ေပ်ာ္ရႊင္ဖြယ္ရာ ဘူတန္နိုင္ငံႏွင့္ ဘူတန္ဘုရင္အေၾကာင္း

ျမတ္စြာဘုရား ပရိနိဗၺာန္စံ၀င္ေတာ္မူၿပီးေနာက္ မဇၥ်ိမေဒသ၏ သာသနာျဖန္႕ၾကက္ရာေဒသႏွင့္အလွမ္းမကြာေသာ ေနရာေဒသမ်ားတြင္ ဘူတန္ႏိုင္ငံလည္း အပါအ၀င္ျဖစ္သည္။ အေသာကမင္းၾကီးလက္ထက္
သာသနာျပဳရဟန္းေတာမ်ား ေစလႊတ္ခဲ့ရာ ေဒသတစ္ခုလည္းျဖစ္ခဲ့ပါသည္။
ဘူတန္ႏိုင္ငံသို႕ ဗုဒၶအေမြအႏွစ္မ်ား စတင္ေရာက္ရွိခဲ့ရာ ကာလမွာ အေသာကမင္းမွ စတင္ခဲ့သည္ဟု ဆိုေသာ္လည္း ဘူတန္ႏိုင္ငံ ဗုဒၶဘာသာ ေအဒီ ၇ ရာစုမွ စတင္ခဲ့သညဟု ဆိုသည္။

ဘူတန္ႏိုင္ငံတြင္ တိဗက္တန္ဘုရင္ ေဆာင္ဆန္ဂမ္ပိုက ပါရိုေတာင္တန္းေဒသရွိ ၾကိခ်ဴအရပ္၌ ဗုဒၶဘုရားေက်ာင္းမ်ား စတင္တည္ေဆာက္ခဲ့သည္ ေအဒီ ၇ ရာစုကဟုဆိုလိုသည္။
ယခုပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ေဒသတြင္ရွိသည့္ ဆြတ္ေတာင္ၾကားေဒသတြင္ လွည့္လည္သြားလာခဲ့ေသာ သူေတာ္စင္ ပတ္ဒမာဆမ္ဘာဘသည္ ေအဒီ ၈ ရာစုတြင္ ဘူတန္ႏိုင္ငံကို မဟာယာန
ဗုဒၶဘာသာ အယူ၀ါဒသင္ၾကားျခင္းကို ယူေဆာင္လာခဲ့သူ ဂရုရင္ပိုခ်ီအျဖစ္ ထင္ရွားေက်ာ္ၾကားလာခဲ့သည္။ ဗုဒၶေဟာၾကားေတာ္မူေသာ မဂၢင္း(၈)ပါးကို ရင္ပိုခ်ီက သရုပ္သကန္ မွန္ကန္စြာ တင္ျပေဟာၾကားႏိုင္ခဲ့
သည္။ ထုိ႕ေနာက္ ဗုဒၶအယူ၀ါဒသည္ ဘူတန္ႏုိင္ငံတြင္ ဆက္လက္ထြန္းကား ျပန္ပြားခဲ့သည္။
ဘူတန္ႏိုင္ငံတြင္ ဗုဒၶဘာသာႏွင့္ ယဥ္ေက်းမႈ အႏုပညာ ရွင္သန္ထြန္းကားခဲ့ေသာ္လည္း ငလ်င္ဒဏ္မ်ားႏွင့္ မီးေဘးသင့္ျခင္းမ်ားေၾကာင့္ ဗုဒၶဘာသာဆိုင္ရာ ဘူတန္လက္ေရးမွတ္တမ္းႏွင့္ သမိုင္း၀င္မွတ္တမ္းမ်ား
ဆုံးရႈံးခဲ့ရသည္မွာ ၀မ္းနည္းေၾကကြဲဖြယ္ပင္ျဖစ္သည္။

သာသနာႏွစ္ ၂၂၁၄ ခန္႕တြင္ တိဗက္လူမ်ိဳးမ်ားသည္ ဘူတန္ျပည္ကို ေအာင္ႏိုင္သျဖင့္ တိဗက္လားမား ဗုဒၶဘာသာ သာသနာထြန္းကားလာခဲ့သည္။ ဘူတန္ျပည္၌ တိုင္းျပည္အုပ္ခ်ဳပ္သူကို ဓမၼရာဇာ၊ ဟုေခၚ၍ သာသနာပိုင္ကို ေဒ၀ရာဇဟုုေခၚသည္။
.
ဆင္းရဲေပမယ့္ ေပ်ာ္ရႊင္တဲ့ တိုင္းျပည္ကို ျပပါဆိုရင္ တရုတ္နဲ႔အိႏိၵယ ႏွစ္ႏိုင္ငံၾကား ဟိမဝႏာၱ ေတာင္ေျခေအာက္က Himalayan Shangri-La လို႔ တင္စားတဲ့ တိုင္းျပည္ ဘူတန္ကို ျပရပါလိမ့္မယ္။ ဘူတန္နိုင္ငံ
သည္ အိနိၵယ ႏွင့္ တ႐ုတ္တို႔က ဝန္းရံထားၿပီး ဟိမဝႏၲာေတာင္ေျခအတြင္း တည္ရွိေနေသာ နိုင္ငံေလးျဖစ္သည္။ ဗုဒၶဘာသာယဥ္ေက်းမႈ ထြန္းကားမႈအတြက္ ထင္ရွားေသာ နိုင္ငံလဲျဖစ္သည္။
နိုင္ငံတြင္ သာသနာ့အလံမ်ား တလူလူလြင့္ေနသည္ကိုေတြ႕ ေနျမင္ေနက်လိုျဖစ္ၿပီး ဗုဒၶဘာ သာယဥ္ေက်းမႈ ကို ထိန္းသိမ္းကာကြယ္ျခင္းမွာ ဘူတန္နိုင္ငံ၏အတုမရွိေသာ အဓိကမ႑ိဳင္လည္း ျဖစ္သည္။
.
နိုင္ငံ၏အလုံးစုံအမ်ိဳး သား ေပ်ာ္ရႊင္ခ်မ္းေျမ့မႈသည္ အတုမရွိေသာ ဖြံ့ၿဖိဳးတိုးတက္မႈ ပုံစံျဖစ္ၿပီး ယင္းသည္
 နိုင္ငံ၏စီး ပြားေရးျဖစ္ထြန္းမႈႏွင့္အတူ ႐ုပ္ ပိုင္းႏွင့္ စိတ္ပိုင္းဆိုင္ရာခ်မ္းသာ သုခဟန္ခ်က္ညီေရးကို
ရည္ရြယ္ ျခင္းလည္းျဖစ္သည္။
.
ဘူတန္နိုင္ငံတြင္ သံဃာ့ အဖြဲ႕အစည္း၏ အရွိန္အဝါက် ဆင္းခဲ့သည္မွာ လြန္ခဲ့သည့္ငါး ႏွစ္ခန႔္က ဒီမိုကေရစီ အစပ်ိဳးခ်ိန္ ကပင္ ျဖစ္သည္ဟုဆိုသည္။ ဘူတန္နိုင္ငံတြင္ ဗုဒၶဘာသာဝင္တို႔အား ပိုင္ဆိုင္မႈႏွင့္ပတ္သက္၍ ခြင့္ျပဳထားခဲ့ၿပီး ဘုန္းႀကီးမ်ားမွာပင္ ဇိမ္ခံကားမ်ားရွိေနသည္ဟု သင္ဖုၿမိဳ႕ရွိ စိတ္ေရာ ဂါကုဆရာဝန္ ဒမ္ဘာ
 ေကနီရိုလာ က ေျပာသည္။ အမ်ိဳးသား ၃၀%ေလာက္ဟာ ဘုန္းႀကီးေတြျဖစ္ၿပီး ၁၀ ႏွစ္အတြင္း တစ္ႏိုင္ငံလံုးမွာ အမႈတစ္မႈပဲရွိခဲ့ပါတယ္။ အဲ့ဒီ အမႈကလည္း ဘုန္းႀကီးေက်ာင္းထဲကို ဖိနပ္စီးၿပီး ဝင္မိျခင္း
ပင္ျဖစ္သည္။
.
ဘူတန္ဟာ World Map of Happiness ကမာၻ႔ေပ်ာ္ရႊင္ျခင္းေျမပံုမွာ ပဥၥမေနရာကို ယူခဲ့တယ္။ ဘူတန္ႏိုင္ငံရဲ႕ နယ္နိမိတ္ အက်ယ္အဝန္းဟာ ၄ေသာင္း ၇ေထာင္ ကီလိုမီတာ ပတ္လည္ပဲရွိတယ္။ လူဦးေရေပါင္း ၆သိန္း ၇ေသာင္းေက်ာ္ ရွိျပီး ဘူတန္လူမ်ဳိး (၅ဝ%)၊ နီေပါလ္လူမ်ဳိး (၃၅%)နဲ႔ က်န္လူမ်ဳိး (၁၅%) ျဖစ္ၾကတယ္။ (၇၅%) က ဗုဒၶဘာသာ ကိုးကြယ္ၾကျပီး (၂၅%)က ဟိႏၵဴဘာသာေတြျဖစ္တယ္။
.
၁၉ဝ၇ ခုႏွစ္မွာ တည္ေထာင္ခဲ့တဲ့ တိုင္းျပည္ျဖစ္ျပီး ျမိဳ႔ေတာ္က Thimphu ျဖစ္တယ္။ ဘူတန္ႏိုင္ငံ
ရဲ႕ ျမိဳ႕ၾကီးျမိဳ႕ငယ္ လမ္းအသြယ္သြယ္မွာ ေတာင္းရမ္းသူမရွိဘူး။ လမ္းက်ဥ္း လမ္းငယ္ေတြမွာ မိန္းမရႊင္မရွိဘူး။ ေဆးသမားေတြ မရွိဘူး။ ေတာင္ၾကီးေတာင္ငယ္ အလွ်ဳိလွ်ဳိနဲ႔ ဝိုင္းရံထားတဲ့ ႏိုင္ငံမွာ ခမ္းနားတဲ့
အေဆာက္အအံုေတြကို မျမင္ႏိုင္သလို စုတ္ျပတ္ျပီး မိုးမလံု ေလမလံုတဲ့ အိမ္ငယ္မ်ဳိးလည္း မေတြ႔ရဘူး။
 ျမိဳ႔ေတာ္ Thimphu မွာ ႏိုင္ငံတကာနဲ႔ ဆက္သြယ္ႏိုင္တဲ့ အင္တာနက္ဆိုင္ေပါင္း မ်ားစြာရွိတယ္။
.
ဘူတန္က ေယာက္်ားမိန္းမအားလံုး ရိုးရာဝတ္စံုကိုသာ ဝတ္ဆင္ၾကတယ္။ ေယာက္်ားေတြက (gol) လို႔ေခၚတဲ့ ဒူးထိ႐ွည္လွ်ားတဲ့ စကပ္သ႑ာန္ ဝတ္စံုတစ္ထည္ကို ဝတ္ဆင္ၾကျပီး မိန္းမေတြက (kira) လို႔ေခၚ
တဲ့ ေျခမ်က္စိ ထိဖံုးတဲ့ ဝတ္စံု၃ထည္ကို ဝတ္ဆင္ၾကတယ္။ ဘူတန္က ကေလးလူၾကီးမက်န္၊
ကုန္သည္၊ ေက်ာင္းသား၊ လက္လုပ္လက္စားေတြကို အင္တာဗ်ဴးၾကည့္တဲ့အခါ သူတို႔ဆီက တူညီတဲ့ စကားတစ္ခြန္းကို ၾကားခဲ့ရတယ္။ အဲဒီစကားက “ကြ်န္ေတာ္တို႔ ေက်နပ္တယ္၊ ေရာင့္ရဲတင့္တိမ္တယ္” ဆိုတဲ့
စကားပဲျဖစ္တယ္။
.
႐ိုးရာဝတ္စံုႏွင့္ ဘူတန္ဘုရင္ Jigme Singye Wangchuck ဆင္းရဲတဲ့တိုင္းျပည္ကို အေပ်ာ္ရႊင္ဆံုးတိုင္းျပည္အျဖင့္ တည္ေထာင္ႏိုင္ခဲ့သူကေတာ့ ဘူတန္ဘုရင္ Jigme Singye Wangchuck ပဲျဖစ္ပါတယ္။ Jigme Singye ဟာ ခမည္းေတာ္ ေသဆံုးျပီးတဲ့ေနာက္ ၁၇ႏွစ္အရြယ္နဲ႔ ဘုရင္ျဖစ္လာခဲ့ျပီး ကမာၻ႔အသက္အငယ္ဆံုး ဘုရင္ျဖစ္ခဲ့တယ္။

ဘုရင္ Jigme ဟာ အေမ့ရင္ခြင္မွာ ေပ်ာ္ပိုက္တဲ့အရြယ္ ရွစ္ႏွစ္သားမွာပဲ အိႏိၵယကို ပညာသင္ဖို႔ ေရာက္ခဲ့
တယ္။ (၁ဝ) ႏွစ္သားမွာ အဂၤလန္ႏိုင္ငံကို ေရာက္ရွိျပီး ၁၄ႏွစ္မွာ ေအာက္စဖို႔ တကၠသိုလ္ကို တက္ေရာက္ခဲ့တယ္။ ဒီတိုင္းျပည္မွာ စစ္တပ္မေမြးဘူး။ ဒီတိုင္းျပည္မွာ လက္နက္အားမကိုးဘူး။ ဒီတိုင္းျပည္မွာ လူတန္းစားမေရြး ျပည္သူတိုင္း အခမဲ့ေက်ာင္းတက္ခြင့္၊ ေဆးကုသခြင့္ရွိတယ္။ ဘူတန္မွာ ေက်ာင္းေနသူေတြက
တစ္တိုင္းျပည္လံုးမွာ ၉၇% ရွိျပီး ႏိုင္ငံျခားထြက္ ပညာသင္ေတြထဲမွာ ၉၉%ဟာ ဘြဲ႔ရျပီးေနာက္ တိုင္းျပည္ကို ျပန္လာၾကသူေတြျဖစ္တယ္။ ဘူတန္က တစ္တုိင္းျပည္လံုး ေဆးလိပ္မေသာက္ရလို႔ တားျမစ္ထားတဲ့
တိုင္းျပည္ျဖစ္တယ္။ တစ္တိုင္းျပည္လံုးရဲ႕ ေဆးလိပ္ေသာက္ႏႈန္းဟာ ၁% ပဲရွိခဲ့တယ္။ ပလပ္စတစ္အိတ္
ဝင္ခြင့္ကိုလည္း ပိတ္ပင္ထားတဲ့ ႏိုင္ငံျဖစ္တယ္။ ဘူတန္ႏိုင္ငံ ပတ္ဝန္းက်င္မွာ ၇၂%က
 သစ္ေတာေတြျဖစ္ျပီး အာရွႏိုင္ငံမွာ ပထမဆံုးေသာ သစ္ေတာမျပဳန္းတီး ႏိုင္ငံျဖစ္တယ္။ ၂၆% ကို ျပည္သူေတြအပန္းေျဖတဲ့ ပန္းျခံအျဖင့္ ထားရွိတယ္။ ေရအားလွ်ပ္စစ္ကို အသံုးျပဳျပီး တစ္တိုင္းျပည္လံုး ၇၁% မီးအျပည့္အဝ ရရွိတဲ့ႏိုင္ငံျဖစ္တယ္။ သူတို႔ လူမ်ိဳးေတြကို နုိင္ငံၿခားသား အထူးသၿဖင့္ ဗုဒၶဘာသာ မဟုတ္
သူေတြနဲ႔ အိမ္ေထာင္ၿပဳခြင့္ မေပးပါဘူး။
.
ဘူတန္ ဘုရင္ဟာ ၂၀ဝ၈ ခုနွစ္ တုန္းကမွ သူ့သေဘာ နဲ့သူ သက္ဦး ဆံပိုင္ ဘုရင္ စနစ္ ကေန စည္းမ်ဉ္းခံ ဘုရင္ စနစ္ ကို ေျပာင္းလဲ ေပးခဲ့တာ ျဖစ္ပါတယ္။စည္းမ်ည္းခံ ဘုရင္စနစ္ျဖစ္ၿပီး ဘုရင္မွာ မိဖုရားတစ္ပါးသာ ရွိပါတယ္။..ပံုျပင္ဆန္ဆန္ အခ်စ္ဇတ္လမ္းေလးလည္း ရွိပါတယ္။ အဲဒါကေတာ့..
တစ္ေန႔ ၁၇ ႏွစ္အရြယ္ အိမ္ေရွ႕မင္းသားဟာ တိုင္းခန္းလွည့္လည္တဲ့အခါမွာ ၇ႏွစ္သမီးအရြယ္ မိန္းကေလးတစ္ေယာက္က သူ႔ကိုေခၚသြားဖို႔ ေျပာပါတယ္။
အဲဒီအခါ မင္းသားက- မင္းလဲ အရြယ္ေရာက္ အိမ္ေထာင္မရွိတဲ့အခါ ငါလဲ အိမ္ေထာင္ မျပဳရေသးရင္
လာေခၚမယ္လို႔ ကတိေပးခဲ့ပါတယ္...ေနာင္တစ္ခ်ိန္ မင္းသားက ၃၁ ႏွစ္ မိဖုရားက ၂၁ ႏွစ္အရြယ္မွာ
ကတိအတိုင္း လက္ထပ္ခဲ့ပါတယ္။ တဲ့...။

Hnin Nu Htwe

..........................

ပျော်ရွှင်ဖွယ်ရာ ဘူတန်နိုင်ငံနှင့် ဘူတန်ဘုရင်အကြောင်း

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် မဇ္စျိမဒေသ၏ သာသနာဖြန့်ကြက်ရာဒေသနှင့်အလှမ်းမကွာသော နေရာဒေသများတွင် ဘူတန်နိုင်ငံလည်း အပါအဝင်ဖြစ်သည်။ အသောကမင်းကြီးလက်ထက်
သာသနာပြုရဟန်းတောများ စေလွှတ်ခဲ့ရာ ဒေသတစ်ခုလည်းဖြစ်ခဲ့ပါသည်။
ဘူတန်နိုင်ငံသို့ ဗုဒ္ဓအမွေအနှစ်များ စတင်ရောက်ရှိခဲ့ရာ ကာလမှာ အသောကမင်းမှ စတင်ခဲ့သည်ဟု ဆိုသော်လည်း ဘူတန်နိုင်ငံ ဗုဒ္ဓဘာသာ အေဒီ ရ ရာစုမှ စတင်ခဲ့သညဟု ဆိုသည်။
.
ဘူတန်နိုင်ငံတွင် တိဗက်တန်ဘုရင် ဆောင်ဆန်ဂမ်ပိုက ပါရိုတောင်တန်းဒေသရှိ ကြိချူအရပ်၌ ဗုဒ္ဓဘုရားကျောင်းများ စတင်တည်ဆောက်ခဲ့သည် အေဒီ ရ ရာစုကဟုဆိုလိုသည်။
ယခုပါကစ္စတန်နိုင်ငံ အနောက်မြောက်ဒေသတွင်ရှိသည့် ဆွတ်တောင်ကြားဒေသတွင် လှည့်လည်သွားလာခဲ့သော သူတော်စင် ပတ်ဒမာဆမ်ဘာဘသည် အေဒီ ၈ ရာစုတွင် ဘူတန်နိုင်ငံကို မဟာယာန
ဗုဒ္ဓဘာသာ အယူဝါဒသင်ကြားခြင်းကို ယူဆောင်လာခဲ့သူ ဂရုရင်ပိုချီအဖြစ် ထင်ရှားကျော်ကြားလာခဲ့သည်။ ဗုဒ္ဓဟောကြားတော်မူသော မဂ္ဂင်း(၈)ပါးကို ရင်ပိုချီက သရုပ်သကန် မှန်ကန်စွာ တင်ပြဟောကြားနိုင်ခဲ့
သည်။ ထို့နောက် ဗုဒ္ဓအယူဝါဒသည် ဘူတန်နိုင်ငံတွင် ဆက်လက်ထွန်းကား ပြန်ပွားခဲ့သည်။
ဘူတန်နိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှု အနုပညာ ရှင်သန်ထွန်းကားခဲ့သော်လည်း ငလျင်ဒဏ်များနှင့် မီးဘေးသင့်ခြင်းများကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ ဘူတန်လက်ရေးမှတ်တမ်းနှင့် သမိုင်းဝင်မှတ်တမ်းများ
ဆုံးရှုံးခဲ့ရသည်မှာ ၀မ်းနည်းကြေကွဲဖွယ်ပင်ဖြစ်သည်။

သာသနာနှစ် ၂၂၁၄ ခန့်တွင် တိဗက်လူမျိုးများသည် ဘူတန်ပြည်ကို အောင်နိုင်သဖြင့် တိဗက်လားမား ဗုဒ္ဓဘာသာ သာသနာထွန်းကားလာခဲ့သည်။ ဘူတန်ပြည်၌ တိုင်းပြည်အုပ်ချုပ်သူကို ဓမ္မရာဇာ၊ ဟုခေါ်၍ သာသနာပိုင်ကို ဒေဝရာဇဟုုခေါ်သည်။
.
ဆင်းရဲပေမယ့် ပျော်ရွှင်တဲ့ တိုင်းပြည်ကို ပြပါဆိုရင် တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံကြား ဟိမဝန္တာ တောင်ခြေအောက်က Himalayan Shangri-La လို့ တင်စားတဲ့ တိုင်းပြည် ဘူတန်ကို ပြရပါလိမ့်မယ်။ ဘူတန်နိုင်ငံ
သည် အိန္ဒိယ နှင့် တရုတ်တို့က ဝန်းရံထားပြီး ဟိမဝန္တာတောင်ခြေအတွင်း တည်ရှိနေသော နိုင်ငံလေးဖြစ်သည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားမှုအတွက် ထင်ရှားသော နိုင်ငံလဲဖြစ်သည်။
နိုင်ငံတွင် သာသနာ့အလံများ တလူလူလွင့်နေသည်ကိုတွေ့ နေမြင်နေကျလိုဖြစ်ပြီး ဗုဒ္ဓဘာ သာယဉ်ကျေးမှု ကို ထိန်းသိမ်းကာကွယ်ခြင်းမှာ ဘူတန်နိုင်ငံ၏အတုမရှိသော အဓိကမဏ္ဍိုင်လည်း ဖြစ်သည်။
.
နိုင်ငံ၏အလုံးစုံအမျိုး သား ပျော်ရွှင်ချမ်းမြေ့မှုသည် အတုမရှိသော ဖွံ့ဖြိုးတိုးတက်မှု ပုံစံဖြစ်ပြီး ယင်းသည်
 နိုင်ငံ၏စီး ပွားရေးဖြစ်ထွန်းမှုနှင့်အတူ ရုပ် ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာချမ်းသာ သုခဟန်ချက်ညီရေးကို
ရည်ရွယ် ခြင်းလည်းဖြစ်သည်။
.
ဘူတန်နိုင်ငံတွင် သံဃာ့ အဖွဲ့အစည်း၏ အရှိန်အဝါကျ ဆင်းခဲ့သည်မှာ လွန်ခဲ့သည့်ငါး နှစ်ခန့်က ဒီမိုကရေစီ အစပျိုးချိန် ကပင် ဖြစ်သည်ဟုဆိုသည်။ ဘူတန်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင်တို့အား ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ခွင့်ပြုထားခဲ့ပြီး ဘုန်းကြီးများမှာပင် ဇိမ်ခံကားများရှိနေသည်ဟု သင်ဖုမြို့ရှိ စိတ်ရော ဂါကုဆရာဝန် ဒမ်ဘာ
 ကေနီရိုလာ က ပြောသည်။ အမျိုးသား ၃၀%လောက်ဟာ ဘုန်းကြီးတွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှုပဲရှိခဲ့ပါတယ်။ အဲ့ဒီ အမှုကလည်း ဘုန်းကြီးကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိခြင်း
ပင်ဖြစ်သည်။
.
ဘူတန်ဟာ World Map of Happiness ကမ္ဘာ့ပျော်ရွှင်ခြင်းမြေပုံမှာ ပဥ္စမနေရာကို ယူခဲ့တယ်။ ဘူတန်နိုင်ငံရဲ့ နယ်နိမိတ် အကျယ်အဝန်းဟာ ၄သောင်း ရထောင် ကီလိုမီတာ ပတ်လည်ပဲရှိတယ်။ လူဦးရေပေါင်း ၆သိန်း ရသောင်းကျော် ရှိပြီး ဘူတန်လူမျိုး (၅ဝ%)၊ နီပေါလ်လူမျိုး (၃၅%)နဲ့ ကျန်လူမျိုး (၁၅%) ဖြစ်ကြတယ်။ (၇၅%) က ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး (၂၅%)က ဟိန္ဒူဘာသာတွေဖြစ်တယ်။
.
၁၉ဝ၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ တိုင်းပြည်ဖြစ်ပြီး မြို့တော်က Thimphu ဖြစ်တယ်။ ဘူတန်နိုင်ငံ
ရဲ့ မြို့ကြီးမြို့ငယ် လမ်းအသွယ်သွယ်မှာ တောင်းရမ်းသူမရှိဘူး။ လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင်မရှိဘူး။ ဆေးသမားတွေ မရှိဘူး။ တောင်ကြီးတောင်ငယ် အလျှိုလျှိုနဲ့ ဝိုင်းရံထားတဲ့ နိုင်ငံမှာ ခမ်းနားတဲ့
အဆောက်အအုံတွေကို မမြင်နိုင်သလို စုတ်ပြတ်ပြီး မိုးမလုံ လေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူး။
 မြို့တော် Thimphu မှာ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်တဲ့ အင်တာနက်ဆိုင်ပေါင်း များစွာရှိတယ်။
.
ဘူတန်က ယောက်ျားမိန်းမအားလုံး ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ကြတယ်။ ယောက်ျားတွေက (gol) လို့ခေါ်တဲ့ ဒူးထိရှည်လျှားတဲ့ စကပ်သဏ္ဍာန် ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ကြပြီး မိန်းမတွေက (kira) လို့ခေါ်
တဲ့ ခြေမျက်စိ ထိဖုံးတဲ့ ဝတ်စုံ၃ထည်ကို ဝတ်ဆင်ကြတယ်။ ဘူတန်က ကလေးလူကြီးမကျန်၊
ကုန်သည်၊ ကျောင်းသား၊ လက်လုပ်လက်စားတွေကို အင်တာဗျူးကြည့်တဲ့အခါ သူတို့ဆီက တူညီတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရတယ်။ အဲဒီစကားက “ကျွန်တော်တို့ ကျေနပ်တယ်၊ ရောင့်ရဲတင့်တိမ်တယ်” ဆိုတဲ့
စကားပဲဖြစ်တယ်။
.
ရိုးရာဝတ်စုံနှင့် ဘူတန်ဘုရင် Jigme Singye Wangchuck ဆင်းရဲတဲ့တိုင်းပြည်ကို အပျော်ရွှင်ဆုံးတိုင်းပြည်အဖြင့် တည်ထောင်နိုင်ခဲ့သူကတော့ ဘူတန်ဘုရင် Jigme Singye Wangchuck ပဲဖြစ်ပါတယ်။ Jigme Singye ဟာ ခမည်းတော် သေဆုံးပြီးတဲ့နောက် ၁၇နှစ်အရွယ်နဲ့ ဘုရင်ဖြစ်လာခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘုရင်ဖြစ်ခဲ့တယ်။

ဘုရင် Jigme ဟာ အမေ့ရင်ခွင်မှာ ပျော်ပိုက်တဲ့အရွယ် ရှစ်နှစ်သားမှာပဲ အိန္ဒိယကို ပညာသင်ဖို့ ရောက်ခဲ့
တယ်။ (၁ဝ) နှစ်သားမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီး ၁၄နှစ်မှာ အောက်စဖို့ တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။ ဒီတိုင်းပြည်မှာ စစ်တပ်မမွေးဘူး။ ဒီတိုင်းပြည်မှာ လက်နက်အားမကိုးဘူး။ ဒီတိုင်းပြည်မှာ လူတန်းစားမရွေး ပြည်သူတိုင်း အခမဲ့ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်ရှိတယ်။ ဘူတန်မှာ ကျောင်းနေသူတွေက
တစ်တိုင်းပြည်လုံးမှာ ၉၇% ရှိပြီး နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉%ဟာ ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြသူတွေဖြစ်တယ်။ ဘူတန်က တစ်တိုင်းပြည်လုံး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့
တိုင်းပြည်ဖြစ်တယ်။ တစ်တိုင်းပြည်လုံးရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၁% ပဲရှိခဲ့တယ်။ ပလပ်စတစ်အိတ်
ဝင်ခွင့်ကိုလည်း ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တယ်။ ဘူတန်နိုင်ငံ ပတ်ဝန်းကျင်မှာ ရ၂%က
 သစ်တောတွေဖြစ်ပြီး အာရှနိုင်ငံမှာ ပထမဆုံးသော သစ်တောမပြုန်းတီး နိုင်ငံဖြစ်တယ်။ ၂၆% ကို ပြည်သူတွေအပန်းဖြေတဲ့ ပန်းခြံအဖြင့် ထားရှိတယ်။ ရေအားလျှပ်စစ်ကို အသုံးပြုပြီး တစ်တိုင်းပြည်လုံး ရ၁% မီးအပြည့်အဝ ရရှိတဲ့နိုင်ငံဖြစ်တယ်။ သူတို့ လူမျိုးတွေကို နိုင်ငံခြားသား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်
သူတွေနဲ့ အိမ်ထောင်ပြုခွင့် မပေးပါဘူး။
.
ဘူတန် ဘုရင်ဟာ ၂၀ဝ၈ ခုနှစ် တုန်းကမှ သူ့သဘော နဲ့သူ သက်ဦး ဆံပိုင် ဘုရင် စနစ် ကနေ စည်းမျဉ်းခံ ဘုရင် စနစ် ကို ပြောင်းလဲ ပေးခဲ့တာ ဖြစ်ပါတယ်။စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရားတစ်ပါးသာ ရှိပါတယ်။..ပုံပြင်ဆန်ဆန် အချစ်ဇတ်လမ်းလေးလည်း ရှိပါတယ်။ အဲဒါကတော့..
တစ်နေ့ ၁၇ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ တိုင်းခန်းလှည့်လည်တဲ့အခါမှာ ရနှစ်သမီးအရွယ် မိန်းကလေးတစ်ယောက်က သူ့ကိုခေါ်သွားဖို့ ပြောပါတယ်။
အဲဒီအခါ မင်းသားက- မင်းလဲ အရွယ်ရောက် အိမ်ထောင်မရှိတဲ့အခါ ငါလဲ အိမ်ထောင် မပြုရသေးရင်
လာခေါ်မယ်လို့ ကတိပေးခဲ့ပါတယ်...နောင်တစ်ချိန် မင်းသားက ၃၁ နှစ် မိဖုရားက ၂၁ နှစ်အရွယ်မှာ
ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။ တဲ့...။

Hnin Nu Htwe
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment