Sunnylands ေၾကျငာခ်က္မူၾကမ္း ႀကိဳတင္ထြက္ေပၚ


အေမရိကန္ႏုိင္ငံ၊ ကာလီဖုိးနီးယားျပည္နယ္၊ Rancho Mirage မွာရွိတဲ့ Sunnylands မွာ က်င္းပေနတဲ့ အေမရိကန္ - အာဆီယံ ထိပ္သီးညီလာခံကေန ထြက္ေပၚလာမယ့္ အဓိက သေဘာတူညီခ်က္ထဲမွာ အျငင္းပြားဖြယ္ ျဖစ္ေနတဲ့ လႊတ္လပ္စြာ ေရေၾကာင္းသြားလာမႈနဲ႔ စစ္ေရး တည္ေဆာက္မႈကိစၥေတြ ပါ၀င္မွာ ျဖစ္ပါတယ္။

ဗီြအုိေအ ခမာသတင္းဌာနက ႀကိဳတင္ ရရွိခဲ့တဲ့ သေဘာတူညီခ်က္ မူၾကမ္းအရ အာဆီယံေခါင္းေဆာင္ေတြနဲ႔ သမၼတ Barack Obama တုိ႔ဟာ Sunnylands အေျခခံမူေဘာင္မ်ားလုိ႔ေခၚတဲ့ သေဘာတူညီခ်က္ေတြကုိ ထိပ္သီးစည္းေ၀းပြဲအတြင္း ေဆြးေႏြးၾကတယ္လုိ႔ ဆုိပါတယ္။

အေမရိကန္ျပည္ေထာင္စုက အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအသင္း အာဆီယံ ၁၀ ႏုိင္ငံနဲ႔ တမူထူးျခားစြာ ထိေတြ႔ ဆက္ဆံေနတာဟာ ေဒသတြင္းမွာ ၾသဇာႀကီးထြားလာေနတဲ့ တရုတ္ႏုိင္ငံကုိ တန္ျပန္ႏုိင္ဖုိ႔ သမၼတ အုိဘားမားအစုိးရရဲ႕ လုပ္ေဆာင္မႈေတြထဲက တခုလည္း ျဖစ္ပါတယ္။

အခု ႀကိဳတင္ ရရွိလုိက္တဲ့ သေဘာတူညီခ်က္ မူၾကမ္းဟာ ၂ ၾကာ က်င္းပတဲ့ ထိပ္သီးစည္းေ၀းပြဲ အဆုံးသတ္မယ့္ ဒီကေန႔ အဂၤါေန႔မွာ ထုတ္ျပန္မယ့္ ပူးတြဲ သေဘာတူညီခ်က္ျဖစ္လာမယ္လုိ႔ ဆုိပါတယ္။

သေဘာတူညီခ်က္ အစမွာေတာ့ - အေမရိကန္ျပည္ေထာင္စုနဲ႔ အာဆီယံတုိ႔ဟာ အနာဂတ္မွာ လုပ္ေဆာင္မယ့္ ပူးေပါင္းေဆာင္ရြက္မႈေတြမွာ အဓိက အေျခခံမူ၀ါဒေတြရဲ႕ လမ္းညြန္မႈအတုိင္း လုပ္ေဆာင္သြားၾကဖုိ႔ ထပ္ေလာင္းအတည္ျပဳေၾကာင္း ေရးသားထားပါတယ္။ ဒါေပမယ့္ ဒီမူၾကမ္းထဲမွာပါတဲ့ သေဘာတူညီခ်က္ေတြထဲက ဘယ္ေလာက္အထိ သေဘာတူညီမႈ ရရွိထားၿပီးၾကၿပီလဲဆုိတာေတာ့ အတိအက် မသိရေသးပါဘူး။

ဒါ့အျပင္ ႏွစ္ဖက္စလုံးက လႊတ္လပ္စြာ ကုန္သြယ္မႈ၊ အားေကာင္းတဲ့ ဒီမုိကေရစီစံနစ္၊ ေကာင္းမြန္တဲ့ အစုိးရစံနစ္၊ လူ႔အခြင့္အေရးျမင့္တင္ေရးနဲ႔ အေျခခံလႊတ္လပ္မႈေတြ ကာကြယ္ ေစာင့္ေရွာက္ေရး၊ သည္းခံစိတ္ထားရွိေရးနဲ႔ အစြန္းေရာက္မႈ မျဖစ္ေစေရး စတာေတြကုိ လုပ္ေဆာင္သြားၾကဖုိ႔အတြက္ သံဓိဌာန္ ခ်ထားတယ္လုိ႔ ဆုိပါတယ္။

ႀကိဳထြက္လာတဲ့ သေဘာတူညီခ်က္ မူၾကမ္းထဲမွာ တရုတ္နဲ႔ အာဆီယံႏုိင္ငံေတြအၾကား ေတာင္တရုတ္ပင္လယ္ျပင္အတြင္း ပုိင္ဆုိင္မႈအျငင္းပြားေနတဲ့ ကိစၥကုိလည္း ထည့္သြင္း ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...............................................


အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ Rancho Mirage မှာရှိတဲ့ Sunnylands မှာ ကျင်းပနေတဲ့ အမေရိကန် - အာဆီယံ ထိပ်သီးညီလာခံကနေ ထွက်ပေါ်လာမယ့် အဓိက သဘောတူညီချက်ထဲမှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ လွှတ်လပ်စွာ ရေကြောင်းသွားလာမှုနဲ့ စစ်ရေး တည်ဆောက်မှုကိစ္စတွေ ပါ၀င်မှာ ဖြစ်ပါတယ်။

ဗွီအိုအေ ခမာသတင်းဌာနက ကြိုတင် ရရှိခဲ့တဲ့ သဘောတူညီချက် မူကြမ်းအရ အာဆီယံခေါင်းဆောင်တွေနဲ့ သမ္မတ Barack Obama တို့ဟာ Sunnylands အခြေခံမူဘောင်များလို့ခေါ်တဲ့ သဘောတူညီချက်တွေကို ထိပ်သီးစည်းဝေးပွဲအတွင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ၁၀ နိုင်ငံနဲ့ တမူထူးခြားစွာ ထိတွေ့ ဆက်ဆံနေတာဟာ ဒေသတွင်းမှာ သြဇာကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို တန်ပြန်နိုင်ဖို့ သမ္မတ အိုဘားမားအစိုးရရဲ့ လုပ်ဆောင်မှုတွေထဲက တခုလည်း ဖြစ်ပါတယ်။

အခု ကြိုတင် ရရှိလိုက်တဲ့ သဘောတူညီချက် မူကြမ်းဟာ ၂ ကြာ ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲ အဆုံးသတ်မယ့် ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်မယ့် ပူးတွဲ သဘောတူညီချက်ဖြစ်လာမယ်လို့ ဆိုပါတယ်။

သဘောတူညီချက် အစမှာတော့ - အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံတို့ဟာ အနာဂတ်မှာ လုပ်ဆောင်မယ့် ပူးပေါင်းဆောင်ရွက်မှုတွေမှာ အဓိက အခြေခံမူဝါဒတွေရဲ့ လမ်းညွန်မှုအတိုင်း လုပ်ဆောင်သွားကြဖို့ ထပ်လောင်းအတည်ပြုကြောင်း ရေးသားထားပါတယ်။ ဒါပေမယ့် ဒီမူကြမ်းထဲမှာပါတဲ့ သဘောတူညီချက်တွေထဲက ဘယ်လောက်အထိ သဘောတူညီမှု ရရှိထားပြီးကြပြီလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

ဒါ့အပြင် နှစ်ဖက်စလုံးက လွှတ်လပ်စွာ ကုန်သွယ်မှု၊ အားကောင်းတဲ့ ဒီမိုကရေစီစံနစ်၊ ကောင်းမွန်တဲ့ အစိုးရစံနစ်၊ လူ့အခွင့်အရေးမြင့်တင်ရေးနဲ့ အခြေခံလွှတ်လပ်မှုတွေ ကာကွယ် စောင့်ရှောက်ရေး၊ သည်းခံစိတ်ထားရှိရေးနဲ့ အစွန်းရောက်မှု မဖြစ်စေရေး စတာတွေကို လုပ်ဆောင်သွားကြဖို့အတွက် သံဓိဌာန် ချထားတယ်လို့ ဆိုပါတယ်။

ကြိုထွက်လာတဲ့ သဘောတူညီချက် မူကြမ်းထဲမှာ တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြား တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကိစ္စကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment