင္ေဖာ္ျပသည္။
"စကၠန္႕ ၂၀- ၃၀ ေလာက္ ပဲ ငလွဳပ္ သြားတာပါ။ ဒါေပမယ့္ လွဳိင္းႀကီး တစ္ခုတက္လာသလုိပဲ ။ ခဏေလးအတြင္း မွာ အဲဒီ လွဳိင္းႀကီးက အေဆာက္အဦး ေတြကုိ ၿဖိဳ ခ်သြားတယ္ ” ဟု ေဒသခံတစ္ဦးကေျပာသည္။
” မနက္ျဖန္ တရုတ္ႏွစ္သစ္ကူးေလ။ လူေတြက ႏွစ္ကူးအတြက္ ျပင္ဆင္ေနၾကတာပါ။ အခုေတာ့ အမ်ားစုက အုိးမဲ့၊ အိမ္မဲ့ျဖစ္သြားၾကၿပီ " ဟုလည္း အျခားေသာေဒသခံတစ္ဦးကေျပာသည္။
တာ၀န္ရွိသူမ်ားကကယ္ဆယ္ေရးလုပ္ငန္းမ်ားကုိေဆာင္ရြက္လ်က္ရွိေၾကာင္း၊တိုင္နန္းၿမိဳ႕သည္ လူသီးေရ ၂ သန္းခန္႔ေနထိုင္ရာၿမိဳ႕ျဖစ္ေၾကာင္း၊ ၁၉၉၉ ခုႏွစ္က ထိုင္၀မ္အလယ္ပိုင္းတြင္ အင္အား ၇. ၆ အဆင့္ရွိ ငလ်င္ လွဳပ္ခတ္ခဲ့မႈေၾကာင့္ လူေပါင္း ၂၃၀၀ ေက်ာ္ ေသဆံုးခဲ့ဖူးေၾကာင္း BBC သတင္းတြင္ေဖာ္ျပသည္။
KBZT NEWS
PHOTO - BBC-
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
.....................
ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၆ ။
ထိုင်ဝမ်နိုင်ငံ တောင်ပိုင်း မြို့တော် တိုင်နန်း ( Tainan) တွင် ယနေ့ (ဖေဖော်ဝါရီ ၆ ) နံနက် အစောပိုင်း ( လူအများအိပ်ပျော်နေချိန်)က အင်အား ၆. ၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း ၊ အဆောက် အဦး အများ အပြားလည်း ပြိုကျက်စီးခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း BBC သတင်းတွင်ဖော်ပြသည်။
နောက်ဆက်သွယ် ငလျင်များလှုပ်ခတ်လာမည်ကို လည်းဒေသခံများက စိုးရိမ်နေကြောင်း BBC သတင်းတွင်ဖော်ပြသည်။
"စက္ကန့် ၂၀- ၃၀ လောက် ပဲ ငလှုပ် သွားတာပါ။ ဒါပေမယ့် လှိုင်းကြီး တစ်ခုတက်လာသလိုပဲ ။ ခဏလေးအတွင်း မှာ အဲဒီ လှိုင်းကြီးက အဆောက်အဦး တွေကို ဖြို ချသွားတယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။
” မနက်ဖြန် တရုတ်နှစ်သစ်ကူးလေ။ လူတွေက နှစ်ကူးအတွက် ပြင်ဆင်နေကြတာပါ။ အခုတော့ အများစုက အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားကြပြီ " ဟုလည်း အခြားသောဒေသခံတစ်ဦးကပြောသည်။
တာဝန်ရှိသူများကကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊တိုင်နန်းမြို့သည် လူသီးရေ ၂ သန်းခန့်နေထိုင်ရာမြို့ဖြစ်ကြောင်း၊ ၁၉၉၉ ခုနှစ်က ထိုင်ဝမ်အလယ်ပိုင်းတွင် အင်အား ရ. ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၂၃၀၀ ကျော် သေဆုံးခဲ့ဖူးကြောင်း BBC သတင်းတွင်ဖော်ပြသည်။
KBZT NEWS
PHOTO - BBC-
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
0 comments:
Post a Comment