ဖီဂ်ီတြင္ အပူပိုင္း ဆိုက္ကလုန္းမုန္တိုင္း ဝင္စတန္ တိုက္ခတ္မႈေၾကာင့္ အနည္းဆံုး လူ ၅ ဦး ေသဆံုး

ဆိုက္ကလုန္းမုန္တိုင္း ဝင္စတန္ တိုက္ခတ္ၿပီးေနာက္ ပ်က္စီးမႈမ်ားအား ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
    စူဗား၊ ေဖေဖာ္ဝါရီ ၂၁ ရက္ (ဆင္ဟြာ)

    ဖီဂ်ီႏိုင္ငံတြင္းသို႔ ညတြင္းခ်င္း ဝင္ေရာက္ခဲ႔သည့္ အပူပိုင္း ဆိုက္ကလုန္းမုန္တိုင္း ဝင္စတန္ (Winston) ေၾကာင့္ ေသဆံုးသူ အနည္းဆံုး ၅ ဦးရွိခဲ႔ေၾကာင္း ဝန္ႀကီးခ်ဳပ္ ေဗာ္ရက္ ဘိန္နီမာရာမာ (Voreqe Bainimarama) က ေဖေဖာ္ဝါရီလ ၂၁ ရက္က အတည္ျပဳေျပာၾကားခဲ႔သည္။

မုန္တိုင္း အမ်ိဳးအစား အဆင့္ ၅ (အျမင့္ဆံုး) သတ္မွတ္ထားသည့္ မုန္တိုင္း ဝင္စတန္သည္ ပစိဖိတ္ကၽြန္းႏိုင္ငံ၏ အဓိကကၽြန္း Viti Levu ႏွင့္ ေျမာက္ဘက္ရွိ Vanua Levu အၾကားသို႔ တစ္နာရီလၽွင္ ေလတိုက္ႏႈန္း ၃၂၀ ကီလို မီတာ ေက်ာ္ တိုက္ခတ္ခဲ႔ကာ ေနအိမ္ ေခါင္မိုးမ်ား လန္ျခင္း၊ သစ္ပင္မ်ား အျမစ္မွ ကၽြတ္ထြက္ျခင္းႏွင့္ ဆက္ သြယ္ေရးႏွင့္ လွ်ပ္စစ္မီးမ်ားလည္း ျပတ္ေတာက္ခဲ႔သည္။

ႏိုင္ငံ၏ သဘာဝေဘးဒဏ္သင့္ကာလကို ရက္ေပါင္း ၃၀ သတ္မွတ္ထားေၾကာင္း အစိုးရက ေၾကညာထားသလို တစ္ႏိုင္ငံလံုးအား ေဖေဖာ္ဝါရီလ ၂၁ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၅း၃၀ နာရီအထိ သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရ အမိန္႔ ထုတ္ျပန္ထားသည္။ ႏိုင္ငံအတြင္းရွိ စာသင္ ေက်ာင္းမ်ားအား ရက္သတၱပတ္ တစ္ပတ္ ခန္႔ ပိတ္ထားမည္ ျဖစ္သည္။

ျပည္သူလူထုအတြက္ ကယ္ဆယ္ေရး စခန္းမ်ားကို ႏိုင္ငံအႏွံ႕ ဖြင့္ထားသလို ေဘးအႏၱရာယ္ ကယ္ဆယ္ေရး အဖြဲ႕ကလည္း ပံုမွန္ အေနအထား ျပန္လည္ေရာက္ရွိေအာင္ ႀကိဳးစား လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။
အာဏာပို္င္မ်ားမွလည္း ပ်က္ဆီးဆံုးရံႈးမႈ ပမာဏအား တြက္ခ်က္ေနဆဲ ျဖစ္သည္။

ဖီဂ်ီႏိုင္ငံအတြင္းရွိ တရုတ္ႏိုင္ငံသားမ်ားမွာ ထိခိုက္မႈစာရင္း မရွိေသးေၾကာင္း ဖီဂ်ီႏိုင္ငံဆိုင္ရာ တရုတ္သံရံုးက ဆင္ဟြာသို႔ ေျပာသည္။ ထို႔ျပင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားလည္း ေပးအပ္မည့္ အစီအစဥ္ တစ္ခု တရုတ္ႏို္င္ငံ စီးပြားကူးသန္းဝန္ႀကီး႒ာနက ညႊန္ၾကားထားသည္။

ဆိုက္ကလုန္း မုန္တိုင္းဒဏ္ ခံခဲ႔ရသည့္ ဖီဂ်ီကို ကူညီရန္ နယူးဇီလန္ႏိုင္ငံမွ Orion P3 ပင္လယ္ေရေၾကာင္း ကင္းလွည့္ေလယာဥ္ တစ္စင္း အပါအဝင္ ကနဦး အေထာက္အပ့ံမ်ား ေရာက္ရွိလာၿပီ ျဖစ္ေၾကာင္း နယူးဇီလန္ ႏိုင္ငံျခားေရး ဝန္ႀကီး မူေရး မက္ကာလီက ေဖေဖာ္ဝါရီလ ၂၁ ရက္က ေျပာသည္။

ဖီဂ်ီအစိုးရ၏ အေရးေပၚေတာင္းဆိုခ်က္အား အလ်င္အျမန္ တံု႔ျပန္ေသာအားျဖင့္ အဆင့္ျမင့္ ေကာ္မရွင္မွတဆင့္ နယူးဇီလန္ေဒၚလာ ၅၀,၀၀၀ (အေမရိကန္ ေဒၚလာ ၃၃,၁၆၇) ေထာက္ပံ့မည္ ျဖစ္ေၾကာင္း နယူးဇီလန္အစိုးရ က ေၾကညာလိုက္သည္။

ထို႔ျပင္ ကနဦး ကယ္ဆယ္ေရး အကူအညီအျဖစ္ နယူးဇီလန္ ေဒၚလာ ၁၇၀,၀၀၀ (အေမရိကန္ေဒၚလာ ၁၁၂,၇၆၇) အထိ ေပးအပ္ရန္ နယူးဇီလန္ အစိုးရက ခြင့္ျပဳထားၿပီး ျဖစ္သလို ဖီဂ်ီရွိ အစိုးရမဟုတ္ေသာ မိတ္ဖက္ အဖြဲ႕မ်ားျဖစ္ေသာ Rotary ႏွင့္ ယူနီဆက္တို႔ႏွင့္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
................
 ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် တိုက်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    စူဗား၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

    ဖီဂျီနိုင်ငံတွင်းသို့ ညတွင်းချင်း ဝင်ရောက်ခဲ့သည့် အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် (Winston) ကြောင့် သေဆုံးသူ အနည်းဆုံး ၅ ဦးရှိခဲ့ကြောင်း ဝန်ကြီးချုပ် ဗော်ရက် ဘိန်နီမာရာမာ (Voreqe Bainimarama) က ဖေဖော်ဝါရီလ ၂၁ ရက်က အတည်ပြုပြောကြားခဲ့သည်။

မုန်တိုင်း အမျိုးအစား အဆင့် ၅ (အမြင့်ဆုံး) သတ်မှတ်ထားသည့် မုန်တိုင်း ဝင်စတန်သည် ပစိဖိတ်ကျွန်းနိုင်ငံ၏ အဓိကကျွန်း Viti Levu နှင့် မြောက်ဘက်ရှိ Vanua Levu အကြားသို့ တစ်နာရီလျှင် လေတိုက်နှုန်း ၃၂၀ ကီလို မီတာ ကျော် တိုက်ခတ်ခဲ့ကာ နေအိမ် ခေါင်မိုးများ လန်ခြင်း၊ သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ခြင်းနှင့် ဆက် သွယ်ရေးနှင့် လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့သည်။

နိုင်ငံ၏ သဘာဝဘေးဒဏ်သင့်ကာလကို ရက်ပေါင်း ၃၀ သတ်မှတ်ထားကြောင်း အစိုးရက ကြေညာထားသလို တစ်နိုင်ငံလုံးအား ဖေဖော်ဝါရီလ ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၅း၃၀ နာရီအထိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားသည်။ နိုင်ငံအတွင်းရှိ စာသင် ကျောင်းများအား ရက်သတ္တပတ် တစ်ပတ် ခန့် ပိတ်ထားမည် ဖြစ်သည်။

ပြည်သူလူထုအတွက် ကယ်ဆယ်ရေး စခန်းများကို နိုင်ငံအနှံ့ ဖွင့်ထားသလို ဘေးအန္တရာယ် ကယ်ဆယ်ရေး အဖွဲ့ကလည်း ပုံမှန် အနေအထား ပြန်လည်ရောက်ရှိအောင် ကြိုးစား လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အာဏာပို်င်များမှလည်း ပျက်ဆီးဆုံးရှုံးမှု ပမာဏအား တွက်ချက်နေဆဲ ဖြစ်သည်။

ဖီဂျီနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများမှာ ထိခိုက်မှုစာရင်း မရှိသေးကြောင်း ဖီဂျီနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆင်ဟွာသို့ ပြောသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း ပေးအပ်မည့် အစီအစဉ် တစ်ခု တရုတ်နို်င်ငံ စီးပွားကူးသန်းဝန်ကြီးဋ္ဌာနက ညွှန်ကြားထားသည်။

ဆိုက်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဖီဂျီကို ကူညီရန် နယူးဇီလန်နိုင်ငံမှ Orion P3 ပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ် တစ်စင်း အပါအဝင် ကနဦး အထောက်အပ့ံများ ရောက်ရှိလာပြီ ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး မူရေး မက်ကာလီက ဖေဖော်ဝါရီလ ၂၁ ရက်က ပြောသည်။

ဖီဂျီအစိုးရ၏ အရေးပေါ်တောင်းဆိုချက်အား အလျင်အမြန် တုံ့ပြန်သောအားဖြင့် အဆင့်မြင့် ကော်မရှင်မှတဆင့် နယူးဇီလန်ဒေါ်လာ ၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၃၃,၁၆၇) ထောက်ပံ့မည် ဖြစ်ကြောင်း နယူးဇီလန်အစိုးရ က ကြေညာလိုက်သည်။

ထို့ပြင် ကနဦး ကယ်ဆယ်ရေး အကူအညီအဖြစ် နယူးဇီလန် ဒေါ်လာ ၁၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁၂,၇၆၇) အထိ ပေးအပ်ရန် နယူးဇီလန် အစိုးရက ခွင့်ပြုထားပြီး ဖြစ်သလို ဖီဂျီရှိ အစိုးရမဟုတ်သော မိတ်ဖက် အဖွဲ့များဖြစ်သော Rotary နှင့် ယူနီဆက်တို့နှင့် လုပ်ဆောင်နေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment