မူးယစ္ေဆးသုံးၿပီး လိင္ပါတီပြဲလုပ္သည့္ ႏုိင္ငံသား ၂၀ ေက်ာ္ကုိ ထုိင္းရဲဖမ္းဆီး

By ဒီဗီြဘီ 6 February 2016  Print  Email  
ထုိင္းႏုိင္ငံ ခၽြန္ဘူရီခ႐ုိင္ ဘန္လမြန္ၿမိဳ႕နယ္ထဲက အပန္းေျဖစခန္းတခုမွာ မူူးယစ္ေဆး၀ါးသံုးစြဲၿပီး လိင္ဆက္ဆံတဲ့ ပါတီပြဲ ျပဳလုပ္တဲ့ ထုိင္းႏုိင္ငံသား ၂၁ ဦးကုိ ထုိင္းအာဏာပုိင္ေတြက ေဖေဖာ္၀ါရီလ ၄ ရက္ေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။

အပန္းေျဖစခန္း ငွားစားေနတဲ့ အိမ္အမွတ္ ၂၆/၅ မွာ မူးယစ္ေဆး၀ါးနဲ႔ ပါတီလုပ္ေနတယ္လို႔ သတင္းရရွိတာေၾကာင့္ ထုိင္းအာဏာပုိင္ ၃၀ ေလာက္ ပူးေပါင္း ၀င္ေရာက္ဖမ္းဆီးခဲ့တာလုိ႔ ထုိင္းသတင္းေတြ ေဖာ္ျပထားၾကပါတယ္။

ဖမ္းဆီးခံထားရတဲ့ အမ်ဳိးသား ၈ ဦးနဲ႔ အမ်ဳိးသမီး ၁၃ ဦးဟာ အသက္ ၁၈ ကေန ၂၅ ႏွစ္အရြယ္ေတြ ျဖစ္ၿပီး အမ်ဳိးသမီး ၂ ဦးဆီက သက္ေသခံပစၥည္း အိုက္စ္မူးယစ္ေဆး အမ်ဳိးအစားေတြကုိ သိမ္းဆည္းရမိထားတယ္လို႔ ဆိုပါတယ္။

အဖမ္းခံရတဲ့သူထဲက အသက္ ၃၀ အရြယ္ အမ်ဳိးသားတဦးရဲ႕ ထြက္ဆိုခ်က္အရ သူငယ္ခ်င္းေတြနဲ႔ ခြ်န္ဘူရီကေန ပက္တရားကမ္းေျခက ဆုိင္တဆုိင္ကုိ  လာေရာက္ခဲ့တာျဖစ္ေပမယ့္ ဆုိင္ပိတ္ထားတာေၾကာင့္ သူငယ္ခ်င္း မိန္းကေလးေတြနဲ႔ သိတဲ့ အပန္းေျဖစခန္းထဲက အိမ္တလံုးကုိ တရက္ ဘတ္ေငြ ၇၀၀၀ နဲ႔ ငွားၿပီး အခုလို ပါတီပြဲ လုပ္ခဲ့တာလုိ႔ ေျပာပါတယ္။

လိင္ပါတီပြဲနဲ႔ ပတ္သက္လုိ႔ သူက အမ်ဳိးသားနဲ႔ အမ်ဳိးသမီး ႏွစ္ဦးသေဘာတူညီခ်က္အရသာ အခန္းထဲမွာ လိပ္ဆက္ဆံၾကတာျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လုိ႔ ထုိင္း khaosodသတင္းမွာ ေဖာ္ျပထားပါတယ္။

ထုိင္းအာဏာပုိင္အေနနဲ႔ အဖမ္းခံရသူေတြအထဲက တခ်ဳိ႕ကုိ မူးယစ္ေဆး၀ါး လက္၀ယ္ေတြ႔ရွိမႈနဲ႔ အေရးယူမွာ ျဖစ္သလို သံုးစြဲသူအျဖစ္လည္း ဆက္လက္အေရးယူသြားဖို႔ ရွိပါတယ္။
DVB
..............
မူးယစ်ဆေးသုံးပြီး လိင်ပါတီပွဲလုပ်သည့် နိုင်ငံသား ၂၀ ကျော်ကို ထိုင်းရဲဖမ်းဆီး

By ဒီဗွီဘီ 6 February 2016  Print  Email  
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်လမွန်မြို့နယ်ထဲက အပန်းဖြေစခန်းတခုမှာ မူူးယစ်ဆေးဝါးသုံးစွဲပြီး လိင်ဆက်ဆံတဲ့ ပါတီပွဲ ပြုလုပ်တဲ့ ထိုင်းနိုင်ငံသား ၂၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

အပန်းဖြေစခန်း ငှားစားနေတဲ့ အိမ်အမှတ် ၂၆/၅ မှာ မူးယစ်ဆေးဝါးနဲ့ ပါတီလုပ်နေတယ်လို့ သတင်းရရှိတာကြောင့် ထိုင်းအာဏာပိုင် ၃၀ လောက် ပူးပေါင်း ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ထိုင်းသတင်းတွေ ဖော်ပြထားကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁၃ ဦးဟာ အသက် ၁၈ ကနေ ၂၅ နှစ်အရွယ်တွေ ဖြစ်ပြီး အမျိုးသမီး ၂ ဦးဆီက သက်သေခံပစ္စည်း အိုက်စ်မူးယစ်ဆေး အမျိုးအစားတွေကို သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

အဖမ်းခံရတဲ့သူထဲက အသက် ၃၀ အရွယ် အမျိုးသားတဦးရဲ့ ထွက်ဆိုချက်အရ သူငယ်ချင်းတွေနဲ့ ချွန်ဘူရီကနေ ပက်တရားကမ်းခြေက ဆိုင်တဆိုင်ကို  လာရောက်ခဲ့တာဖြစ်ပေမယ့် ဆိုင်ပိတ်ထားတာကြောင့် သူငယ်ချင်း မိန်းကလေးတွေနဲ့ သိတဲ့ အပန်းဖြေစခန်းထဲက အိမ်တလုံးကို တရက် ဘတ်ငွေ ရ၀၀၀ နဲ့ ငှားပြီး အခုလို ပါတီပွဲ လုပ်ခဲ့တာလို့ ပြောပါတယ်။

လိင်ပါတီပွဲနဲ့ ပတ်သက်လို့ သူက အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးသဘောတူညီချက်အရသာ အခန်းထဲမှာ လိပ်ဆက်ဆံကြတာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်း khaosodသတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင်အနေနဲ့ အဖမ်းခံရသူတွေအထဲက တချို့ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူမှာ ဖြစ်သလို သုံးစွဲသူအဖြစ်လည်း ဆက်လက်အရေးယူသွားဖို့ ရှိပါတယ်။
DVB
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment